၀န်ကြီးဌာနများနှင့် စည်းကြပ်ရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည့် တတိယအကြိမ်မြောက်နှစ်ပတ်လည် Myanmar Connect ထိပ်သီးဆွေးနွေးပွဲသည် အလွန်အရေးပါသည့် အပြန်အလှန် ဆွေးပွဲမှုပြုလုပ်ရန်နှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဂေဟ စနစ်တစ်ခုလုံးရှိ အဓိကကျသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုပိုင်းခြားစိစစ်ရန် တစ်ခုတည်းသော အလုပ်အမှူဆောင်ထိပ်သီးဆွေးနွေးပွဲဖြစ်ပါသည်။ အင်္ဂလန် ၊လန်ဒန်၊ ၂၀၁၅ခုနှစ်၊ သြဂုတ်လ၊ ၄ရက်နေ့ – Myanmar Connect 2015 ထိပ်သီးဆွေးနွေးပွဲအား (၂၀၁၅ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ နှင့် ၁၆၊ နေပြည်တော်) ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပူးတွဲစီစဉ်ကျင်းပမည်ဖြစ်ကြောင်းကို Capacity Media (Euromoney Institutional Investor ၏ အဖွဲ့ဝင်)မှ ဂုဏ်ယူစွာဖြင့်ကြေညာလိုက်ပါသည်။ တတိယအကြိမ်မြောက် ကျင်းပသည့် Myanmar Connect ထိပ်သီးဆွေးနွေးပွဲသည် မြန်မာနိုင်ငံဆက်သွယ်ရေးလုပ်ငန်းကဏ္ဍတွင် အထင်ရှားဆုံး အခမ်းအနားဖြစ်ပါသည်။
ယခင်နှစ်များကဲ့သို့ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MCIT) နှင့် စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးဦးစီးဌာနတို့ တက်ရောက်ကြမည့် ဆုချီးမြှင့်ပွဲအခမ်းအနားကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍအနာဂတ်နှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ယင်းဆွေးနွေးပွဲအချိန်အခါသည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် မိုလ်ဘိုင်းဆက်သွယ်ရေးအော်ပရေတာအဖြစ်နိုင်ငံတကာကုမ္ပဏီတစ်ခုနှင့်အတူ ပူးပေါင်းကာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများမှ အဆိုပြုလွှာများကို တရားဝင်ဖိတ်ခေါ်ထားပြီးဖြစ်သည့် အရေးကြီးသည့်အခိုက်အတန့်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၌ မည်သည့် လုပ်ငန်းစီမံကိန်းများတွင်မဆို အစိုးရ၏ ပူးပေါင်းပါဝင်မှုတို့သည် ၎င်းလုပ်ငန်းများအောင်မြင်ဖို့ရာအတွက် အရေးပါလှသည်။ သို့ဖြစ်ပါ၍ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း နှင့် စာတိုက်နှင့် ကြေးနန်းဦးစီးဌာန တို့၏ မိန့်ခွန်းများသည် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်ရည်ရွယ်ပြီး တက်ရောက်ကြသူများအတွက် အထူးအကျိုးရှိစေမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာဆက်သွယ်ရေးလုပ်ငန်းကြီးများ၏ ပြိုင်ဆိုင်မှုပထမနှစ်အတွင်း တွေ့မြင်ခဲ့ရသည့် တိုးတက်မှုများ၊ ယခင်ကျင်းပပြုလုပ်ခဲ့သောMyanmar Connect ထိပ်သီးဆွေးနွေးပွဲအခမ်းအနား နှစ်ကြိမ်တို့တွင် ဖော်ဆောင်ခဲ့သော လမ်းကြောင်းများနှင့်အညီ ၂၀၁၅ ဆွေးနွေးပွဲနယ်ပယ်ကို မြန်မာနိုင်ငံဆက်သွယ်ရေးဂေဟစနစ်၏ ကဏ္ဍများကို ခြုံငုံမိစေရန်နှင့် အမြတ်အစွန်းရနိုင်မည့် အခွင့်အလမ်းအားလုံးကို ရှာဖွေဖော်ထုတ်ရန် တိုးချဲ့လုပ်ဆောင်မည်ဖြစ်သည်။ “ဒီလုပ်ငန်းနယ်ပယ်အများစုက စီအဆင့်ရှိအမှူဆောင်အရာရှိတွေ အတူတကွ တက်ရောက်ကြမယ့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ အရေးကြီးဆုံးပွဲအခမ်းအနားတစ်ခုအဖြစ် Myanmar Connect ကို ကျင်းပမည်ဖြစ်ကြောင်းကို ကြေညာရတာဟာ ကျွန်တော်တို့အတွက်အလွန်တရာဝမ်းမြောက် ဂုဏ်ယူစရာကောင်းပါတယ်” ဟု Capacity Media အမှူဆောင်အရာရှိချုပ် Ros Irving က ပြောကြားသည်။ “ဒီအခမ်းအနားမှာ မြန်မာ့ဈေးကွက်ထဲက နမူနာ ကုန်ပစ္စည်းတွေ ဖြန့်ချိခြင်းနဲ့ ထုတ်ကုန်ပစ္စည်းတွေအကြောင်း လေ့လာသုံးသပ်မှုအပါအဝင် ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်က လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတစ်ရပ်ပါမှာဖြစ်သလို ဆက်သွယ်ရေးကဏ္ဍ ရဲ့ နောက်ဆုံးဈေးကွက်သစ်ကို ဝင်ရောက်ချိန်မှာ ကြုံတွေ့ရမယ့် Financial Risk နဲ့ အခွင့်အလမ်းတွေပါဝင်ပတ်သက်ပြီး သက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့အမြင်တွေကိုလည်း ထပ်မံထည့်သွင်းထားပါတယ်” ဟု ၄င်းက ဆိုသည်။
မဟာဗျူဟာ၊ အခြေခံအဆောက်အအုံ နှင့် ဝန်ဆောင်မှုများ အပေါ်ဦးတည်ချက်ထားသည့် Myanmar Connect 2015 ထိပ်သီးဆွေးနွေးပွဲသည် ယမန်နှစ်က မိုဘိုင်းဖုန်းကိုင်ဆောင်သူ ၈၇ ဒသမ ၄ ရာခိုင်နှုန်းတိုးပွားလာခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုဘိုင်းဖုန်းထိုးဖောက်မှု ၁၉ ဒသမ ၉ ရာခိုင်နှုန်း* အထိရောက်ရှိလာခဲ့သည့် ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၏ အလျင်အမြန်အသွင်ပြောင်းမှုကို သုံးသပ်အကဲဖြတ်မည့် ဦးဆောင်ဆွေးနွေးသူများ တက်ရောက်ကြမည်ဖြစ်သည်။ ထို့ပြင် ငါးနှစ်တာအတွင်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်းအသုံးပြု နိုင်မည့် 3G ကွန်ရက်တစ်ခု တည်ဆောက်ရန် နိုင်ငံတကာနှင့် ပြည်တွင်းမှလိုင်စင်ရရှိထားသူ နှစ်ဖက်စလုံးက ဆောင်ရွက်နေချိန်တွင် ကမ္ဘာ့အလျင်မြန်ဆုံး မိုဘိုင်းလုပ်ငန်း ဝန်ဆောင်မှုတစ်ခုဖြစ်လာမည်ဟု ခန့်မှန်းထားသည့် အရေးပါသောအခွင့်အလမ်းများကိုလည်း Myanmar Connect 2015 က ဆန်းစစ်သွားမည်ဖြစ်သည်။
Myanmar Connect 2015 သည် မိုဘိုင်းကွန်ရက်လိုင်စင်ရှိထားသည့် လုပ်ငန်း လေးခုစလုံးမှ အဓိကကျသူ များ အတူတကွတက်ရောက်ကြမည့် တစ်ခုတည်းသောဆွေးနွေးပွဲလည်း ဖြစ်သည်။ Takashi Nagashima (အမှုဆောင်အရာရှိချုပ်၊ MPT/KDDI/Sumitomo Corporation)၊ ဦးရှိန်းသူအောင် (အမှုဆောင်အရာရှိချုပ်၊ ရတနာပုံ တယ်လီပို့တ်)၊ အကြီးတန်းကိုယ်စားလှယ်တစ်ဦး (Ooredoo မြန်မာ)နှင့် Petter Furberg (အမှုဆောင်အရာရှိချုပ်၊ တယ်လီနောမြန်မာ)တို့က မြန်မာနိုင်ငံတွင် နိုင်ငံတကာဆက်သွယ်ရေးလုပ်ငန်းများ၏ ပထမနှစ်ပြိုင်ဆိုင်မှုများအကြောင်းကို ဆွေးနွေးကြမည်ဖြစ်ပြီး အနာဂတ်ဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး ၄င်းတို့၏အတွေးအမြင်များကို မျှဝေသွားမည်ဖြစ်ပါသည်။
Myanmar Connect 2015 တွင် ဆွေးနွေးကြမည့် အခြားအကြောင်းအရာများ
Edwin Vanderbruggen (Partner, VDB Loi) မှ မြန်မာနိုင်ငံတွင် နောက်ဆုံးထုတ်ပြန်ထားသည့် ဆက်သွယ်ရေးလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများမှ ဖြစ်ပေါ်လာသည့် ဖြစ်နိုင်ဖွယ်ရာများ၊ အခွင့်အလမ်းများနှင့် အကန့်အသတ်များ အပါအဝင် မြန်မာ့ဆက်သွယ်ရေးလိုင်စင် လျှောက်ထားရာတွင် မည်သို့လျှောက်လှမ်းရမည်ဆိုသည်နှင့် စပ်လျဉ်းပြီး လမ်းညွှန်ဆွေးနွေး သွားမည်ဖြစ်ပါသည်။ Jan Wassenius (ဒုတိယ ဥက္ကဌ၊ Ericsson မြန်မာ)၊ Shawn Xu (ဒုတိယအမှုဆောင်မန်နေဂျင်းဒါရိုက်တာ၊ Myanmar Fibre Optic Communication Network Co Ltd)၊ Global Technology Company Limited မှ အကြီးတန်းကိုယ်စားလှယ်တစ်ဦးတို့ အပါအဝင် ယင်းလုပ်ငန်း နယ်ပယ်ကျွမ်းကျင်သူများ၏ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် ချိတ်ဆက်ပြီးလုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေခဲ့ရသည့် အခြေခံအဆောက်အအုံဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေးသွားကြမည်ဖြစ်သည်။
ထို့ပြင် Lord John Edgecumbe Shazell (အမှူဆောင်အရာရှိချုပ်၊ Teleconsult International Pte Ltd)၊ ဒေါက်တာ မျိုးအုန်း (အမှူဆောင်အရာရှိချုပ်၊ Campana Group)၊ Alexandre Pébereau (အမှူဆောင်အရာရှိချုပ်၊ Orange Carriers LLC)၊ Ho Cong Lam, (ဒုတိယမန်နေဂျင်းဒါရိုက်တာ, VNPT International) တို့ကလည်း မြန်မာနှင့် ကမ္ဘာတစ်ဝှမ်းချိတ်ဆက်မှုတိုးတက်ရေးကို ရည်ရွယ်သည့် အနာဂတ်စီမံကိန်းများနှင့်ပတ်သက်သည့် အမြင်များကို လေ့လာသုံးသပ်ဆွေးနွေးကြမည်ဖြစ်သည်။ Capacity Media မှလည်း သတင်းအချက်နည်းပညာ ဆန်းသစ်တီထွင်သူများ နှင့် စွန့်ဦးစီးပွားရေးလုပ်ကိုင်သူတချို့မှ မြန်မာပြည်တွင်ဖန်တီးသည့် ၎င်းတို့၏ application များနှင့် အတွေးအမြင်များကို တက်ရောက်လာမည့်ကိုယ်စားလှယ်များအား တင်ပြမည့် Start-up Showcase အစီအစဉ်လည်းပါဝင်လာမည် ဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် ကြေညာအပ်ပါသည်။
Myanmar Connect 2014 အနှစ်ချုပ်
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းကျင်းပခဲ့သည့် Myanmar Connect 2014 တွင် အဖွဲ့အစည်း ၁၃၉ဖွဲ့ မှ ၃၁၄ဦး တက်ရောက်ခဲ့ပြီး နိုင်ငံတကာအော်ပရေတာများ လက်ရှိ မြန်မာနိုင်ငံဆက်သွယ်ရေးဆိုင်ရာကဏ္ဍ အကြောင်းသိမြင်ရန်နှင့် ယင်း၏ဖွံ့ဖြိုးတိုးတက်ရေး မြင်ကွင်းအလာအလာများကို အကဲဖြတ်ရန်အတွက် တစ်မူထူးသော အခွင့်အလမ်းများပေးခဲ့ပါသည်။ “Myanmar Connect ဟာ မြန်မာနိုင်ငံက ဆက်သွယ်ရေးကွန်ရက်ထဲက value chain တစ်ခုလုံးအတွက် တွေ့ဆုံပွဲဖြစ်ပါသည်။ ဒါဟာ value chain တစ်ခုလုံးမှာရှိတဲ့သူတိုင်း အပြန်အလှန်ဆွေးနွေး ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းပေါင်းများစွာကိုရရှိစေခဲ့တဲ့ နေ့ရက်တွေလည်းဖြစ်ပါတယ်” ဟု Ooredoo မြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Ross Cormack က ပြောသည်။