News

Samsung မှ Note 5 Pink Edition ကို ထုတ်လုပ်တော့မည်

Apple ကနေ အောက်တိုဘာ ၂၃ ရက်မှာ တောင်ကိုရီးယားနိုင်ငံကို iPhone 6S များဖြန့်ချိတော့မှာ ဖြစ်တဲ့အတွက် Samsung ကနေလည်း ၎င်းဈေးကွက်ကို ယှဉ်ပြိုင်ဖို့အတွက် Galaxy Note 5 Pink Edition နဲ့ Titanium Silver Edition ဆိုပြီး ထပ်မံထုတ်လုပ်မှာဖြစ်တယ်လို့ ကြော်ငြာခဲ့ပါတယ်။

Samsung ဟာ Apple ရဲ့ Rose Gold edition ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ယင်းကဲ့သို့ အရောင်သစ်နှစ်မျိုးထပ်မံထုတ်လုပ်မှာဖြစ်တယ်လို့ အောက်တိုဘာ ၁၅ ရက်က ကြေညာခဲ့တာဖြစ်ပါတယ်။

“အရောင်အသစ်နဲ့ Galaxy Note 5 တွေကို ကျွန်တော်တို့ရဲ့ အာရှဈေးကွက်မှာ ဖြန့်ချိသွားမှာပါ၊ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေ ကိုတော့ ထုတ်ပြန်ဦးမှာ မဟုတ်ပါဘူး”လို့ Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုပါတယ်။

Apple ရဲ့ iPhone 6S စတင်ဈေးကွက်ကို ဖြန့်ချိတဲ့အချိန်မှာပဲ အလုံးရေ ၁၃ သန်းကျော် ရောင်းချခဲ့ရတာကို Samsung အနေနဲ့ လိုက်လံယှဉ် ပြိုင်မှာဖြစ်တယ်လို့ ဈေးကွက်လေ့လာသူများက သုံးသပ်ပါတယ်။ ဒါပေမယ့် Samsung ရဲ့ စမတ်ဖုန်း ရောင်းအားဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၂၀၁၅ မှာ ၂၀၁၄ ခုနှစ်ကထက် ၁ ရာခိုင်နှုန်းကျဆင်းလိမ့်မယ်လို့ TrendForce ဈေးကွက်သုတေသနကုမ္ပဏီက ခန့်မှန်းထားပါတယ်။

Samsung ဟာ အောက်တိုဘာ ၁၄ ကလည်း Tizen OS အသုံးပြုတဲ့ Z3 အမည်ရစမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး ယင်းက အိန္ဒိယရဲ့ ဘတ်ဂျက် စမတ်ဖုန်းဈေးကွက်ကို ဦးတည်သွားမယ်လို့ သိရပါတယ်။ Samsung ရဲ့ Z3 ဟာ ဒေါ်လာ ၁၃၀ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *