Cameras, Review

Voice Control လုပ်နိုင်မယ့် Samsung Galaxy Camera

Samsung_Galaxy_Camera

Samsung ကနေ ထုတ်လုပ်လိုက်တဲ့ Galaxy Camera ဖြစ်ပါတယ်။ Samsungက Smartphone ဈေးကွက်မှာ နေရာယူနိုင်ရုံနဲ့ မကျေနပ်သေးဘဲ Camera ဈေးကွက် ကိုပါ လွှမ်းမိုးနိုင်ဖို့အတွက် ကြိုးစားချက် တစ်ခုလို့ ထင်မြင်မိပါတယ်။ အဆိုပါ Smart Cameraလို့ ခေါ်တဲ့ Galaxy Cameraကို ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့မှာ Samsungက မိတ်ဆက်ခဲ့ပါတယ်။ သြဂုတ်လ (၃၁) ရက်နေ့ကနေ စက်တင်ဘာ (၅) ရက်နေ့အထိ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ IFA နိုင်ငံတကာ ကုန်စည်ပြပွဲမှာတော့ Galaxy Cameraရဲ့ ထပ်တိုးထားတဲ့ Specificationတွေကို အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါဆိုရင် ဘယ်လို စိတ်၀င်စားဖွယ်ရာ Functionတွေ ပါ၀င်မလဲဆိုတာ ကြည့်လိုက်ရအောင်။

Galaxy Camera မှာ 16 Megapixel Resolution ရှိပြီး 21x Optical Zoom အပြင် 4G Connectivity ပါ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Android OSကို အသုံးပြု ထားပြီး OS Versionကတော့ 4.1 Jelly Bean ပါ။ IFA 2012 ပွဲရဲ့ ထုတ်ပြန်ချက်အရ 1.4GHZ Quad-Core Processorနဲ့ ISO 3200အထိ ရှိကြောင်း သိရပါတယ်။ Screen Size ကတော့ ၄.၈ လက်မ ရှိပါတယ်။

Professional နီးပါး စွမ်းရည်ရှိ
16 Megapixel ရှိတဲ့အတွက် အနီးအေ၀း မြင်ကွင်းတွေကို အကောင်းဆုံး ဆွဲယူ ရိုက်ကူးနိုင်ပါလိမ့်မယ်။ နောက်ပြီး မည်သည့် အလင်းအမှောင် နေရာမျိုးမှာမဆို အရည်အသွေး ကောင်းသော Photoများကို ရိုက်ကူးနိုင်ပါတယ်။ အဆိုပါ Smart Cameraမှာ Professional ကင်မရာ တစ်လုံးရဲ့ အရည်အသွေးနီးပါး ရိုက်ကူးနိုင်မည့် Smart Pro Mode ပါ၀င်တဲ့အတွက် အနုပညာမြောက်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Frame ကြီးကြီး Professional ကင်မရာတွေ ကို အားကျနေဖို့ မလိုတော့ဘူးလို့ ထင်မြင်မိပါတယ်။

Slow Motion Video ရိုက်ကူးနိုင်
အရှိန်နဲ့ ပြေးလွှားနေတဲ့ Videoတွေကို ကြည့်တဲ့အခါ အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ဖို့အတွက် SlowMotionနဲ့ ကြည့်တတ်ကြပါတယ်။ အခု Galaxy Cameraမှာတော့ Slow Motion Videoကို တိုက်ရိုက် ရိုက်ကူးနိုင်ပါလိမ့်မယ်။ Slow Motion Video ရိုက်ကူးနိုင်ခြင်းက ကားပြိုင်ပွဲတွေ၊ နှင်းလျှောစီး ပြိုင်ပွဲ ကဲ့သို့သော အရှိန်ဖြင့် သွားနေတဲ့ အရာတွေကို ရိုက်ကူးတဲ့ နေရာမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ပြီး အဖြစ်အပျက် တစ်ခုချင်းစီကို အတိအကျ မှတ်တမ်း တင်နိုင်မှာ ဖြစ်ပါတယ်။

Touchscreen
Screen အရွယ်အစားကတော့ ၄.၈ လက်မ ရှိကာ ကြည်လင် ပြတ်သားပြီး High Quality အရည်အသွေးရှိ Touchscreenကို အသုံးပြုနိုင်ပါတယ်။ White Magic နည်းပညာသစ်ကို ထည့်သွင်း အသုံးပြုထားတဲ့အတွက် ဘတ်ထရီ အားနည်းနေတဲ့အချိန်မှာတောင်မှ Screenရဲ့ တောက်ပမှုကို နှစ်ဆအထိ စွမ်းဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။ HD movies တွေလည်း ကြည့်ရှုနိုင်တယ်လို့ ဆိုထားပါတယ်။

Voice Control အသုံးပြုနိုင်
Galaxy Cameraမှာ သင့်ရဲ့ အသံဖြင့် ခိုင်းစေမှုကို အကောင်းဆုံး လိုက်နာ ဆောင်ရွက်နိုင်မယ့် Voice Control Function ပါ၀င်ပါတယ်။ အသုံးပြုမယ်ဆိုရင်တော့ ကင်မရာနားကို ကပ်ပြီး Command ပေးရမှာ ဖြစ်ပါတယ်။ Zoom In/Out ပြုလုပ်ခြင်း၊ Timer ချိန်၍ ရိုက်ကူးခြင်း၊ ဓာတ်ပုံ ရိုက်ကူးဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မှာ ချက်ချင်း ရိုက်ဖို့အတွက် အမိန့်ပေးခြင်း စသည်တို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဓာတ်ပုံတွေကို Rotate လုပ်ဖို့၊ Delete လုပ်ဖို့နဲ့ Share လုပ်ဖို့ အသံနဲ့ ခိုင်းစေနိုင်တယ်လို့ သိရပါတယ်။ လုံး၀ စမတ်ကျတဲ့ ကင်မရာလို့ ထင်မြင်မိပါတယ်။

ဓာတ်ပုံတွေကို တိုက်ရိုက် Share နိုင်
Share Shot Function ပါ၀င်တဲ့အတွက် ကင်မရာကို Wi-Fi ရရှိတဲ့ Device များနဲ့ ချိတ်ဆက်ပြီး ဓာတ်ပုံတွေ ရိုက်ကူးမယ်ဆိုရင်တော့ အဲဒီ Device တွေဆီကို ရိုက်ကူးတဲ့ ဓာတ်ပုံတွေ တိုက်ရိုက် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ တိုက်ရိုက် Share လုပ်တယ်လို့ ဆိုနိုင်ပါတယ်။ Wi-Fi ဖမ်းယူနိုင်တဲ့ ဧရိယာအတွင်းမှာ Device (၈) ခုနဲ့အထက် ချိတ်ဆက်ပြီး ဓာတ်ပုံတွေကို ဖြန့်ေ၀နိုင်တယ်လို့ သိရပါတယ်။ Data သိမ်းဆည်းနိုင်ဖို့အတွက် Memory 8GBကို ထည့်သွင်းပေးထားပါတယ်။

3G & WiFi အသုံးပြုနိုင်
Galaxy Cameraကို ဆက်သွယ်နိုင်တဲ့ ကင်မရာအဖြစ် ကမ္ဘာကိုမိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ 3G & WiFi အသုံးပြုနိုင်တဲ့အတွက် Camera တစ်လုံးအဖြစ်အပြင် Facebook တို့၊ Twitterတို့လို Social Mediaတွေနဲ့ ချိတ်ဆက်ပြီး Share လုပ်နိုင်ပါတယ်။ Google Maps, Play Store, Navigation, Browser, Google Play Movies, Gmail စသည့် Google Mobile Service တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြင်သွားရင် သင့်ရဲ့ Laptoကို နေရာတကာ သယ်သွားနေစရာ မလိုတော့ဘဲ ဒီ Galaxy Camera လေးနဲ့ပဲ အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ ထင်မြင်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *