Mobile, News

Xolo က SIM Card နှစ်ခုအသုံးပြုနိုင်မယ့် Q500 ဖုန်းကိုရောင်းပြီ

India စမတ်ဖုန်းထုတ်လုပ်တဲ့ Company ဖြစ်တဲ့ Xolo က ဈေးသက်သာပြီး SIM Card နှစ်ခု အသုံးပြုနိုင်မယ့် Q500 ဖုန်းကို စတင်မိတ်ဆက်လိုက်ပါတယ်။ လေးလက်မအရွယ်အစားရှိပြီး အရွယ်အစားအပြည့်အစုံမှာ 118.5x63x10.7mm ရှိပါတယ်။ WVGA Display တပ်ဆင်ထားပြီး တစ်လက်မ ကို 233Pixel သိပ်သည်းဆရှိမှာဖြစ်ပါတယ်။ Snapdragon MSM8225Q S4 Play Chipset တပ်ဆင်ထားပြီး 1.2GHz အမြန်နှုန်းနဲ့မောင်းနှင်လည်ပတ်မယ့် Cortex-A5 Cores လည်းပါရှိပါတယ်။ 1GB RAM, Adreno 203 GPU တို့တပ်ဆင်ထားပါတယ်။ Android 4.1 Jelly Bean ကို မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။
Connectivity ပိုင်းမှာ SIM Card နှစ်ခုအသုံးပြုနိုင်မှာဖြစ်ပြီး HSPA ကို Support ပေးတဲ့ 3G ကို အသုံးပြုနိုင်မှာဖြစ်လို့ Download Speed က 7.1Mbps အထိရရှိနိုင်ပြီး Upload Speed က 5.76Mbps အထိရရှိနိုင်ပါတယ်။ FM radio ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အနောက်ဖက်မှာ 5MP Camera ကို တပ်ဆင်ထားပြီး 720 p အရည်အသွေးရှိတဲ့ ဗီဒီယို တွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဖက်မှာတော့ VGA ကင်မရာ ကို တပ်ဆင်ထားပါတယ်။Hindi ဘာသာစကားကို English ဘာသာ စကားအဖြစ် ပြောင်းလဲပေးပြီး အသံထွက်ဖတ်ပြနိုင်တဲ့ ကင်မရာ ဆော့ဝဲပါရှိပါတယ်။ အဲဒီ Feature ကို X-TransPic လို့ခေါ်ပြီး အခြားသော Snapdragon တပ်ဆင်ထားတဲ့ Xolo Phones များမှာလည်း ပါရှိပါတယ်။ Q500 မှာ 4GB Storage ပါရှိပြီး 32GB အထိထပ်ဖြည့်နိုင်တဲ့ MicroSD Card Slot လည်းပါရှိပါတယ်။ 1400mAh Battery ကို တပ်ဆင်ထားပါတယ်။ Xolo Q500 ကို India ရူပီး ၇၉၉၉ (ဒေါ်လာ ၁၃၀) ဖြင့် India မှာရောင်းချပေးနေပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *