Featured, Mobile, News, Review

ဒေါ်လာ သုံးသောင်းတန် Apple စမတ်နာရီ

ဒေါ်လာ သုံးသောင်းတန် Apple စမတ်နာရီ

Appleက သူ့ရဲ့ စမတ်နာရီကို အနိမ့်ဆုံးဈေး ဒေါ်လာ ၃၄၉ ကနေ အမြင့်ဆုံးဈေးအဖြစ် ရွှေအမျိုးအစားကို ဒေါ်လာ ငါးထောင်နဲ့ ရောင်းချပေးနေပါတယ်။ ဒီလောက်နဲ့ အားမရသေးရင်တော့ Mervis Diamond Importersရဲ့ စိန်တွေနဲ့ စီခြယ်ထားတဲ့ ဒေါ်လာ သုံးသောင်းတန် Apple Watchကို ၀ယ်ယူနိုင်ပါတယ်။ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ၂၀၁၅ ခုနှစ် နှစ်လယ်မှာ ပို့ဆောင်ပေးမှာပါ။

စိန်စီထားတဲ့ Apple Watchမှာ ၁၈ ကာရက် ရွှေနဲ့အတူ Rowရှစ်ခုမှာ အရည်အသွေးမြင့် စိန်တွေကို ၁၅ ကာရက်အထိ ထည့်သွင်းထားပါတယ်။ Mervisက တန်ဖိုးကြီး နာရီကို သူ့ရဲ့ Facebook Pageမှာ ပြသထားပါတယ်။

Mervisက Appleထုတ်ကုန်ကို စိတ်၀င်စားအောင်လုပ်တာ ဒါပထမဆုံး အကြိမ်မဟုတ်ပါဘူး။ ၂၀၁၀မှာ Mervisက iPadကို ဒေါ်လာ နှစ်သောင်းတန် တက်ဘလက်အဖြစ် ပြုလုပ်ခဲ့ပါသေးတယ်။

အများစုကတော့ ဒေါ်လာသုံးသောင်းတန် စမတ်နာရီကို ငြင်းဆန်ကြပါလိမ့်မယ်။ ဒါပေမယ့် ရွှေနဲ့ ပြုလုပ်ထားတဲ့ ဒေါ်လာ လေးသိန်းတန် စက်ဘီးနဲ့ အလွန်ရှားပြီး တန်ဖိုးကြီးတဲ့ ပန်းရောင်စိန်ပွင့်ကြီး ထည့်သွင်းထားတဲ့ ဒေါ်လာ ၄၈.၅ သန်းတန် iPhone 6တို့နဲ့ နှိုင်းယှဉ်ရင်တော့ Mervisရဲ့ Apple Watchဟာ ဈေးနှုန်းသင့်တယ်လို့ ပြောရမှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *