News

Singapore Management University ၏ Master of IT in Business ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ကျောင်း၀င်ခွင့်အတွက် ဝင်ခွင့်လျှေက်လွာများ ခေါ်ယူခြင်း

Singapore Management University ၏ Master of IT in Business (Financial Services) & Master of IT in Business (Analytics) ဘာသာရပ်၏ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလကျောင်းဎင်ခွင့် အတွက် ကျောင်းလျှောက်လွာများကို ခေါ်ယူနေပြီ ဖြစ်ကြောင်း RVi CENTRE YANGON မှ သိရှိရသည်။

ဘ႑ာရေးနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွင် အောင်မြင်သော နည်းပညာဆိုင်ရာ လုပ်ငန်း လည်ပတ်မှု အသက်မွေးဝမ်းကြောင်း ပညာရပ်ဖြင့်ရပ်တည်လိုသူများ၊ အချက်အလက်များ ခွဲခြမ်းစိတ်ဖြာခြင်း စသည့် ဘာသာရပ်များတွင် စိတ်ပါဎင်စားသူများ လှေျာက်ထားသင့်သည်။ ထိုဘာသာရပ်များသည် အချိန်ပြည့်သင်တန်း အနေဖြင့် (၁) နှစ်ကြာမြင့်မည်ဖြစ်ပြီး အချိန်ပိုင်းတက်ရောက်နိုင်သူများ အနေဖြင့် (၂)နှစ် ကြာမြင့်မည် ဖြစ်သည်။ တစ်နှစ်လှျင် ၂ ကြိမ် ကျောင်းဝင်ခွင့်လှေျာက်ထားနိုင်ပြီး ဇန်န၀ါရီလကျောင်း၀င်ခွင့်အတွက် အောက်တိုဘာလ ၃၁ ရက်နေ့နောက်ဆုံးထား၍လည်းကောင်း၊ သြဂုတ်လ ကျောင်း၀င်ခွင့်အတွက် မေလ ၃၁ ရက်နောက်ဆုံးထား၍ လည်းကောင်း လှေျာက်ထားနိုင်သည်။

မြန်မာနိုင်ငံသားများအနေဖြင့် ဘွဲ့တစ်ခုရရှိထားရန်လိုအပ်ပြီး ကျောင်းလှေျာက်ထားချိန်တွင် GMAT (Graduate Management Admission Test) ဖြေဆိုမည့်ရက်ကို တင်ပြရမည်ဖြစ်သည်။ လှေျာက်ထားသူ၏ အလုပ်ကိုင် အတွေ့အကြုံ၊ ပင်ကိုယ်သဘောထားခံယူချက်၊ ပညာအရည်အချင်းတို့အပေါ်တွင် မူတည်၍ စစ်ဆေးသွားမည်ဖြစ်ပြီး ထူးခြားချက်မှာ အခြားသော ကျောင်းများကဲ့သို့ ၀င်ခွင့်လှေျာက်လွာပိတ်ရက်အထိ စောင့်ဆိုင်းရန် မလိုအပ်ပဲ ကျောင်းစတင်လှေျာက်ထားသည့်ရက်မှ တစ်ပတ်အတွင်း အင်တာဗျူးကို Skype (သို့) Telephone ဖြင့် ဖြေဆိုရမည် ဖြစ်သည်။ ။ အင်တာဗျူး ဖြေဆိုအောင်မြင်သူများ အနေဖြင့် GMAT ကို သက်မှတ်ရက်အတွင်း တင်ပြရန် လိုအပ်ပေသည်။ GMAT ၏ အမှတ်အနည်းအများကို သတ်မှတ်ထားခြင်း မရှိပါ။ GMAT အစား GRE (Graduate Record E×aminations) အမှတ်ဖြင့်လည်း ထည့်သွင်းလှေျာက်ထားနိုင်သည်။

 

Master of IT in Business (Financial Services) အတွက် သင်ယူရမည့် ဘာသာရပ်နယ်ပယ်များမှာ –

  •   ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာနှင့် လုပ်ငန်းလည်ပတ်မှုနယ်ပယ်မှ အနည်းဆုံးဘာသာရပ် ၅ ခု (Banking Technology & Operations)
  •   သတင်းအချက်အလက်နှင့် နည်းပညာ နှင့် အစီအစဥ်ရေးဆွဲခြင်းများကို စီမံခန့်ခွဲခြင်း (Information Technology & Project Management)
  •   နည်းပညာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အထွေထွေစီမံခန့်ခွဲခြင်း နယ်ပယ်မှ အနည်းဆုံး ဘာသာ ရပ် ၄ ခု (General Management for Technology & Operations)
  •   စီမံကိန်း ရေးဆွဲခြင်း မှ ဘာသာရပ် ၂ ခု ( Capstone Project) စသည်ဖြင့် ဘာသာရပ်ပေါင်း ၁၃ခုကို လေ့လာသင်ယူရမည် ဖြစ်သည်။

Master of IT in Business (Analytics) အတွက် သင်ယူရမည့် ဘာသာရပ်နယ်ပယ်များမှာ

  •   နည်းပညာဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်းနှင့် အသုံးချ နည်းပညာ နယ်ပယ်မှ အနည်းဆုံးဘာသာရပ် ၅ ခု (Analytics Framework & Business Conte×t)
  •   သတင်းအချက်အလက်နှင့် နည်းပညာ စီမံခန့်ခွဲခြင်း (Information Technology Management)
  •   နည်းပညာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အထွေထွေစီမံခန့်ခွဲခြင်း နယ်ပယ်မှ အနည်းဆုံး ဘာသာ ရပ် ၄ ခု (General Management for Technology & Operations)
  •   စီမံကိန်း ရေးဆွဲခြင်း မှ ဘာသာရပ် ၂ ခု (Capstone Project) စသည်ဖြင့် ဘာသာရပ်ပေါင်း ၁၃ခုကို လေ့လာသင်ယူရ မည်ဖြစ်သည်။

ဘွဲ့လွန်သင်တန်းသား တစ်ယောက်အနေဖြင့် ဘာသာရပ် ၁၃ ခုကို အောင်မြင်ရမည်ဖြစ်သည်။ ဘာသာရပ် တခုချင်းစီတွင် သင်ခန်းစာပေါင်း ၁၂ ခုပါဎင်ပြီး တပတ်လှျင် ၂ ကြိမ်နှုန်းဖြင့် ရက်သတတပတ် ၇ ပတ်ကြာ တက်ရောက်ရမည်ဖြစ်သည်။ တချို့ဘာသာရပ်များကို ၁၅ပတ်ကြာ တက်ရောက်ရမည်ဖြစ်သည်။ သင်ခန်းစာ တစ်ခုစီတွင် စာသင်ခန်းတွင်း ၃နာရီ ကြာသင်ကြားရမည့်အပြင် စာသင်ခန်းပြင်ပ လေ့လာလှုပ်ရှားမှုများလည်း ပါ၀င်သည်။ ထို့အပြင် SMU ဘွဲ့လွန်ကျောင်းသားများအနေဖြင့် ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆိုင်သော ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လူမှုကွန်ယက် လှုပ်ရှားမှုများကို ပြီးဆုံးအောင်တက်ရောက်ရမည် ဖြစ်သည်။ အခြားသော SMU ဘွဲ့လွန်သင်တန်းသားများသည်လည်း ထိုလှုပ်ရှားမှုများမှ တဆင့် သူတို့၏ လူမှုကွန်ယက် အဆက်အသွယ်များကို ပိုမိုကျယ်ပြန့်စေခြင်းဖြင့် SMU ၏ ဘွဲ့လွန်သင်တန်းသား အတွေ့ အကြုံများ ရရှိစေနိုင်သည်။

Master of IT in Business သင်တန်းများကို အပြန်အလှန်ဆွေးနွေး ဖလှယ်သင်ကြားသည့် နည်းစနစ်ဖြင့် ၃နာရီကြာ ပို့ချသင်ကြားမည်ဖြစ်သည်။ သင်ခန်းစာများကို ဆွေးနွေးသင်ကြားမှုပုံစံ၊ လက်တွေ့စမ်းသပ်ပြုလုပ်မှုပုံစံ၊ ပြသနာဖြေရှင်းလေ့ကျင့်မှုပုံစံ နှင့် အုပ်စုလိုက်လှုပ်ရှားမှုပုံစံ စသည့် သင်ကြားမှုပုံစံအမျိုးမျိုးဖြင့် ပို့ချပေးပါသည်။ ထို့အပြင် MITB SAA မှ စီစဥ်မှုဖြင့် သင်တန်းသားများသည် သက်ဆိုင်ရာလုပ်ငန်းခွင် ကွျမ်းကျင်သူများနှင့် တွေ့ဆုံပြီး လုပ်ငန်းအတွေ့အကြုံများကို နှီးနှောဖလှယ်ပွဲများ မှတဆင့် လေ့လာနိုင်မည် ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက http://sis.smu.edu.sg တွင်လည်းကောင်း၊ RVi CENTRE YANGON ဖုန်း ဝ၁-၂၄၂၄၁ဝ၊ ဝ၁- ၂၅၂၅၃၈၊ ဝ၁- ၅၄၁၈၈၆ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *