News

iPhone 5Cကြိုတင် အော်ဒါ မှာယူနိုင်ပြီ

ပြီးခဲ့တဲ့ ၁၀ရက်နေ့က Appleမှ ကြေညာပွဲထုတ်ခဲ့တဲ့ iPhone 5Cကို ယခုအခါ ကြိုတင် အော်ဒါ မှာယူနိုင်ပြီလို့ သိရပါတယ်။ သင့်အနေနဲ့ ဝါ၊ စိမ်း၊ နီ၊ ပြာ၊ အဖြူ အရောင်ငါးမျိုး ရှိတဲ့ထဲက နှစ်သက်ရာကို ရွေးချယ် မှာယူနိုင်ပြီး 16GB, 32GBစသဖြင့် မော်ဒယ်၂မျိုးလည်း ရွေးနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ AT&T, Sprint, Verizonစတဲ့ Network Carrierတွေနဲ့ Contractစာချုပ် ချုပ်ပြီး၀ယ်ယူရင် 16GBကို ဒေါ်လာတစ်ရာ၊ 32GBကို ဒေါ်လာနှစ်ရာနဲ့ ရရှိမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် Contractနဲ့ မဟုတ်ဘဲ iPhone 5Cကို Unlockedလိုချင်ရင် 16GBကို ၅၄၉ဒေါ်လာ၊ 32GBကို ၆၄၉ဒေါ်လာနဲ့ ၀ယ်ယူနိုင်မယ်လို့ သိရပါတယ်။

ကြိုတင်အော်ဒါ မှာယူပြီးနောက် ကုန်ပစ္စည်းရောက်မယ့် နေ့ရက်ကို စက်တင်ဘာ ၂၀ရက်နေ့လို့ သတ်မှတ်ထား ပါတယ်။ အဆိုပါနေ့ရက်မှာ iPhone 5Sလည်း Apple Storeတွေမှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ Appleအနေနဲ့ လက်ရှိiPhone 5ကို ထုတ်လုပ်ခြင်း ရပ်ဆိုင်းပြီးတဲ့နောက် ရောင်စုံကာလာ၊ ပလတ်စတစ်ကိုယ်ထည်နဲ့ ဒီiPhone 5Cဟာ iPhone 5ရဲ့ အစားထိုးမှု တစ်ခုပါ။ မြန်မာနိုင်ငံနဲ့ အနီးဆုံးဆိုရင် စင်္ကာပူနိုင်ငံကို Appleမှ ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ပရိသတ်တွေ iPhoneအသစ် ၀ယ်ယူချင်ရင် စင်္ကာပူကို လှမ်းမှာရမှာပေါ့။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “iPhone 5Cကြိုတင် အော်ဒါ မှာယူနိုင်ပြီ

  1. ဘယ္ေစ်းလဲ မသိဘူး ခင္ဗ်ာ

Leave a Reply

Your email address will not be published. Required fields are marked *