News

မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ်တွင် အိန္ဒိယမှ ပါမောက္ခများ လာရောက်ပညာ သင်ကြားပေးမည်

မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ်တွင် အိန္ဒိယမှ ပါမောက္ခများ လာရောက်ပညာ သင်ကြားပေးမည်

အမျိုးသားအဆင့်မြင့် တက္ကသိုလ်တစ်ခုဖြစ်သော မြန်မာသတင်း အချက်အလက်နည်းပညာ တက္ကသိုလ်တွင် အိန္ဒိယသမ္မတနိုင်ငံမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ ငါးနှစ်ကြာလာရောက် သင်တန်းပို့ချပေးမည် ဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ငါးနှစ်ကြာ လာရောက်သင်ကြား ပို့ချပေးမည့်အပြင် သင်ကြားရေးတွင် လိုအပ်သည့်သင်ထောက်ကူ ပစ္စည်းများကိုလည်း အိန္ဒိယသမ္မတအစိုးရက ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ပင်မခြောက်ထပ် ကျောင်းဆောင်သစ် အဆောက်အအုံ အုတ်မြစ်ချပွဲ အခမ်းအနားကိုဇွန် ၁၇ ရက်က မန္တလေးမြို့တွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် “မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်သည် သတင်းအချက် အလက်နည်းပညာဆိုင်ရာ ပညာရေးနှင့်သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အိန္ဒိယ – မြန်မာ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အရ ဖွဲ့စည်းတည်ထောင်သော တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။” ဟုသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ တည်ဆောက် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.Gautam Mukhopadhayaက ပြောသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *