Furniture & Deco, News, Review

ROOKEE Kids Educational Study Chair အကြောင်း

Online Learning လုပ်နေကြရတာဆိုတော့ မိဘတွေ အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေ သက်တောင့်သက်သာနဲ့အဆင်ပြေပြေ Learning လုပ်စေချင်ရင်တော့ ဒီ ROOKEE Kids Educational Study Chair လေးက အဆင်ပြေစေမှာပါ။

စာကြည့်ချိန်မှာပဲဖြစ်ဖြစ်၊ ပုံမှန်အသုံးပြုချိန်မှာပဲဖြစ်ဖြစ် ကလေးငယ်တွေအတွက် သက်တောင့်သက်သာနဲ့ အသုံးပြုနိုင်အောင်ထုတ်လုပ်ပေးထားတဲ့ ROOKEE အမှတ်တံဆိပ် Kids Educational Study Chair ထိုင်ခုံ ဖြစ်ပါတယ်။

အသက် (၄)နှစ်မှ (၁၄)နှစ် အရွယ်အထိ အသုံးပြုနိုင်ပါတယ်။ ထိုင်ခုံအနေအထားကို အဆင့် (၇)ဆင့်အထိ ချုံ့နိုင်/ချဲ့နိုင်တဲ့အတွက် တစ်နှစ်ထက်တစ်နှစ်ဖွံ့ဖြိုးကြီးထွားလာတဲ့ မိမိကလေးငယ်ရဲ့ ကြီးထွားမှုအလိုက် ထိုင်ခုံအနေအထားကို အဆင်ပြေပြေ ပြောင်းလဲပေးနိုင်ပါတယ်။

အရည်အသွေး ကောင်းမွန်တဲ့ ဘီလုံးငယ်တွေကို ထိုင်ခုံခြေထောက်မှာ တပ်ဆင်ပေးထားပြီး ထိုင်ခုံက ဆုံလည်ထိုင်ခုံ ဖြစ်ပါတယ်။ ထိုင်ခုံရဲ့အနိမ့်အမြင့်ကို ချိန်ညှိလို့ရပြီး နောက်မှီရဲ့ အနိမ့်အမြင့်ကိုလည်း ချိန်ညှိနိုင်တဲ့အတွက် ကွန်ပြူတာနဲ့ Online Learning လုပ်ရတဲ့အခါမှာ မျက်စိနဲ့ မော်နီတာကို မှန်ကန်တဲ့အနေအထားရရှိအောင် ပြုလုပ်ပေးနိုင်မှာပါ။

အရောင်ငါးမျိုးနဲ့ ထုတ်လုပ်ပေးထားတဲ့အတွက် ကလေးငယ်စိတ်ကြိုက်အရောင်ကို ရွေးချယ်ဝယ်ယူပေးနိုင်ပါတယ်။ အာမခံငါးနှစ်အထိ ပေးထားတဲ့အတွက် စိတ်ချလက်ချနဲ့ ရေရှည် အသုံးပြုနိုင်မှာပါ။

အောက်ပါ Link လေးကနေတစ်ဆင့် ၀◌ယ်ယူနိုင်ပါပြီနော်။
Shop here:

Leave a Reply

Your email address will not be published. Required fields are marked *