Mobile, News, Review

မကြာမီဈေးကွက်၀င်လာတော့မည့် Xperia Z Ultra

မျက်နှာပြင်အကျယ် ၅လက်မမှ ၆.၉လက်မအထိ ရှိတဲ့ device တွေကို phablet လို့ခေါ်ပါတယ်။ Smart Phone အနေနဲ့ရော၊ Tablet တစ်ခုအနေနဲ့ပါ အသုံးပြုနိုင်တာဖြစ်တဲ့အတွက် Phablet လို့ခေါ်ေဝါ်သုံးနှုန်းခြင်း ဖြစ်ပါတယ်။ ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီ Sony ကတော့ ၎င်းတို့ရဲ့ Smart ဖုန်းအသစ်တစ်မျိုးကို အဆိုပါ Phablet ပုံစံနဲ့ ထုတ်လုပ်လိုက်ပြီပဲ ဖြစ်ပါတယ်။ ရှေ့ကထွက်ရှိခဲ့တဲ့ Sony Xperia Z ထက်ပိုပြီး အကြမ်းခံကာ ပိုမိုကောင်းမွန်တဲ့ Function တွေပါ၀င်လာရုံမက လူကြိုက်များဦးမယ့် “Phablet” တစ်ခုပဲဖြစ်ပါတယ်။

မျက်နှာပြင်အကျယ် 6.4 inches, Resolution 1920×1080 pixels Full HD နဲ့ pixel density 342 ရှိပြီး Triluminos နည်းပညာကို အသုံးပြုထားတဲ့အတွက် Display ပိုင်းမှာတော့ ထိပ်တန်းပဲဖြစ်ပါတယ်။ ဖုန်းရဲ့အထူဟာ 6.5 မီလီမီတာသာ ရှိပြီးတော့ Processor ကို Qualcomm Snapdragon 800 Processor 2.2 GHz အသုံးပြုထားတဲ့အတွက် Smart Phone လောကမှာတော့ ဆရာတစ်ပါးပဲဖြစ်ပါတယ်။ ကင်မရာက 8MP, Autofocus, Touch-focus, Geo-tagging, Sweep Panorama, Image Stablization, Face Detection တို့နဲ့ Video တွေကို HD အရည်အသွေးရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ 2MP, 1080p@30fps နဲ့ OS ကိုတော့ Jelly Bean အသုံးပြုထားပါတယ်။

Battery မှာ 3050 mAh ရှိပြီးတော့ ဖုန်းရဲ့ Browser ဟာလည်း html5 language တွေကိုပါ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Bluetooth 4.0 နဲ့ USB သာမက micro-USB လည်းပါ၀င်တာကိုတွေ့ရပါတယ်။ Internal Memory 16GB, 2GB RAM နဲ့ microSD card ကို 64GB အထိ အသုံးပြုနိုင်ပါတယ်။ အသံပိုင်းဆိုင်ရာမှာ 3.5 mm jack port နဲ့ Dust & Water Proof ပဲဖြစ်ပါတယ်။ ရေအောက် တစ်မီတာအနက်မှာ မိနစ်သုံးဆယ်ကြာထားပြီးတော့ အသုံးပြုနိုင်ပါသေးတယ်။ ဖုန်းရဲ့ အလေးချိန်ဟာ 212 gram သာရှိပြီးတော့ အသစ်ထွက် ဖုန်းတွေရဲ့ ထုံးစံအတိုင်း micro-SIM card ကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။
မြန်မာပြည်မှာတော့ TMW Enterprise မှ ဖြန့်ချိမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့တော့ လက်ရှိမှာ ၆၇၉၀၀၀ ကျပ်သတ်မှတ်ထားပြီး လာမယ့် တပ်မတော်ခန်းမ ICT Show မှာ ပထမဆုံး၀ယ်ယူသူ အယောက် ၅၀ ကို 20% Discount ပေးသွားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Ref : www.gsmarena.com/sony_xperia_z_ultra-5540.php

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *