Archive, News

“Linux Foundation” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Open Source နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Linux Foundation သင်တန်းကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ICT ဆိုင်ရာနည်းပညာပိုင်းတွင် တွင်ကျယ်လာသော Open Source Technology နှင့်အတူ Server ပိုင်းများတွင် အသုံးများလာသော Linux Server နှင့် Administrator Level များသို့ တတ်လှမ်းနိုင်ရန်အတွက် အဓိကလိုအပ်သော Linux အခြေခံ နည်းပညာများ ကျွမ်းကျင်ပိုင်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းကိုတတ်ရောက်ခြင်းဖြင့် Linux ၏ အခြေခံသဘောသဘာဝ၊ အသုံးဝင်ပုံအနေအထား၊ Linux ၏ နည်းပညာ ရပ်များကို လေ့လာရမည်ဖြစ်ပြီး ဒီသင်တန်းပြီးဆုံးပါက Linux Server, Linux Administrator Level များကို အခြေခံပိုင်နိုင်စွာဖြင့် အခက်အခဲမရှိ လေ့လာသွားနိုင်မည်ဖြစ်ပါသည်။

သင်တန်းအား Linux ကိုစိတ်ဝင်စားပြီး အောက်ခြေမှစ၍ Step by Step လေ့လာလိုသူများ၊ Linux အားခက်ခဲသော နည်းပညာတစ်ခုလိုမြင်၍ Self Study လေ့လာရခက်ခဲနေသောသူများ၊ Linux Server ပိုင်း၊ Administrator ပိုင်းများလေ့လာလိုသောကြောင့် အခြေခံမှစ၍လိုအပ်နေသူများ တက်ရောက်သင့်ပါသည်။

သင်ကြားမည့် အကြောင်းအရာများ……..

  • Introduction & History
  • Installation
  • Terminal & Bash Shell
  • Basic Linux Command Line
  • Linux File System
  • Linux Permission
  • Basic User & Group
  • Linux Network Administration
  • RPM & YUM
  • Performance Checklist

သင်တန်းကာလ – ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့မှ (၂၁) ရက်အထိ (စနေ၊ တနင်္ဂနွေ)
သင်တန်းအချိန် – နေ့လည် ၁၂:ဝ၀ နာရီ မှ ၅:ဝ၀ နာရီအထိ
သင်တန်းကြေး – ၆၆,ဝ၀ဝိ/ (ခြောက်သောင်းခြောက်ထောင်ကျပ်) (သင်တန်းကြေး + စာအုပ်ကြေး)
MCPA Member (50%) – ၃၆,ဝ၀ဝ (သုံးသောင်းခြောက်ထောင်ကျပ်) (သင်တန်းကြေး + စာအုပ်ကြေး)
သင်တန်းသားဦးရေ – (၂၃) ဦး
သင်တန်းနေရာ – အဆောင် (၁၄)၊ (၃) လွှာ၊ MCPA LAB ROOM (၂), MICT Park၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့ ညနေ (၃) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

(မှတ်ချက်။ အတန်းတက်ချိန် ၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ။)

Leave a Reply

Your email address will not be published. Required fields are marked *