News

SCG သည်အာဆီယံဒေသတွင်း လုပ်ငန်းများ ဆက်လက် တိုးချဲ့သွားရန်စီစဉ်ထား

SCG သည်အာဆီယံဒေသတွင်း လုပ်ငန်းများ ဆက်လက် တိုးချဲ့သွားရန်စီစဉ်ထား

SCG သည် ဒုတိယသုံးလပတ်နှင့် ၂၀၁၅ခုနှစ်အတွက် လုပ်ငန်းလည်ပတ်မှု အစီရင်ခံစာကိုထုတ်ပြန်ခဲ့ရာ အခြားကဏ္ဍများတွင် အမြတ်အစွန်းရရှိမှုနှုန်း နှေးကွေးလာသော်လည်း ဓာတုဗေဒလုပ်ငန်းများ ကဏ္ဍတွင် တစ်ကမ္ဘာလုံးတွင် ဈေးကွက်ရရှိမှု အခြေအနေ တိုးတက်မြင့်မား လာသည်ဟုဖော်ပြထားသည်။ ထို့အပြင် SCG သည် စီစဉ်ထားသည့်အတိုင်း အာဆီယံဒေသအတွင်း ရင်းနှီးမြှပ်နှံမှုများကို တိုးချဲ့လုပ်ကိုင်သွားမည် ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ SCG ၏ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr. Kan Trakulhoon ကအပြီးသတ် မစီစစ်ရသေးသော လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စာရင်းဇယားများအရ ၂၀၁၅ ခုနှစ် ဒုတိယသုံးလပတ်အတွက် ထုတ်ကုန်ပစ္စည်းများ ရောင်းချရသည့် အသားတင်အမြတ်အစွန်း ပမာဏသည် မြန်မာကျပ်ငွေ ၃၅၉၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃,၄၂၁ သန်း)မျှရှိခဲ့ပြီး၊ နှစ်စဉ် အားဖြင့် ၉% မျှလျှော့နည်းလာခြင်းဖြစ်ကာ သုံးလပတ်ကာလများအလိုက် အရမူ ၄% မျှတိုးမြင့်လာသည်ဟု ရှင်းလင်းပြောကြားသွားပါသည်။

ဆက်လက်ရှင်းလင်းပြောကြားရာတွင် ထိုကာလအတွက် အမြတ်ငွေစုစုပေါင်းသည် မြန်မာငွေ ကျပ် ၄၃၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၁၇သန်း) မျှဖြစ်ကာ နှစ်စဉ်အားဖြင့် ၆၃% မျှတိုးတက်လာပြီး သုံးလပတ်ကာလများအလိုက်ဆိုလျှင် ၂၅% မျှ တိုးတက်နေပြီး ဓာတုဗေဒ ဆိုင်ရာပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းပစ္စည်းများနှင့် ရေနံစိမ်းတို့အတွက် ကုန်ကျစရိတ် လျှော့နည်းလာခြင်းကြောင့် ထိုကဏ္ဍတွင် တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ဈေးကွက်ရရှိမှု ပမာဏပိုမိုမြင့်မားလာခြင်းကြောင့်ဖြစ်ပါသည်။ ထိုင်းနိုင်ငံအတွင်းရှိ ဘိလပ်မြေဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်ရေးကဏ္ဍနှင့် ကုန်ပစ္စည်းထုတ်ပိုးမှု ကဏ္ဍများတွင် နှေးကွေးလာသော်လည်း ဒုတိယနှစ်ဝက် ကာလအတွင်းတွင် အဆိုပါကဏ္ဍများတွင် တိုးတက်မှုနှုန်း ပြန်လည်မြန်ဆန်လာရန် အခြေအနေများတွေ့ရှိရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

SCG ၏ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်အတွက် ကုန်ပစ္စည်းများရောင်းချရာမှရရှိသည့် အသားတင်အမြတ်ပမာဏဟည် မြန်မာငွေ ကျပ်၇,ဝ၃၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆,၇၆၉သန်း) မျှဖြစ်ကာ နှစ်စဉ် အားဖြင့် ၁၀% မျှလျှော့နည်းလာသည်။ ထို့အပြင် ကုန်ပစ္စည်းများ ရောင်းချရာမှရရှိသည့် အမြတ်ငေပွမာဏသည် ၂၀၁၅ခုနှစ် ပထမခြောက်လကာလအတွင်း မြန်မာကျပ် ငွေ၇၈၇ ဘီလီယံရှိခဲ့ပါသည်။ ထို့အတွက် နှစ်စဉ် တိုးတက်မှုနှုန်း ၄၈% မျှ ရှိပါသည် စသည်ဖြင့် ပြောကြားသွားခဲ့ပါသည်။ ထိုင်းနိုင်ငံမပါဝင်သော အာဆီယံဒေသအတွင်း SCG ၏ ၂၀၁၅ခုနှစ် ဒုတိယ သုံးလပတ်ကာလအတွက် အမြတ်ငွေ ပမာဏသည် မြန်မာကျပ်ငွေ ၃၄၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃၀ သန်း) မျှရှိ ပြီး ယခုပမာဏသည် ကုန်ပစ္စည်းများရောင်းချရငွေ စုစုပေါင်းမှရရှိသည့် အမြတ်ငေပွမာဏ၏ ၁၀% မျှရှိ ပါသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ၊ စာရင်းဇယားများအရ SCG ၏ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတန်ဖိုး စုစုပေါင်းသည် မြန်မာကျပ်ငွေ ၁၆,၅၈၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄,၈၃၀သန်း) ရှိနေပြီး အာဆီယံဒေသအတွင်း (ထိုင်းနိုင်ငံမပါ) ရှိ မရွှေ့ပြောင်းနိုင်သော ပစ္စည်းစုစုပေါင်းတန်ဖိုးသည် မြန်မာကျပ်ငွေ ၃,၁၇၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂,၈၄၁သန်း) ရှိနေကာ မရွှေ့ပြောင်းနိုင် သောပစ္စည်းစုစုပေါင်းတန်ဖိုး၏ ၁၉% ရှိပါသည်။ လက်ရှိတွင် SCG သည် မြန်မာနိုင်ငံတွင် တိုးတက်လာနေသော လိုအပ်ချက်ကိုဖြည့်ဆည်းပေးရန်အတွက် ဘိလပ်မြေထုတ်လုပ်ခြင်းနှင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းများကို အာရုံစိုက်နေပါသည်။

မော်လမြိုင်မြို့တွင် တည်ဆောက်နေသော ဘိလပ်မြေစက်ရုံသည် ရည်မှန်းချက်ထားသည့်အတိုင်း အစီအစဉ်တကျရှိ နေပြီး ၂၀၁၆ ခုနှစ်အတွင်း စတင်လည်ပတ် ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ လက်ရှိတွင်စက်ရုံ၏ ၄၀% တည်ဆောက်မှု ပြီးစီးနေပြီ ဖြစ်ပါသည်။ ဆက်လက်ပြီး Mr. Kan က “အာဆီယံ ဈေးကွက်အတွက် SCG က ၂၀၁၅ ခုနှစ် ဒုတိယသုံးလပတ်ကာလအတွင်း ဘိလပ်မြေလိုအပ်ချက်တွေ ဆက်လက်တိုးမြင့် လာတာကိုတွေ့ရပြီး အထူးသဖြင့်မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံတွေမှာလိုအပ်ချက်နှစ်စဉ် ၁၉% နှင့် ၁၂% အသီးသီး တိုးမြင့်နေပါတယ်။ SCG ရဲ့အရည်အသွေးမြင့်မားသော ဘိလပ်မြေကြောင့်ဝယ်လိုအား အထူးများပြားပါတယ်။အာဆီယံနိုင်ငံတွေမှာ SCG ရဲ့ ရင်းနှီးမြှပ်နှံမှုကို စီမံချက်အတိုင်း ဆက်လက်ပြုလုပ်သွားဖို့ ရှိနေပါတယ်။ လက်ရှိမှာ ကမ္ဘောဒီးယားနိုင်ငံက ဘိလပ်မြေစက်ရုံတွင် ဒုတိယမြောက် ထုတ်လုပ်ရေးလိုင်းကို စတင်လည်ပတ်နေပြီဖြစ်ပြီး အင်ဒိုနီးရှားရှိ ဘိလပ်မြေစက်ရုံသည်လည်း နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်ရန် ရှိနေပါတယ်။ လာအိုနိုင်ငံရှိ စက်ရုံသည် ၂၀၁၇ ခုနှစ်တွင်ဆောက်လုပ် ပြီးစီးမည်ဖြစ်ပြီး ခန့်မှန်းထားတဲ့ အာဆီယံနိုင်ငံများရဲ့ တိုးမြင့်လာမည့် လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

SCG အကြောင်း

အာဆီယံထိပ်တန်းစီးပွားရေးလုပ်ငန်းကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သည့် SCG ကုမ္ပဏီကို SCG Cement- Building Materials၊ SCG Chemicals နှင့် SCG Paper ဟူသည့် အဓိကလုပ်ငန်းသုံးခုဖြင့် ဖွဲ့စည်းထားပါသည်။ လက်အောက်ခံကုမ္ပဏီ ၂၀ဝ ကျော်နှင့်ခန့်မှန်းခြေ ဝန်ထမ်းပေါင်း ၄၉,ဝ၀ဝ ကျော်ရှိသည့် SCG သည်သုံးစွဲသူများ၏ လက်ရှိနှင့် အနာဂတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် တီထွင်ဆန်းသစ်မှုရှိသော ထုတ်ကုန်များနှင့်ဝန်ဆောင် မှုများကို ဖန်တီးထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိပါသည်။ SCG အနေဖြင့် ဒေသတွင်းလုပ်ငန်းတိုးချဲ့မှုအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်လည်ပတ် လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်ပါသည်။
မြန်မာနိုင်တွင် ပထမဆုံးဘက်စုံဘိလပ်မြေစက်ရုံတစ်ခုတည်ဆောက်ရန်အတွက် SCG ကထိုင်းဘတ်ငွေ သန်းပေါင်း ၁၂,၄၀ဝ ကို ရင်းနှီးမြှပ်နှံသွားမည်ဖြစ်ပါသည်။ မော်လမြိုင်တွင်တည်ဆောက်မည့် အဆိုပါဘိလပ်မြေစက်ရုံကို ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် လုပ်ကိုင်လည်ပတ်သွားရန် မျှော်မှန်းထားပါသည်။ အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင် ဘိလပ်မြေအိမ်ဆောက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများကြီးထွားလာရန် ကူညီထောက်ပံ့ပေးမည့် SCG ကုမ္ပဏီ၏ ရည်မှန်းချက်အား ထင်ဟပ်ဖော်ပြလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ရရှိနိုင်သော SCG ဘိလပ်မြေ ထုတ်ကုန်များမှာ ဆင်တံဆိပ်ဘိလပ်မြေ အမျိုးအစား ၁၊ SCG အဖြူရောင်ဘိလပ်မြေ၊ ပတ်တီးမှုန့်နှင့် “CPAC” တံဆိပ်ဖြင့် ဈေးကွက်တင်သော SCG ၏ အသင့်ရောစပ်ပြီး ကွန်ကရစ်တို့ဖြစ်ကာ မြန်မာနိုင်ငံရှိ SCG ဆောက်လုပ်ရေးပစ္စည်းများကို SCG နှင့် COTTOဟု အဓိက အမှတ်တံဆိပ်နှစ်မျိုးခွဲခြားထားပါသည်။

“SCG” အမှတ်တံဆိပ်တွင် ခေါင်မိုး၊ နံရံနှင့်မျက်နှာကျက်၊ သစ်သားအစားထိုး အဆင့်မြင့် အရည်အသွေး ထုတ်ကုန်အမျိုးမျိုးပါဝင်ပါသည်။ ဒုတိယ တစ်မျိုးမှာ COTTO အမှတ်တံဆိပ်ဖြစ်ကာ မျက်နှာပြင် ခင်းကျင်းခြင်း၊ ဖြုတ်ယူသယ်ဆောင်နိုင်သောပရိဘောဂနှင့် သန့်စင်ခန်းသုံးပစ္စည်းများကို ထုတ်လုပ်သည်။ ထို့ပြင် SCG ဖြန့်ချိရေးလုပ်ငန်းသည် မြန်မာနိုင်ငံတစ်ဝန်း ဆောက်လုပ်ရေးပစ္စည်းများနှင့် ဘိလပ်မြေထုတ် ကုန်များအတွက် ဖြန့်ချိရေးနှင့် ပို့ဆောင်ရေးစီမံခန့်ခွဲမှုအပါအဝင်ဝန်ဆောင်မှုအမျိုးမျိုးကိုလည်း ဆောင်ရွက်ပေးနေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *