စင်ကာပူနိုင်ငံနဲ့ ပတ်သက်တဲ့အကြောင်းအရာ မှန်သမျှ ဖတ်ရှုသိရှိနိုင် မယ့် ၀က်ဘ်ဆိုက်ပါ။ နိုင်ငံရဲ့ ရာသီဥတု အနေအထား၊ သုံးနှုန်းပြောဆို ကြတဲ့ ဘာသာစကား၊ အင်တာနက် အသုံးပြုသူ ရာခိုင်နှုန်း၊ အများပြည်သူ ရုံးပိတ်ရက်၊ အုပ်ချုပ်မှုစနစ်၊ လူမျိုးရာခိုင်နှုန်းစတဲ့ ဖော်ပြချက်တွေကို သိရှိမှာဖြစ်ပြီး စင်ကာပူနိုင်ငံ အနေနဲ့ နှစ်များစွာကြာကပင် နိုင်ငံတကာ အဆင့်မီဖို့ရာ ခြေလှမ်းကျဲကျဲ လျောက်လှမ်းခဲ့ရပြီး စီးပွားရေးနဲ့ လူနေမှု အဆင့်အတန်း ကဏ္႑တွေမှာ သိသာမြင်သာမှာ ဖြစ်ပါတယ်လို့ ၀က်ဘ်ဆိုက်က ဆိုပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေး၀န်ဆောင်မှုလုပ်ငန်း ကဏ္႑စုံကိုလည်း သိရှိနိုင်မှာဖြစ်ပြီး စင်ကာပူကို လာရောက်မယ့် သူတွေ အတွက် အလုပ်အကိုင်အကြောင်း၊ ပြည်တွင်းသတင်း၊
ဆွေးနွေးပွဲတွေ ဖော်ပြပေးထားတဲ့အပြင် ကျောင်းသား၊ တက်သစ်စလူငယ်၊ လုပ်ငန်းရှင်၊ ငွေရှင်ကဏ္႑အလိုက် ဖော်ပြချက်တွေကိုလည်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။
http://www.contactsingapore.org.sg