News

အော်စကာဆုအတွက် ဆော်ဒီက ပထမဆုံးအကြိမ် ၀င်ပြိုင်မည်

ရုပ်ရှင်ရုံများကို တားမြစ်ပိတ်ပင်ထားသည့် ဆော်ဒီအာရေဗျနိုင်ငံက လာမည့်နှစ် အော်စကာ ဆုပေးပွဲတွင် Wadjda ဇာတ်ကားဖြင့် ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တာ၀န်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၅ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။

အမျိုးသမီးများ၏ အခွင့်အရေးများစွာကို ပိတ်ပင်ထားသည့် ကွန်ဆာဗေးတစ် မွတ်စလင်နိုင်ငံတွင် စက်ဘီးတစ်စီး ပိုင်ဆိုင်လိုသည့် အမျိုးသမီး တစ်ဦး၏ အကြောင်းကို Wadjda ဇာတ်ကားတွင် ရိုက်ကူးပြသထားသည်။

“Wadjda ဇာတ်ကားကို အော်စကာဆုပေးပွဲရဲ့ နိုင်ငံခြား ဘာသာစကားပြော ဇာတ်ကားဆုအတွက် ဆော်ဒီအာရေဗျနိုင်ငံ ကိုယ်စားပြုအဖြစ် ပထမဆုံးအကြိမ် ၀င်ရောက် ယှဉ်ပြိုင်ရမှာပါ”ဟု ဆော်ဒီအာရေဗျ ယဉ်ကျေးမှုနှင့် အနုပညာအဖွဲ့၏ ဥက္ကဌဆူလ်တန်အယ်ဘာဇိုင်းက ဆိုသည်။

Wadjda ဇာတ်ကားကို ဆော်ဒီအာရေဗျ၏ ပထမဆုံး အမျိုးသမီး ဒါရိုက်တာ ဟိုင်ဖာအယ်မန်ဆောက ရိုက်ကူးခဲ့ပြီး ဂျာမနီနိုင်ငံမှ Razo ရုပ်ရှင်လုပ်ငန်းနှင့် ဆော်ဒီတော်၀င် မိသားစု၀င်တစ်ဦးနှင့် ရင်းနှီးမှုရှိသည့် Rontana စတူဒီယိုက ပူးတွဲထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဇာတ်ကားသည် ၂၀၁၂ခုနှစ် ဒူဘိုင်းရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး အာရပ်ဘာသာစကားပြောဆုနှင့် ၂၀၁၂ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် Cinem Avvenireဆု ရရှိခဲ့သည်။

အဆိုပါ ဇာတ်ကားကို ပြင်သစ်နိုင်ငံတွင် ရုပ်ရှင်အဖြစ် ထုတ်လွှင့်ပြသခဲ့ပြီ ဆော်ဒီအာရေဗျနိုင်ငံတွင်မူ ဒီဗွီဒီနှင့် ရုပ်သံဇာတ်လမ်းအဖြစ်သာ ထုတ်လွှင့်ခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “အော်စကာဆုအတွက် ဆော်ဒီက ပထမဆုံးအကြိမ် ၀င်ပြိုင်မည်

  1. Law Rence says:

    ခွေးကလားတွေဘာသွားလုပ်မှာလဲ

  2. Chit Htoo Mg says:

    ခွေးဇတ်ခင်းဖို့နေမှာပေါ့

Leave a Reply

Your email address will not be published. Required fields are marked *