Sony ရဲ့ စတုတ္ထမျိုးဆက်ဖြစ်တဲ့ PS4 တွေကို Amazon ရဲ့ ကုန်လှောင်ရုံထဲမှာ ရိုက်ကူးထားတဲ့ ပုံ အွန်လိုင်းမှာပျံ့ နှံ့ လာတဲ့အတွက် Sony က PS4 တွေကိုမကြာမီမှာရောင်းချတော့မယ်ဆိုတာသေချာနေပါပြီ။ Amazon မှာ အလုပ်လုပ်နေတဲ့သူလို့ ယူဆရတဲ့ Reddit အသုံးပြုသူ Mr Goose ရဲ့ ဓါတ်ပုံအရ Amazon မှာရောက်ရှိနေတဲ့ ဂိမ်းစက်တွေဟာ ကြိုတင်မှာယူထားသူတွေရဲ့ ဂိမ်းစက်တွေဖြစ်နိုင်ပါတယ်။ US နဲ့ UK က Amazon ကုန်လှောင်ရုံတွေမှာ ရောက်ရှိနေတဲ့ ဂိမ်းစက်တွေအားလုံးဟာ စက်တင်ဘာလ ကတည်းက ကြိုတင်မှာယူထားတဲ့ စက်တွေဖြစ်မယ်လို့ယူဆရပါတယ်။
အခုရရှိထားတဲ့ ဓါတ်ပုံဟာလည်း US က Amazon ကုန်လှောင်ရုံက ဓါတ်ပုံလို့ ယူဆပါတယ်။ ဂိမ်းစက်ကို နို၀င်ဘာလ (၁၅) ရက်နေ့မှာ US မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ UK နဲ့ ဥရောပ နိုင်ငံတစ်ချို့ကတော့ နို၀င်ဘာလ(၂၉) ရက်နေ့အထိစောင့်ရမှာပါ။ PS4 ရဲ့ အဓိကပြိုင်ဖက်ဖြစ်တဲ့ Xbox One ဟာလည်း ဒီရက်သတ္တပတ် အတွင်းမှာပဲရောင်းချမှာဖြစ်ပါတယ်။
PlayStation 4 ကို UK မှာ ယူရို ၃၄၉ ၊ ဥရောပ မှာ ယူရို ၃၉၉၊ အမေရိကန်မှာ ဒေါ်လာ ၃၉၉ သတ်မှတ်ထားပါတယ်။
Sony က PS4 ကိုရောင်းချတော့မည်

08
Nov