News

Facebook မှ Like button အပြင် အခြား button သစ်များ ထည့်သွင်းတော့မည်

လွန်ခဲ့တဲ့လတွေက Facebook အနေနဲ့ Post တွေ၊ ဓါတ်ပုံတွေ၊ Comment တွေအောက်မှာ “Like” button အပြင် အခြား button တွေလည်း ထည့်သွင်းသွားမယ်လို့ ကုမ္ပဏီတည်ထောင်သူ Mark Zuckerberg ကိုယ်တိုင်က ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကတော့ Facebook အနေနဲ့ “Dislike”button ထည့်သွင်းသွားနိုင်တယ်လို့ လူအများက ခန့်မှန်းခဲ့ကြပါတယ်။

ယနေ့ အောက်တိုဘာ ၉ ရက်မှာတော့ Facebook ကနေပြီး လက်မထောင်နေတဲ့ “Like” button အပြင် အခြား ခံစားမှုပြ button တွေဖြစ်တဲ့ “Love”၊ “Laugh”၊ “Happy”၊ “Shock”၊ “Sad”နဲ့ “Anger” ဆိုတဲ့ Emoji နဲ့ button လေးတွေကို ထည့်သွင်းသွားပါတယ်။

ဒါတွေအားလုံးကို Reactions လို့အမည်ပေးထားပြီး လက်ရှိအချိန်မှာတော့ Facebook အသုံးပြုသူတိုင်းရနိုင်မှာ မဟုတ်သေးဘဲ အိုက်ယာလန်နဲ့ စပိန်နိုင်ငံတွေမှာသာ ရရှိဦးမယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *