Apps, Featured, Review

လုပ်ငန်းခွင်သုံး အကောင်းဆုံး Appများ

ဒီ application လေးတွေကို အသုံးပြုပြီး အလုပ်လုပ်ရတာပိုမိုလွယ်ကူလာမှာဖြစ်သလို အချိန်ကုန်လည်း သက်သာသွားစေနိုင်ပါလိမ့်မယ်။

Slack
Free
iOS, Android

slack-is-where-you-communicate-with-your-coworkers
ရုံးအတွင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ Chat လုပ်နိုင်သလို File တွေ share နိုင် project တွေကြည့်နိုင်ပါတယ်။ Slack ကို လုပ်ငန်းကြီးတွေသာမ လုပ်ငန်းငယ်လေးတွေပါအသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ ICT လည်း ဒီ Slack ကိုပဲ အသုံးပြုနေကြပါတယ်။

Outlook
Free
iOS, Android

outlook-is-an-email-app-for-getting-things-done
အရင်သိထားတဲ့ Outlook ထက်များစွာသာလွန်လာပြီး Exchange ကိုလည်း ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။ built-in calendar view၊ သိမ်းထားတဲ့ attact file များကို မြန်မြန်ကြည့်နိုင်ခြင်းတို့က Outlook ကို အကောင်းဆုံး email applicaiton ဖြစ်လာစေပါတယ်။

1Password
Free, $9.99 (premium)
iOS, Android

jpg
Password တွေပေးပြီး မေ့သွားတာပဲဖြစ်ဖြစ်၊ ရှုပ်ထွေးတဲ့ Password တွေ ပေးရမှာပဲဖြစ်ဖြစ်၊ ဝင်ထားသမျှ website တွေ၊ application တွေရဲ့ password ကို သိမ်းထားချင်ရင်ပဲဖြစ်ဖြစ် 1Password က အသုံးဝင်ပါတယ်။

Dropbox
Free
iOS, Android

dropbox-is-an-easy-way-to-store-files-in-the-cloud
သိကြတဲ့အတိုင်းပါပဲ။ Dropbox မှာ File တွေ သိမ်းထားနိုင်မယ်၊ ဓါတ်ပုံတွေကို အလိုအလျောက် upload လုပ်နိုင်မယ်၊ အခြားသူတွေ Share ထားတာတွေကို comment ပေးနိုင်ကြည့်နိုင်တာက Dropbox ပါပဲ။

iTranslate
Free
iOS, Android

itranslate-breaks-down-language-barriers
ဘာသာစကားပေါင်း ၉၀ ကျော်ကို ဘာသာပြန်ပေးနိုင်ပြီး ထူးခြားတာကတော့ microphone ကနေပြောလိုက်တာနဲ့ ဘာသာပြန်ချင်တဲ့ ဘာသာဘက်ကို ချက်ချင်း ပြန်ပေးနိုင်တာဖြစ်ပါတယ်။

Gallery Doctor
$2.299
iOS, Android

gallery-doctor-will-free-up-storage-space-on-your-phone
အကယ်၍ သင့်အနေနဲ့ ဖုန်းမှာ storage မလုံလောက်တော့ဘူးဆိုရင် Gallery Doctor ရဲ့အကူအညီကို ရယူမှ ရနိုင်ပါလိမ့်မယ်။ ဒီ application ကနေ ဖုန်းထဲက ထပ်နေတဲ့ ဓါတ်ပုံတွေ၊ ကြည့်မကောင်းတဲ့ပုံတွေကို ဖျက်ခိုင်းပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *