Archive, News

Series Parallel Hybrid For Honda Insight

Parallel Hybrid တွေမှာတော့လောင်စာအင်ဂျင်နဲ့ လျှပ်စစ်အင်ဂျင်နှစ်မျိုးစလုံးကို Drive Shaft နဲ့ ချိတ်ဆက်ပေးထားတာကြောင့်လောင်စာအင်ဂျင်တစ်ခုတည်းကဖြစ်စေ၊ လျှပ်စစ်အင်ဂျင် တစ်ခုတည်းကဖြစ်စေ၊ နှစ်မျိုးစလုံးနဲ့ဖြစ်စေ ယာဉ်ကိုရွေ့လျားမောင်းနှင်နိုင်စေတယ်။ လျှပ်စစ်အင်ဂျင် (မော်တာ) ကို ဂျင်နရေတာအဖြစ် အသုံးပြုပြီး ဘက်ထရီ (သို့) သိုလှောင်အားမြင့်တဲ့ လျှပ်သို (Capacitor) ကို အားဖြည့်ပေးပြီး ဘရိတ်အုပ်ရာမှာ ထွက်လာတဲ့ စွမ်းအင်တွေနဲ့လည်း ဘက်ထရီကို အားပြန်ဖြည့်နိုင်တယ်။ အင်ဂျင်တွေရဲ့ လည်ပတ်အားကို အထူးဒီဇိုင်းချ ဖန်တီးထားတဲ့ Mechanical Coupling ကတစ်ဆင့် ဘီးတွေဆီပေးပို့အလုပ်လုပ်ပါတယ်။ Parallel Hybrid တွေရဲ့ တည်ဆောက်ထားပုံစနစ်က ခရီးဝေးသွားဖို့လည်း အဆင်ပြေစေတာကြောင့် ကားပိုင်ရှင်အများစုက သဘောကျလက်ခံမှုကိုလည်း ရရှိထားတယ်။ လူသိ များတဲ့ Parallel Hybrid မော်ဒယ်လ်က Honda Insight ဖြစ်ပြီးနာက်ပိုင်းထွက် ကားတစ်ချို့ကိုလည်း Parallel Hybrid တွေအသွင်နဲ့ တွ့ရပါလိမ့်မယ်။ Parallel Hybrid တွေထဲမှာ Honda Insight က နာမည် ကျော်ပါတယ်။

ဟိုက်ဘရစ်ကားတွေကို Mild Hybrid နဲ့ Full Hybrid ဆိုပြီးအမျိုးအစား ထပ်ခွဲနိုင်ပါတယ်။ Mild Hybrid တွေမှာ ကားကိုအရှိန် လျှော့ချလိုက်တဲ့အခါ (သို့) ရပ်လိုက်တဲ့အခါ လောင်စာအင်ဂျင်ကို ရပ်ထားပြီးကားကို အရှိန်တင်တဲ့အခါ (သို့) ဂီယာမြင့်သွားတဲ့အခါ လျှပ်စစ်အင်ဂျင်က လည်ပတ်အလုပ်လုပ်တယ်။ ဒီအမျိုးအစားမှာ လျှပ်စစ်အင်ဂျင်က လောင်စာအင်ဂျင်အတွက် အကူသဘောမျိုးနဲ့သာ အလုပ်လုပ်ပေးပြီး ရုန်းအားပိုလိုအပ်ချိန် မျိုးတွေမှာ အထောက်အကူပေးပါတယ်။ Mild Hybrid တွေကဟိုက်ဘရစ်ကားတွေထဲမှာ ဈေးအနည်းဆုံးဖြစ်လေ့ရှိတယ်။ Full Hybridတွေမှာတော့ အင်ဂျင်နှစ်မျိုးက တစ်မျိုးစီဖြစ်စေ၊ နှစ်မျိုးတွဲလို့ဖြစ်စေ ယာဉ်ကို မောင်းနှင်ရွေ့လျားစေနိုင်တယ်။

လျှပ်စစ်စီးသန့်ကားအဆင့်အထိ မရောက်ခင်မှာ ဟိုက်ဘရစ်ကားတစ်မျိုး ရှိပါသေးတယ်။ Plug-in Hybrid Electric Vehicle (PHEV) ဖြစ်ပြီး ဒီကားတွေမှာ လျှပ်စစ်မော်တာအပြင် လောင်စာအင်ဂျင်တစ်လုံးပါဝင်ပေမယ့် လျှပ်စစ်ချည်းသီးသန့် အလုပ်လုပ်ပြီး ဘက်ထရီတွေထဲက စွမ်းအားကုန်ခမ်းသွားချိန်မှာ လောင်စာအင်ဂျင်က လည်ပတ်အလုပ်လုပ်ပါတယ်။ PHEV မှာလောင်စာအင်ဂျင်က ဘက်ထရီကိုအားပြန်မဖြည့်ပေးဘဲ အိမ်သုံးလျှပ်စစ်ပလပ် (သို့) အထူးစီမံဖန်တီးထားတဲ့ လျှပ်စစ်ပလပ်တို့ကိုသုံးပြီး ဘက်ထရီတွေကို ချာဂျင်ပြန်ဖြည့်ပေးဖို့လိုပါတယ်။ PHEV ထက်ကျော်သွားရင်တော့ လျှပ်စစ်သီးသန့် ယာဉ်တွေသာရှိတော့ပြီး ဒီကားတွေမှာတော့ လျှပ်စစ်မော်တာတွေသာ ပါဝင်ပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *