Archive, News

Series Plug-in Hybrid For Fisker Karma

ဟိုက်ဘရစ်ကား အမျိုးအစားများ နည်းပညာတွေ အဆင့်မြင့်မားလာတာနဲ့အမျှ ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို အတတ်နိုင်ဆုံးလျှာ့ချပြီး ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အသုံးချနိုင်စေဖို့ ကြိုးစားရာကနေ လျှပ်စစ်ကားတွေ၊ ဟိုက်ဘရစ်ကားတွေ ပေါ်ထွက်လာပါတယ်။ နောက်ပိုင်းထွက် ဟိုက်ဘရစ်ကားတွေက ဆီစားနှုန်းပိုမိုသက်သာတာကြောင့် လူကြိုက်များပြီး ကျွန်တော်တို့ ပြည်တွင်းလမ်းမတွေထက်မှာတောင် အများကြီးတွေ့နေရပါပြီ။ ဟိုက်ဘရစ်ကားအများစုမှာ ယေဘူယျအားဖြင့် ပုံမှန်ကားတွေထက် စွမ်းအားပိုငယ်တဲ့ အင်ဂျင်တစ်ခုနဲ့အတူ လျှပ်စစ်အင်ဂျင် (မော်တာ) တစ်လုံးပါဝင်လေ့ရှိပြီး ဒီအင်ဂျင်နှစ်ခုရဲ့ အလုပ်လုပ်ပုံ နဲ့ လျှပ်စစ်စွမ်းအား ပြန်လည်ဖြည့်တင်းမှုအပေါ် မူတည်လို့ ဟိုက်ဘရစ်ကားတွေကို အမျိုးအစားခွဲခြားနိုင်တယ်။ ဒီတစ်ပတ်မှာတော့ Motors.com.mm ရဲ့ ပရိသတ်ကြီးအတွက် ဟိုက်ဘရစ်ကားအမျိုးအစား ကွဲပြားပုံတွေကို တင်ဆက်ပေးမှာ ဖြစ် ပါတယ်။ ဓာတ်ဆီ-လျှပ်စစ် ဟိုက်ဘရစ်ကားတွေရဲ့ ပထမဆုံးတစ်မျိုးက ကားမောင်းနှင်နေစဉ်အတွင်း ဘက်ထရီကို အားပြန်ဖြည့်ပေးနိုင်သလို ဘရိတ်ဖမ်းလိုက်တဲ့အခါ လေလွင့်သွားမယ့် စွမ်းအင်တွေကို ဘက်ထရီဆီ ပေးပို့ အားဖြည့် ပေးနိုင်တယ်။

ဒီကားတွေကို Series Hybrid နဲ့ Parallel Hybrid ဆိုတဲ့ အမျိုးအစားနှစ်ခု ခွဲခြားနိုင်ပါတယ်။ Series Hybrid ကားတွေမှာမာင်းနှင်ရွေ့လျားမှုအတွက် လျှပ်စစ်အင်ဂျင်ကို အသုံးပြုပြီးလောင်စာအင်ဂျင်ကို ဘက်ထရီချာဂျင် သွင်းဖို့ပဲသုံးပါတယ်။ ယာဉ်မောင်းသူက ကားစက်နှိုးလိုက်တာနဲ့ ဘက်ထရီထဲမှာ သိုလှောင်ထားတဲ့ လျှပ်စစ်စွမ်းအင်က မော်တာတွေဆီရာက်သွားပြီး ကားကိုရွေ့လျားစေတယ်။ မိုင်ငါးဆယ် (သို့) ဒီ့ထက်ပိုတဲ့ ခရီးရှည်တွေမှာတော့ လောင်စာအင်ဂျင်က လည်ပတ်အလုပ်လုပ်ပြီး စွမ်းအင်ထောက်ပံ့ပေးပါတယ်။ Series Hybrid တွေမှာ အရွယ်အစားကြီးမားတဲ့ ဘက်ထရီတွေ တပ်ဆင်ပေးဖို့လိုတာကြောင့် Parallel Hybrid တွေထက်ဈေးပိုကြီးလေ့ရှိတယ်။ Fisker Karma က Series Plug-in Hybrid အမျိုးအစားတွေအတွက် ဥပမာကောင်းတစ်ခုပါ။

Leave a Reply

Your email address will not be published. Required fields are marked *