Firefox OS Smartphones များကို Serbia, Montenegro, Hungary , Greece အပါအ၀င် နိုင်ငံပေါင်း (၁၃) နိုင်ငံ မှာ စတင်ရောင်းချပေးလိုက်ပါပြီ။ မိုဘိုင်းဖုန်းလိုင်း ၀န်ဆောင်မှု Company ဖြစ်တဲ့ Telenor က Alcatel One Touch ဖုန်းများကို Serbia, Hungary, Montenegro နိုင်ငံများမှာ စတင်ရောင်းချပေးလိုက်ပြီဖြစ်ပြီး Firefox OS Phone များကို အာရှ တွင် ၂၀၁၄ ခုနှစ် မှာ ရောင်းချဖို့ စီစဉ်နေပါတယ်။ ရောင်းချမယ့် နိုင်ငံတွေကိုတော့ Telenor က ပြောကြားခြင်းမရှိပါဘူး။ Telenor ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ Deutsche Telekon ကလည်း Alcatel One Touch ဖုန်းများကို Hungary မှာ ရောင်းချပေးနေပါတယ်။
ပထမဆုံး Firefox OS Phone တွေကို Mexico, Peru, Uruguay, Brazil တို့မှာ ပြီးခဲ့တဲ့ လက စတင်ရောင်းချပေးခဲ့ပြီး US , UK နိုင်ငံတို့တွင်လည်း eBay Store ကနေ သြဂုတ်လ အတွင်းက ရောင်းချပေးခဲ့ပါတယ်။ Firefox OS Phone တွေကို Spain, Colombia, Venezuela, Poland , Germany နိုင်ငံတို့တွင်လည်း ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။