News

၂၀၁၆ ခုနှစ်က BlackBerry စမတ်ဖုန်းများအတွက် အဆုံးအဖြတ် ကာလ ဖြစ်လာလိမ့်မည်ဟု CEO ပြော

BlackBerry ရဲ့ စမတ်ဖုန်းလုပ်ငန်းကို အဆုံးအဖြတ်ပေးမယ့်ကာလဟာ ၂၀၁၆ ခုနှစ်ဖြစ်လိမ့်မယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် John Chen က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၈ ရက်က ကျင်းပတဲ့ Code Mobile ပွဲမှာ BlackBerry စမတ်ဖုန်းလုပ်ငန်းအနေနဲ့ လာမယ့်နှစ်မှာ အမြတ်ရဖို့လိုတယ်လို့ Chen ကဆိုပြီး “အကယ်လို့ အမြတ်မရဘူးဆိုရင်တော့ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားရပါတော့မယ်”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

Chen ရဲ့ မှတ်ချက်တွေအရ BlackBerry ရဲ့ စမတ်ဖုန်းလုပ်ငန်းဟာ အလှည့်အပြောင်းတစ်ခုဖြစ်လို့ အရေးတကြီးလိုအပ်နေပြီး အကယ်၍ အမြတ်မရရှိခဲ့ဘူးဆိုရင်တော့ BlackBerry စမတ်ဖုန်းတွေရဲ့ လုပ်ငန်းက အဆုံးသတ်သွားမှာ သေချာသလောက်ဖြစ်နေပါတယ်။

BlackBerry စမတ်ဖုန်းလုပ်ငန်းက ယခင်လက စမတ်ဖုန်းရောင်းအားများ ကျဆင်းခဲ့ပြီး စတုတ္ထနှစ်ပတ်လည်မှာ အလုံးရေး ၈ သိန်းခန့်သာ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီချိန်မှာတော့ စမတ်ဖုန်းလုပ်ငန်းကို စိတ်ပျက်မိတယ်လို့ Chen က မှတ်ချက်ပြုခဲ့ပါတယ်။

ထိုကဲ့သို့ ရောင်းအားများကျဆင်းခဲ့တာကို အဖတ်ဆယ်နိုင်ဖို့အတွက် အောက်တိုဘာလအတွင်းမှာတော့ BlackBerry အနေနဲ့ Android အသုံးပြု BlackBerry စမတ်ဖုန်းထုတ်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

The Priv လို့ အမည်ရမယ့် ယင်းစမတ်ဖုန်းက privilege နဲ့ privacy ဆိုတဲ့ စကားလုံးနှစ်လုံးကို ပေါင်းစပ်အဓိပ္ပါယ်ယူထားတာဖြစ်ပြီး touch screen နဲ့ slide keyboard ပါဝင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *