News

Samsung မှ မီဒီယာအသားပေး ဖုန်းစီးရီးသစ်များ ထုတ်လုပ်

Galaxy S စီးရီးများနဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်နေတဲ့ Samsung ဟာ အခုဆိုရင် အိန္ဒိယနဲ့ တရုတ်ဈေးကွက်ကို ရည်ရွယ်တဲ့ On စီးရီးဖုန်းများ ထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

မျက်နှာပြင်အရွယ်အစား ၅ လက်မရှိတဲ့ On5 နဲ့ ၅.၅ လက်မရှိ On7 ဖုန်းတွေကို မီဒီယာအသားပေးအဖြစ်နဲ့ ထုတ်လုပ်မှာဖြစ်ပြီး ဈေးနှုန်းတွေက ဒေါ်လာ ၁၁၀နဲ့ ဒေါ်လာ ၁၄၀ တို့ဖြစ်ကာ နိုဝင်ဘာ ၄ ရက်မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

ဖုန်းနှစ်ခုလုံးက အွန်လိုင်း သီချင်းဝန်ဆောင်မှုဖြစ်တဲ့ MixRadio ကို တစ်ခါတည်း subscribe လုပ်ထားပြီးသားဖြစ်ပါတယ်။ MixRadio ဟာ Spotify နဲ့ Apple Music တို့လိုဖြစ်ပြီး သီချင်းအပုဒ်ရေ သန်း ၃၀ ခန့် ရှိတယ်လို့ သိရပါတယ်။ ဖုန်းအတွင်းမှာ ထူးထူးခြားခြားပါလာတဲ့ feature က UDR လို့ခေါ်တဲ့ ultra data-saving ဖြစ်ပါတယ်။ ယင်း feature ကြောင့် ဖုန်းကနေ data တွေ save လုပ်တဲ့အခါ ယခင်ကထက် တစ်ဝက်ချုံ့ပြီး save လိမ့်မယ်လို့ Samsung ကဆိုပါတယ်။

On5 နဲ့ On7 ဖုန်းနှစ်မျိုးလုံးမှာ Android 5.1 ပါဝင်မှာဖြစ်ပြီး မျက်နှာပြင် resolution က 1,280×720 HD ရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းနှစ်မျိုးလုံးမှာ quad-core processor များနဲ့ 1.5 GB RAM တို့ကို အသုံးပြုထားပါတယ်။ ဖုန်းနှစ်ခုရဲ့ ခြားနားချက်က ကင်မရာဖြစ်ပြီး On7 က 13 megapixel နဲ့ On5 ကတော့ 8 megapixle တို့ရှိမှာဖြစ်ပါတယ်။ On7 ရဲ့ ဘက်ထရီဟာ 3,000mAh ဖြစ်ပြီး On5 ကတော့ 2,600 ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *