Opinion

မိုးရာသီနှင့် ကလေးများ ကျန်းမာရေး

ကျွန်မတို့ မြန်မာနိုင်ငံဟာ ယခုအချိန် ဆိုရင်ဖြင့် မိုးရာသီအချိန်ကာလကို စတင် ရောက်ရှိလို့ လာနေပြီ ဖြစ်ပါတယ်။ မိုးရာသီကို ရောက်လာလျှင်ဖြင့် ကလေးငယ် တွေရဲ့ ကျန်းမာရေးကို ဂရုတစိုက် စောင့် ကြည့်ဖို့ အမှန်တကယ် လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိုးနည်းနည်း ၀င် တာနဲ့ ကလေးတွေ မပြောနဲ့ လူကြီးတွေ တောင် နှာစေး ချောင်းဆိုး၊ ခေါင်းအုံ ခေါင်း ကိုက် ေ၀ဒနာကို အနည်းနှင့် အများ ခံစား နေကြလို့ပဲ ဖြစ်ပါတယ်။ ငယ်ရွယ်သော ကလေးများ အတွက်တော့ လူကြီးမိဘတွေ က ဂရုစိုက်နိုင်မှသာ တော်ကာကျမှာ ဖြစ်ပါ တယ်။ နုနယ်သောအရွယ် ကလေးများ မိုး ရာသီမှာ ဖြစ်တတ်သော အဓိက ရောဂါများ ကတော့ သွေးလွန်တုပ်ကွေး ရောဂါ၊ အထက်လှန် အောက်လျှော၊ တုပ်ကွေး၊ တိုက်ဖွိုက်နှင့် နမိုးနီးယားခေါ် အဆုတ်ရောင် ရောဂါ အစရှိသည်ဖြင့် ဖြစ်တတ်ကြပါတယ်။ ကလေးငယ်ရှိသော အိမ်များနှင့် လူကြီးများ အနေနဲ့ အထက်ပါ ရောဂါများ မဖြစ်အောင် ကြိုတင် ကာကွယ်မှုတွေကို လုပ်ဆောင်ဖို့ တော့ ပြင်ဆင်ထား သင့်ပါတယ်။

မိုးတွင်း ရာသီမှာ မိမိတို့အိမ်ရှေ့ ရေနုတ်မြောင်းတွေ၊ ရေအိုင်တွေ၊ မိမိတို့ အိမ်တွင်းရှိ ရေအိုး၊ ရေကန်တွေ၊ ဘုရား ပန်းအိုး၊ သောက်တော် ရေခွက် အစရှိသည်တို့မှ ခြင်များ ပေါက်ဖွား လာ တတ်ကြပါတယ်။ ထိုခြင်များ ကြောင့် ကလေးငယ်တွေမှာ သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားတတ်ပါတယ်။ အများအားဖြင့် သတိထားရမယ့် သူတွေကတော့ ခြံနဲ့ ၀င်းနဲ့ နေသူများသည် ချုံနွယ် ပိတ်ပေါင်းများကို အမြဲရှင်းလင်း ထားရပါမယ်။ သွေးလွန် တုပ် ကွေး မဖြစ်ပွား အောင် အဓိကအားဖြင့်တော့ မိမိတို့ အိမ် တွေမှာ ခြင်မပေါက်ပွားအောင် အရင် လုပ်ဆောင်ကြရမှာပါ။ ခြင်မပေါက် အောင် လုပ်ဆောင်ရမှာကတော့ မိမိတို့ အိမ်ရှေ့မှာရှိတဲ့ ရေမြောင်းတွေ အမှိုက်သ ရိုက်တွေနဲ့ ပိတ်နေရင် ရေစီး ရေလာကောင်း အောင် အရင် ရှင်းထုတ်ရမှာ ဖြစ်ပါတယ်။ နောက် မိမိတို့ အိမ်တွင်းမှာရှိတဲ့ ဘုရား ပန်းအိိုးတွေ၊ သောက်တော် ရေခွက်တွေ ကိုလည်း ခြင်မပေါက်ပွားနိုင်အောင် နေ့စဉ် လဲလှယ်ပေးရပါမယ်။ မိမိတို့ အိမ်တွင်းရှိ ရေကန်တွေကို လည်း ၃ ရက် တစ်ခါလောက် လဲလှယ် ပေးသင့်ပါတယ်။ ဒါမှသာ ခြင် တွေဟာ အလွယ်တကူ မပေါက်ပွား နိုင်မှာ ဖြစ်ပါတယ်။ မိုးရာသီ အချိန်အခါဆို ဆေးရုံ များတွင် သွေး လွန်တုတ်ကွေးဖြစ်လို့ ဆေးရုံ လာတက်ကြသော ကလေးများကို အများ အပြား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး တော့ မိမိတို့ ကလေးငယ်တွေအနားမှာ ခြင် ဆေးခွေတွေ ထွန်းပေးခြင်းကိုလည်း ရှောင် ကြဉ် သင့်ပါ တယ်။ ခြင်ဆေးခွေက ထွက်တဲ့ ဓာတု အညစ်အကြေး အနံ့တွေဟာ ကလေး ငယ် တွေကိုသာမက လူကြီးတွေ အတွက်ပါ ကျန်းမာရေး ရှုထောင့်အနေနဲ့ ကြည့်ရင် မသင့်တော်ပါဘူး။

မိမိတို့ကလေးငယ်တွေကိုလည်း မိုးရွာ နေတဲ့အချိန်တွေမှာ မိုးရွာထဲ သွားစေခြင်း၊ ဆော့စေခြင်းတို့ကိုလည်း ရှောင်ကျဉ်သင့်ပါ တယ်။ ကလေးငယ်တွေကို မိုးမိစေခြင်း ကြောင့် အဖျားရောဂါ၊ အအေးမိပြီး နမိုးနီး ယား စသည်တို့ကို ဖြစ်စေနိုင်ပါတယ်။ ကလေးတွေကို မိုးတွင်းအချိန်မှာ အဝတ် အစားကို အပြင်ပဲသွားသွား အိမ်တွင်းမှာပဲ နေနေ နွေးနွေးထွေးထွေး ဖြစ်အောင် ဝတ်ဆင်ထား ပေးသင့်ပါတယ်။ မိုးရေမစို အောင်လည်း ဂရုတစိုက်နဲ့ လုပ်ဆောင်ပေး သင့်ပါတယ်။ မိုးရာသီအ၀င်မှာ မိမိတို့ ကလေးတွေ ကျောင်းစတင် တက်ရောက် ရတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းမသွားခင် ပြင်ဆင်ရမည် များနှင့် မိုးရွာလျှင် လုံလုံခြုံခြုံ ၀တ်စား ဆင် ယင်ပေးဖို့လည်း လိုပါတယ်။ ကျောင်းကို သွားချိန်မှာလည်း မိုးမိခဲ့ပြီး အဝတ်တွေ ရေစို သွားခဲ့လျှင် လဲလှယ်ဖို့ အဝတ်တစ်စုံ အပို ထည့်ပေးထားသင့်ပါတယ်။ ကျောင်းတွင် လည်း မိုးရွာနေလျှင် နွေးနွေးထွေးထွေး နေဖို့ အဝတ်အစိုမခံဖို့ကိုလည်း ပြောပြထား သင့်ပါတယ်။ နောက်တစ်ချက်က ကလေး ငယ်တွေကို ကျောင်းမှာ အစားအစာ စား သောက်တဲ့နေရာမှာလည်း ဆင်ခြင်ဖို့ မှာ ထားသင့်ပါသေးတယ်။ အမှည့်လွန် အစာ တွေမစားဖို့ ရက်လွန်နေတဲ့ အစာတွေ မစား မိစေဖို့ ဂရုစိုက်သင့်ပါတယ်။ အဆိုပါ အစား အသောက်များကို စားသုံးခြင်းဖြင့် ဝမ်းပျက် ရောဂါ၊ ဝမ်းလျှောရောဂါ၊ အထက်လှန် အောက်လျှောရောဂါများကို ဖြစ်ပွားစေနိုင် ပါတယ်။
မိုးရာသီအချိန်တွင် မိမိကလေးငယ်များ ကို ဓာတ်တိုင်၊ မီးကြိုးများနှင့် ဝေးသောနေရာ တွင် ကစားစေဖို့လည်း သတိထားရပါမယ်။ ရေမြောင်း များ၊ ရေစီးသန်သော မြောင်း များ ဘေးတွင် ဆော့ကစား စေခြင်းမှလည်း ရှောင်ကြဉ် သင့်ပါတယ်။ ကျောင်းသွား ကျောင်းပြန်တွင် ကလေးများကို လူကြီး မိဘများက ကျောင်းအထိ သေချာဂရုတစိုက် လိုက်လံ ပို့စေချင်ပါတယ်။ကျောင်းအသွား လမ်းမများပေါ်တွင် ရေများလျှံကျနေခြင်း၊ ရေနုတ်မြောင်းများ ပွင့်နေခြင်းများသည် ရေ များ ပြည့်လျှံနေချိန်တွင် သတိမမူမိပဲ ဖြစ် တတ်ပါတယ်။ လူကြီးများက ကလေးများရဲ့ လက်ကို မြဲမြံစွာ ကိုင်တွယ် ထားပြီး သွား ရောက်စေချင်ပါတယ်။

လမ်းများတွင် ချိုင့် ခွက်များ ရေစိမ့်၀င် နေခြင်းသည်လည်း သတိပြုစရာ အမှန်ဖြစ်ပါတယ်။ အများအား ဖြင့် ကျောင်း၀န်း ကျင် အနေအ ထားများကို မိုးမ ရွာမီပင် အရင်ဆုံး လေ့လာ ထား သင့် ပါတယ်။ ဒါမှသာ ဘယ် နေရာမှာ ဘာရှိတယ်။ ဘယ် နေရာမှာတော့ ဘယ် လို နေ ရာ နိမ့်နေတယ်။ ဒါမှ သာ မိုးရွာ လာ ရင် ဘယ်လိုရှောင် ကွင်းရမယ် ဆို တာ လေ့လာ ထားမှသာလျှင် ရေလွှမ်း သွားတဲ့အခါ မမြင်ရနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မိုးရွာချိန်ဆို မြို့ထဲမှာ ပြေးမြင် ယောင်ကြည့်မိ တာကတော့ အနော်ရထာ လမ်းပေါ်က သိမ်ကြီးဈေးနှင့် ရွေှဘုံသာ အနီး၀န်းကျင်များတွင် ရေများ မြင်မကောင်း အောင် လမ်းများပေါ် ပြည့်လျှံနေပြီး အမှိုက် သရိုက်များဖြင့် အမြဲ ညစ်ပတ်နေတာကို တွေ့မြင်နေရပါတယ်။ ဒီလို အခြေအနေသာ ကလေးများ ကျောင်းတက်ချိန် ကျောင်း လွှတ်ချိန်တွေ ကြုံဆုံခဲ့ရင်တော့ အရွယ် ငယ်သော ကလေးများကို ချီပိုးပြီး သွားသင့် ပါတယ်။ အရွယ်နည်းနည်း ရောက်နေတဲ့ ကလေးများကို လက်မလွတ်ပဲ သေချာ ဂရု တစိုက် ခေါ်ဆောင်သွားသင့်ပါတယ်။ ဒါတွေ ဘာကြောင့် ပြောရသလဲ ဆိုရင် နှစ်စဉ် နှစ်တိုင်း ရေကြီးသောနေရာတစ်နေရာ ရှိပါ တယ်။ ဘယ်နေရာလဲဆိုတော့သွားတဲ့ သတင်းတစ်ခုကို ကြားသိရပါတယ်။ တစ်နေ့တွင် ကျောင်းပြန် ချိန်မှာ ကလေးငယ် တစ်ယောက်သည် ပလက်ဖောင်းပေါ်မှ လျှောက်နေစဉ် ပလက် ဖောင်းပွင့်နေသည်ကို မသိပဲ ခြေချော်ကျပြီး ရေမြောင်းထဲသို့ ပြုတ်ကျသွားခဲ့ပါတယ်။

ဒီလိုဖြစ်တဲ့အချိန်မှာ အနားမှာရှိတဲ့ လူကြီး နှစ်ယောက်လည်း ကမန်းကတန်း ဆင်းပြီး ကယ်ဆယ်ဖို့ ကြိုးစားရှာပါတယ်။ ဒါပေမယ့် ဆင်းပြီး ကယ်တဲ့ လူကြီးတစ်ယောက်လည်း ရေစီးသန်နေတဲ့ ရေမြောင်းထဲကို ပြုတ် ကျသွားပြီး ရှာမရဖြစ်ခဲ့ပါတယ်။ နောက်ရက် မှသာ အလောင်း ပြန်ပေါ်တယ်လို့ ကြားသိ လိုက်ရတဲ့အခါ ရင်ထဲမှာ အလွန်ပဲ ၀မ်းနည်း ကြေကွဲ မိခဲ့ပါတ သမိုင်း လမ်းဆုံ တစ်၀ိုက်နားပဲ ဖြစ်ပါတယ်။ သင် လည်း ဖြတ်သွားဖြတ်လာ မြင်တွေ့မယ်လို့ ထင်ပါတယ်။ အရင်နှစ်ကတော့ ကျောင်း အပြန်မှာ ဖြစ်ပွားယ်။ အပြင်လူတောင် ဒီ လောက် ခံစားခဲ့ရရင် ကလေး မိဘများနှင့် အတူ ပြုတ်ကျသွားသော လူရဲ့အိမ်မှ မိသားစုတွေဆိုရင်တော့ ပြောဖွယ်ရာ မရှိ တော့ပါဘူး။ အမှန်အားဖြင့် ပြောရရင် လမ်း များ၊ ရေနုတ်မြောင်းများကို မိုးရာသီ မရောက်ခင် ပြုပြင်ထားသင့်တယ်လို့ မြင်မိ ပါတယ်။ မိုးဥတုရောက်မှသာ လိုက်ပြင်နေ ရင်တော့ ပြင်လို့ဆုံးမှာ မဟုတ်တော့ဘူး။ ရေကြီးပြီးရင် ရေပြန်ကျသွားချိန်ဆို လမ်း များပေါ် အမှိုက်များ တင်ကျန်ခဲ့သည်မှာ လည်း မြို့တော်အင်္ဂါရပ်နဲ့ မလျော်ညီစွာ တွေ့မြင်နေရပါသည်။ ကလေးများနှင့် လူ ကြီးများပါ မိုးတွင်း ရောက်လာပြီဆိုရင်ဖြင့် အစစအရာရာ အားလုံး အထူးဂရုတစိုက် နေထိုင် ပြုမူသင့်ကြောင်း နိုးဆော်ရေးသား လိုက်ရခြင်းပင် ဖြစ်ပါတော့သည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *