News, Review

Razer ကတော့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်မယ့် Project Hazel concept ဒီဇိုင်းအခြေခံတဲ့ N95 Mask တွေကို ထုတ်လုပ်လိုက်ပါပြီ။

Gaming Accessories တွေ ထုတ်လုပ်တဲ့ Razer ကတော့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်မယ့် Project Hazel concept ဒီဇိုင်းအခြေခံတဲ့ N95 Mask တွေကို ထုတ်လုပ်လိုက်ပါပြီ။

ဒီ mask တွေမှာ စမတ်လုပ်ဆောင်ချက်တွေ ပါဝင်လာမှာပါ။ Mask မှာ wireless charging အတွက် သီးခြား case နဲ့ UV ပိုးသတ်မှု အပြင် လေအဝင်အထွက်စနစ်နဲ့ အလိုအလျောက် ပိုးသတ်စနစ်တွေ ပါဝင်လာပါတယ်။ Mask ထဲမှာ pod တွေမှာ အစားထိုးလို့ရတဲ့ filter နဲ့ အားသွင်းလို့ရတဲ့ လေသန့်စင်စနစ်တို့ ပါဝင်လာဦးမှာပါ။
Razer ဟာ Mask မှာ lighting ထည့်သွင်းထားပြီး pod ပေါ်က LED မီးရောင်က အားသွင်းထားတဲ့ အခြေအနေကို ပြသပေးမှာပါ။ ဒါ့အပြင် အလင်းအားနည်းချိန်မှာ မြင်နိုင်အောင် အတွင်းဘက်မှာလည်း Led မီး ထည့်ပေးထားပါသေးတယ်။ နှာခေါင်းစည်းက pod ကတော့ အသံကို ရှင်းလင်းစွာ ကြားနိုင်အောင် လုပ်ပေးမယ့် algorithm ထည့်သွင်းထားလို့ တကယ်ကို မိုက်တဲ့ Mask ပါပဲ။
ICT fan တို့လည်း ဒီလို mask မျိုး တပ်ဆင်ကြလား ဘယ်လိုသဘောရလဲ ပြောပေးသွားကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *