How-to

မိမိဖုန်းထဲမှ Fileများကို Zip ဖိုင် ပြောင်းပြီး Bluetoothမှတစ်ဆင့် ပို့မယ်ဆိုရင်…

zip

ဖုန်းတစ်လုံးနဲ့ တစ်လုံး Bluetooth ပို့တဲ့အခါ သီချင်းတွေပဲဖြစ်ဖြစ်၊ apkတွေပဲဖြစ်ဖြစ် တစ်ပုဒ်ချင်း၊ တစ်ခုချင်း ပို့တဲ့အခါ အဆင်ပြေပါတယ်။ ဒါပေမဲ့ သီချင်းဖိုင် တစ်ခုလုံး၊ သီချင်းခွေ တစ်ခုလုံးကို တစ်ခါထဲ ပို့လို့ မရပါဘူး။ အဲဒီလို တစ်ပုဒ်ချင်း၊ တစ်ခုချင်း ပို့ရင် အချိန်ကြာတတ်တဲ့အတွက် ပို့ချင်တဲ့ ဖိုင်တွေကို Zip ဖိုင် လုပ်ပြီး ပို့ရင် တစ်ခါ ပို့တာနဲ့ အကုန်လုံး ပို့လို့ ရပါတယ်။ တစ်ခုချင်းစီ Bluetooth ပို့ရတဲ့ အချိန်လည်း သက်သာစေပါတယ်။
Zip ဖိုင် လုပ်တယ်ဆိုတာ အရင်က ကွန်ပျူတာတွေမှာပဲ လုပ်လို့ ရတာပါ။ ကွန်ပျူတာမှာ လုပ်ထားတဲ့ Zip ဖိုင်တွေကိုလည်း ဖုန်းထဲမှာ ပို့လို့ ရပါတယ်။ အရင်ဆုံး Bluetooth ဖွင့်ထားလိုက်ပါ။ File Managerကို ၀င်ပြီး ပို့ချင်တဲ့ ဖိုင်ကို နှိပ်ထားလိုက်ပါ။

Menu တက်လာပြီးOpen, Copy, Delete, Compress စသဖြင့် တွေ့ရပါလိမ့်မယ်။ Compressကို နှိပ်လိုက်ရင် ကိုယ်ပို့ချင်တဲ့ ဖိုင်က Zip ဖိုင် ဖြစ်သွားပါလိမ့်မယ်။
ဒါဆို ပို့ချင်တဲ့ ဖုန်းကို Zip ဖိုင်နဲ့ တစ်ခါထဲ အပြီး ပို့လို့ ရသွားပါပြီ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *