Featured, Mobile, Review

သင်သိသင့်သော iOS 9 အသုံးပြုပုံများ

Apple ရဲ့ နောက်ဆုံးထွက် iOS 9 မှာ လုပ်ဆောင်မှုသစ်တွေ တစ်ပုံတစ်ပင်ပါဝင်လာခဲ့ပါတယ်။ ပြောရရင်တော့ Maps ကအစ Notes ဆုံးပေါ့။ ဒီမှာတော့ သင်သိသင့်တဲ့အချက်တွေကို ဖော်ပြလိုက်ရပါတယ်။

New in News
ဒါကတော့ Apple ရဲ့ သတင်း Application အသစ်လေးဖြစ်ပါတယ်။ iOS 9 မှာ တစ်ပါတည်းပါဝင်လာပြီး နာမည်ကျော် Flipboard နဲ့ ဆင်တူပါတယ်။ News ကဆင့် ကိုယ်ကြိုက်တဲ့ သတင်းရင်းမြစ်ကို ရွေးချယ်ထားနိုင်ပါတယ်။

1

Video ကြည့်ခြင်း
ဒါကတော့ iPad မှာပဲပါဝင်လာတဲ့ Feature လေးတစ်ခုဖြစ်ပါတယ်။ ကိုယ်က video တစ်ခုကြည့်ရင်း တစ်ခြား application တစ်ခုကို အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။

2

Multitasking အတွက် အမြင်သစ်
Application တစ်ခုကနေ တစ်ခုကို ပြောင်းလဲအသုံးပြုပြီဆိုရင် home button ကို ၂ ချက်နှိပ်ရပါတယ်။ အခု iOS 9 မှာတော့ home button ကိုပဲ ၂ ချက်နှိပ်ရဦးမှာဖြစ်ပေမယ့် ဖော်ပြမယ့် ပုံစံကိုတော့ ပြောင်းသွားပါပြီ။

ပုံများစွာကို select လုပ်နိုင်ပြီ
အရင်ကဆိုရင်တော့ ပုံတွေအများကြီးကို select လုပ်ချင်ရင် တစ်ခုချင်းလိုက်လုပ်ရပါတယ်။ အခုတော့ ကိုယ် select လုပ်ချင်တဲ့ပုံတွေအားလုံးကို လက်နဲ့ပွတ်ဆွဲသွားပြီး select လုပ်သွားနိုင်ပါတယ်။

3

Low Power mode
iOS 9 မှာ အသစ်ပါဝင်လာတဲ့ Low Power setting ဟာ iPhone အသုံးပြုသူတွေအတွက် အသုံးအဝင်ဆုံးဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ လုပ်ဆောင်ပုံကတော့ ဘက်ထရီ percent 20 ထက်နည်းသွားရင် battery saving လုပ်တာပါပဲ။

Search your Settings
Setting ထဲ ကိုယ်ပြောင်းချင်တဲ့ဟာပျောက်နေပြီဆိုရင် အလွယ်တကူရှာဖွေနိုင်တဲ့ search box လေးပါဝင်လာပါပြီ။

Note မှာပုံဆွဲနိုင်
အသစ်ပြောင်းလဲလိုက်တဲ့ Note application အတွင်းမှာ အသုံးပြုစရာ feature တွေအများကြီးပါဝင်လာပါပြီ။

Video Zoom
ဓါတ်ပုံတွေကို zoom in၊ zoom out လုပ်နိုင်သလို အခု iOS 9 မှာတော့ video တွေမှာလည်း zoom in၊ zoom out လုပ်နိုင်ပါပြီ။

4

ဘယ် Application က ဘက်ထရီးအစားဆုံးလဲ
iOS 9 ရဲ့ Battery setting ထဲမှာ ဘယ် application က ဘက်ထရီ အစားဆုံးလဲဆိုတာကို အလွယ်တကူကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *