Mobile, Review

Sony Xperia Z2 Tablet Review

Apple iPad Air က ဒီဇိုင်းလှပပြီးပါးလွှာပေမယ့် ရေစိုခံနိုင်ခြင်းမရှိပါဘူး။ ၁၀.၁ လက်မအရွယ် Sony Xperia Z2 Tablet က ရေစိုခံနိုင်ပါတယ်။ Sony Xperia Z Tablet ရဲ့ မျိုးဆက်ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ 2.3GHz Quad-Core Snapdragon 801 Processor ကို အသုံးပြုထားပါတယ်။ နောက်ဆုံး ထုတ် Android KitKat ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ တက်ဘလက် ရဲ့ အထူ က ၆.၄ မီလီမီတာ သာ ရှိပါတယ်။

Xperia Z2 Tablet ( 16GB Storage) ကို ဗြိတိန် မှာ စတာလင်ပေါင် ၃၉၉ နဲ့ ရောင်းချပေးနေပြီး ဥရောပ မှာ ယူရို ၄၉၉ ဖြင့် ရောင်းချပေးနေပါတယ်။ iPad Air (16GB Storage) ကို စတာလင်ပေါင် ၃၉၉ ဖြင့်ရောင်းချပေးနေတဲ့အတွက် ဈေးနှုန်း တူညီပါတယ်။ ဒါပေမယ့် Xperia Z2 Tablet မှာ 4G LTE အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက် Built-in ပါရှိပါတယ်။ iPad Air မှာ 4G LTE အသုံးပြုနိုင်တဲ့ မော်ဒယ် ကို လိုချင်ရင် စတာလင်ပေါင် တစ်ရာ ထပ်ပေးရမှာ ဖြစ်ပါတယ်။

Desing and Build Quality
Xperia Z2 Tablet ကို ပထမဆုံး ကိုင်ကြည့်တဲ့အခါမှာ အလွန်ပါးလွှာ တာ ကို တွေ့ရပါတယ်။ ၆.၄ မီလီမီတာ အထူသာရှိပြီး သူ့အရင်မျိုးဆက်ထက် ၀.၅ မီလီမီတာ ပိုမိုပါးလွှာပါတယ်။ အလေးချိန် မှာ ၄၂၆ ဂရမ် သာ ရှိပါတယ်။ Apple iPad က ၇.၅ မီလီမီတာ အထူရှိပြီး ၄၆၉ ဂရမ် အလေးချိန် ရှိတဲ့အတွက် ပိုမိုထူပြီး ပိုမိုလေးတာ တွေ့ရပါတယ်။ ဒါပေမယ့် iPad Air ရဲ့ သတ္တုကိုယ်ထည် က Z2 ထက် ပိုမိုမာကျောပါတယ်။

Z2 ဟာ ဒီဇိုင်းပိုင်းမှာ သူ့အရင် မျိုးဆက် နဲ့ တူညီတာတွေ့ရပါတယ်။ အရှေ့ဘက်မှာ ခလုတ် တွေ တပ်ဆင်ထားခြင်းမရှိဘဲ Home, Back, Menu ခလုတ်တွေကို On-Screen Button အနေနဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ အနောက်ဘက် ကို ပလတ်စတစ် ကိုယ်ထည် နဲ့ ဖုံးအုပ်ထားပါတယ်။ အရှေ့ဘက် မျက်နှာပြင် ရဲ့ ဘေးပတ်လည် ကဘောင်တွေက ကြီးမားပြီး ၂၂ မီလီမီတာ ရှိတာ က ကြည့်ရဆိုးပါတယ်။ အဲဒီဘေးဘောင်တွေကြောင့် Z2 ဟာ ဈေးပေါပြီး စွမ်းဆောင်ရည်နိမ့် တက်ဘလက် ပုံစံပေါက်နေပါတယ်။ ဘေးဘောင်တွေ ကြီးမားတဲ့အတွက် မျက်နှာပြင် က သေးငယ်သလို ထင်ရပါတယ်။

သူ့အရင် မျိုးဆက်လိုပဲ Z2 ဟာရေစိုခံနိုင်ပါတယ်။ ရေစိုခံနိုင်တဲ့အတွက် မီးဖိုချောင် ထဲမှာ ဟင်းချက်ရင်း အသုံးပြုနိုင်ပါတယ်။ ဖျော်ရည် ၊ ကော်ဖီ တွေ တက်ဘလက် အပေါ် ကို ဖိတ်ကျမှာလည်း စိုးရိမ်စရာ မလိုပါဘူး။ ရေချိုးခန်းထဲ ကို ယူဆောင် အသုံးပြုရင်တောင် အဆင်ပြေစေပါတယ်။ တက်ဘလက် ကို ရေဆေးကြောလို့ရပါသေးတယ်။ MicroSD Card အပါအ၀င် Ports တွေကို ရေမစိုအောင် ရာဘာ အဖုံးတွေ နဲ့ ကာကွယ်ထားနိုင်ပါတယ်။

တက်ဘလက် ရဲ့ ထိပ်ပိုင်းမှာ Infrared Blaster ပါရှိပြီး တီဗီတွေ ကို ထိန်းချုပ်တဲ့ Remote Control အဖြစ် အသုံးပြုနိုင်ပါတယ်။ Remote App ကို Setup လုပ်ရတာလည်း လွယ်ကူပါတယ်။ တီဗီ ထုတ်လုပ်သူ ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။ Toshiba TV နဲ့ Setup လုပ်ကြည့်တာ တစ်မိနစ်သာ ကြာမြင့်ပြီး TV Remote Control မှာ ပါတဲ့ စွမ်းဆောင်ချက် အားလုံး နီးပါး ကို အသုံးပြုနိုင်ပါတယ်။

မျက်နှာပြင်
၁၀.၁ လက်မမျက်နှာပြင် ဟာ Full HD (1920×1200 Pixel ) Resolution ရှိပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆ ၂၂၄ ရှိပါတယ်။ HD Video တွေကို ကြည့်နိုင်ပါတယ်။ Z2 ရဲ့ မျက်နှာပြင် ဟာ Apple iPad Air ရဲ့ 2048×1536 Pixel Resolution (264ppi) ကို မယှဉ်နိုင်ပါဘူး။ တက်ဘလက် နှစ်ခု ကို ဘေးချင်းယှဉ် ကြည့်ရင် သိပ်ပြီးကွာခြားမှု မရှိပါဘူး။

Z2 ရဲ့ မျက်နာပြင် ဟာ အလွန်ကြည်လင်ပြတ်သားပါတယ်။ စာသား ၊ အိုင်ကွန်အားလုံး ကို ကြည်လင်စွာမြင်ရသလို Web Page တွေကို လည်း ပြတ်သားစွာ မြင်ရပါတယ်။ High Definition Photo တွေကို ကြည့်ရတာလည်း အလွန်ကောင်းမွန်ပါတယ်။

Sony က သူ့ရဲ့ တီဗီများမှာ အသုံးပြုတဲ့ Triluminous Display နည်းပညာ ကို တက်ဘလက် မှာ အသုံးပြုထားတယ်လို့ ပြောပါတယ်။ တောက်ပပြီး အရောင်စိုပြေတဲ့နည်းပညာဖြစ်ပါတယ်။

Software and Processor
Z2 မှာ နောက်ဆုံးထုတ် Android 4.4.2 KitKat ကို အသုံးပြုထားပါတယ်။ Homescreen ငါးခုပါရှိပြီး Sony ရဲ့ Music , Movie ၀န်ဆောင်မှုတွေ ပါရှိပါတယ်။ App Tray ရဲ့ ဘယ်ဘက်မှာ Tool တစ်ခုရှိပြီး App Icon တွေကို အလွယ်တကူ နေရာပြောင်းရွှေ့နိုင်ပါတယ်။

2.3GHz Quad-Core Qualcomm Snapdragon 801 Processor ကို အသုံးပြုထားပြီး 3GB RAM ပါရှိပါတယ်။ Homescreen တွေပြောင်းတာ၊ Menu ဖွင့်တာ၊ Notification Bar ကို ဆွဲချကြည့်တာ တွေ လုပ်တဲ့အခါမှာ အလွန်လျှင်မြန်ပြီး နှေးကွေးလေးလံတာ ကို မတွေ့ရပါဘူး။ ဂိမ်းတွေ ကစားကြည့်တဲ့အခါမှာလည်း အလွန်ကောင်းမွန်ပါတယ်။

ဘက်ထရီ
Z2 တက်ဘလက် ရဲ့ ဘက်ထရီ သက်တမ်း က ကောင်းတယ်လို့ ပြောလို့ရသလို မကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။ ဗီဒီယို စမ်းသပ်ကြည့်ရှုတဲ့အခါမှာ iPad Air လိုပဲ ၁၃ နာရီ နဲ့ ၂၀ မိနစ် အသုံးခံပါတယ်။ ဒါပေမယ့် ဂိမ်းကစားတဲ့အခါမှာ Processor က လိုအပ်တာထက် ပိုမို မောင်းနှင်တဲ့အတွက် ဘက်ထရီ အကုန်မြန်တာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဘက်ထရီ ကို အားပြန်သွင်းတဲ့အခါမှာလည်း အချိန် အလွန်ကြာတာတွေ့ရပါတယ်။

ကင်မရာ
Z2 ရဲ့ အနောက်ဘက်မှာ အဓိက ကင်မရာ အနေနဲ့ 8 Megapixel Camera ကို တပ်ဆင်ထားပါတယ်။ အများစုက တက်ဘလက်တွေနဲ့ ဓာတ်ပုံ ရိုက်လေ့ မရှိတာကြောင့် တက်ဘလက်တွေမှာ ကင်မရာ ကောင်းကောင်းတပ်ဆင်ထားလေ့မရှိပါဘူး။ Z2 မှာတော့ ကောင်းမွန်တဲ့ 8 Megapixel Camera ကို တပ်ဆင်ပေးထားတာ က ထူးခြားပါတယ်။ ဓာတ်ပုံ ရိုက်ကြည့်တဲ့အခါမှာ သင့်တင့် ကောင်းမွန်ပါတယ်။

အနှစ်ချုပ်
Sony Xperia Z2 Tablet ဟာ သူ့အရင် မျိုးဆက် ထက် ထူးခြားစွာ အဆင့်မြှင့်တင်ထားခြင်းတော့ မရှိပါဘူး။ ပိုမိုပါးလွှာလာတာ က ကိုယ်တွယ်အသုံးပြုရ အဆင်ပြေလာပါတယ်။ ရေစိုခံနိုင်တဲ့ စွမ်းဆောင်ရည် ဟာ တက်ဘလက် တော်တော်များများမှာ မပါရှိတဲ့အတွက် ထူးခြားပါတယ်။ Quad-Core Processor နဲ့ KitKat က တက်ဘလက် ကို အလွန်ကောင်းမွန်စွာ မောင်းနှင်နိုင်ပါတယ်။ ဘက်ထရီ သက်တမ်း က ကောင်းမွန်ပေမယ့် အချို့ အသုံးပြုမှုတွေမှာ လျှင်မြန်စွာ ကုန်ဆုံး တာ တွေ့ရပါတယ်။ အားပြန်သွင်းတဲ့အခါမှာလည်း အလွန်ကြာတာ တွေ့ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *