News

Activision Blizzard မှ Candy Crush ကို ဝယ်ယူမည်

ဂိမ်းလောကနာမည်ကျော်ကုမ္ပဏီဖြစ်တဲ့ Activition Blizzard ဟာ Candy Crush Saga ပြုလုပ်တဲ့ King Digital Entertainment ကုမ္ပဏီကို ၅.၉ ဘီလီယံဒေါ်လာနဲ့ ဝယ်ယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။
ငွေပေးချေလို့အပြီးမှာ Activition ကနေ King ကို ၎င်းရဲ့CEO ဖြစ်တဲ့ Riccardo Zacconi နဲ့ပဲ ဆက်လက်ဦးဆောင်စေမှာ ဖြစ်ပါတယ်။

ယခုလို Activition ကနေ King ကို ၆ ဘီလီယံ နီးပါးပေးပြီး ဝယ်ယူတာဟာ မတန်ဘူးလို့ နည်းပညာလောကသားများကဆိုပါတယ်။ King ဟာ အရင်နှစ်တွေက မိုဘိုင်းဂိမ်းတွေမှာ အောင်မြင်မှုမရှိခဲ့ပဲ ထုတ်လုပ်ခဲ့သမျှ ဂိမ်းပေါင်း ၂၀ဝ ခန့်ရှိပြီး အားလုံးက Candy Crush Saga ကို ကျော်လွှားနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါ့အပြင် ကုမ္ပဏီကိုယ်တိုင်ကိုက ၎င်းတိုပရဲ့ ဂိမ်းကို ကစားသူဦးရေဟာ အရင်နှစ်က ၁၁ သန်းရှိရာကနေ ယခု ၈ သန်းသာရှိတော့ပြီး အမြတ်ငွေ ကလည်း ၂၀၁၄ မှာ ၆၄၁ သန်းရှိခဲ့ရာက ၂၀၁၅ ခုနှစ်မှာ ၆၀၄ သန်းသာ ရှိတော့ ကြောင်း ကြေညာခဲ့ပါတယ်။

တစ်ဖက်က Activion ကတော့ ကမ္ဘာကျော် ဗီဒီယို ဂိမ်းများဖြစ်တဲ့ Call of Duty၊ World of Warcraft ကို ထုတ်လုပ်ပြီး အမြတ်ငွေများစွာကို ရရှိနေပါတယ်။ ဒါ့အပြင် ၎င်းတို့က Electronics Arts (EA) ရဲ့ ဝင်ငွေနဲ့ မတိမ်းမယိမ်းအနေအထားမှာလည်း ရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *