(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ (27th SEA GAMES)အား ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့မှ ၂၂ရက်နေ့အထိ ကျင်းပ မည်ဖြစ်ရာ ယင်းအားကစားပြိုင်ပွဲတွင် သတင်းရယူလိုသည့် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များသည် 27th SEA GAMES Accreditationနှင့် ပတ်သက်သော အချက်အလက်များအား Website လိပ်စာ www.27seagames2013.com တွင် ၀င်ရောက် ကြည့်ရှုနို်င်ကြောင်းနှင့် Accreditation Form များအား ယင်း Websiteတွင် လည်းကောင်း၊ ပြန်ကြားရေး ၀န်ကြီးဌာန Website ဖြစ်သည့် www.moi.gov.mm မှ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း Web portalတွင်လည်းကောင်း၊ Download ဆွဲယူ၍ ရနိုင်ကြောင်း သိရသည်။
အဆိုပါ Accreditation Form များအား ဖြည့်စွက်ပြီးပါက ယင်း ဖြည့်စွက်ပြီး Formနှင့်အတူ သက်ဆိုင်ရာ မိခင်သတင်းဌာနများ၏ ထောက်ခံချက်ကို ပူးတွဲအီးမေးလ်လိပ်စာ [email protected] သို့ စက်တင်ဘာ ၂၅ရက် နောက်ဆုံးထား၍ ပေးပို့ကြရမည်ဖြစ်ကြောင်းနှင့် မရှင်းလင်းသည်များ၊ သိရှိိလိုသည်များ ရှိပါက ယင်းအီးမေးလ်သို့ပင် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။