Education

Singapore နိုင်ငံရှိ SAA Global Education မှပေးအပ်မည့် ရာနှုန်းပြည့်ပညာသင်ဆု နှင့် ပညာသင်စရိတ်ထောက်ပံ့ကြေးတို့အကြောင်း Information Talk ကျင်းပပြုလုပ်မည်

တိုးတက်ပြောင်းလဲလာသော မြန်မာ့စီးပွားရေးလမ်းကြောင်းပြောင်းလဲမှုနှင့်အညီ မြန်မာကျောင်းသား/သူများ၏Business, Accounting, Finance နှင့် Marketing အစရှိသောဘာသာရပ်များအပေါ် စိတ်ဝင်စားမှုပိုမိုများပြားလာကြသည်။ ယင်းဘာသာရပ်များ၏ အလုပ်အကိုင်အခွင့့်အလမ်း (job opportunity) များပြားလာမှုနှင့် လစာနှုန်းထား မြင့်မားလာမှုကြောင့်လည်းဖြစ်သည်။

စင်္ကာပူနိုင်ငံရှိ SAA Global Educationသည်Singapore Private Education Institute (PEIs)၏ Singapore Quality Class(SQC)အဖြစ်အသိအမှတ်ပြုခြင်းခံရပြီးCouncil for Private Education (CPE)မှပေးအပ်သောEdu Trust Certificateကိုရရှိထားသောကျောင်းတစ်ကျောင်းဖြစ်သည်။ SAA Global Educationသည်Institute of Certified Public Accountantsof Singapore (ICPAS)၏Platinum အဆင့်ရရှိထားသော Accountancy Bodyတစ်ခုအဖြစ် Plymouth University (UK) နှင့် University of Londonတို့နှင့် ချိတ်ဆက်ထားပြီး Bachelor, Diplomaနှင့် Advance Diploma Programများဖွင့်လှစ်သင်ကြားလျှက်ရှိသည်။ တက်ရောက်သင်ကြားနိုင်သောဘာသာရပ်များမှာBusiness Administration, Accounting & Finance, Accounting & Law, Banking& Financeဘာသာရပ်များအပြင် CAT, ACCA, LCCIအစရှိသောProfessional Courseများကိုလည်းတက်ရောက်သင်ကြားနိုင်ပါသည်။

Plymouth University (UK) ၏ BA (Hons) Business Administration , BA (Hons) Accounting & Finance နှင့် University of London ၏ Diploma in Economic လျှောက်ထားသူများအနေဖြင့် ရာနှုန်းပြည့်ပညာသင်ဆု(100% scholarship) များကိုလည်း လျှောက်ထားနိုင်မည်ဖြစ်ပြီး Plymouth University ၏ Advanced Diploma လျှောက်ထားသူများအနေဖြင့် Study Grant S$ 2000 လျှောက်ထားနိုင်မည် ဖြစ်သည်။ SAA Global Education၏ Scholarship Program များနှင့်ပတ်သတ်သော Information Talk ကိုဖေဖော်ဝါရီလ (၂၅) ရက်၊နေ့လည် (၄) နာရီမှ (၅) နာရီအထိThe RVi Global Education Campusအမှတ် (၇၂)၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် ဝ၁ ၅၃၆၂၆၀၊ ဝ၁ ၂၃၀၅၉၉၈ နှင့် ဝ၉ ၈၅၀၃၀၇၃ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *