News

PS4 ဈေးနှုန်းကို ဒေါ်လာ ၃၅၀ သို့ လျော့ချ

Sony ဟာ ၎င်းတို့ရဲ့ နောက်ဆုံးထွက် ဂိမ်းစက်ဖြစ်တဲ့ PlayStation 4 ကို အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၄၀ဝ ကနေ ဒေါ်လာ ၃၅၀ သို့ လျှော့ချပေးလိုက်ပြီး Uncharted: The Nathan Drake Collection (သို့) Battlefront ဂိမ်းခွေကိုပါ လက်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

ဈေးနှုန်းလျှော့ချမှုကို အောက်တိုဘာ ၉ ရက်မှ စတင်ပြုလုပ်မှာဖြစ်ပြီး ဒီလိုလုပ်လိုက်ခြင်းအားဖြင့် PS4 ရဲ့ ဈေးနှုန်းဟာ ပြိုင်ဘက် Xbox One ရဲ့ ဈေးနှုန်းနဲံ တန်းတူဖြစ်သွားမှာ ဖြစ်ပါတယ်။

Sony ကနေ PS 4 ရဲ့ ဈေးနှုန်းကို စက်တင်ဘာလအတွင်းကလည်း ဂျပန်မှာ လျှော့ချခဲ့ပါတယ်။ ဗြိတိန်၊ ဥရောပနဲ့ သြစတြေးလျအတွက်တော့ ထုတ်ပြန်ကြေညာစရာမရှိသေးဘူးလို့ Sony ကဆိုပါတယ်။

Sony ရဲ့ PS 4 နဲ့ Microsoft ရဲ့ Xbox One တို့ဟာ နိုဝင်ဘာ ၂၀၁၃ ခုနှစ်မှာ အသီးသီးထွက်ရှိခဲ့ကြပြီး ဈေးကွက်ပြိုင်ဆိုင်မှုက ထိုစဉ်ကတည်းကရှိနေခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *