Opinion

ပြည်တွင်းရှိ ပညာရှင် ခရိုနီကြီးများနှင့် Gmail နံပါတ် ၁

Google Inc. မှ လစဉ် Gmail အသုံးပြုသူ ၄၂၅ မီလီယံ ရှိနေသည်ဟုမှ ရှေ့လက ကြေညာလိုက််သည့် အတွက်ကြောင့် လူသုံးအများဆုံး Microsoftရဲ့ Hotmailကို အလဲထိုးပြီး ကမ်ဘာ့ အီးမေးလ်သုံးသူ အများစုရဲ့ အသည်းကို ဆွတ်ခူးနိုင်ခဲ့သည်ဟု အင်တာနက် သတင်းရပ်ကွက်မှ သိရပါတယ်။ Gmail ဆိုတာကတော့ စာရေးသူတို့ နေထိုင်တဲ့ မြန်မာနိုင်ငံတော်ကြီး အတွက်တော့ No. 1 ဖြစ်နေတာ ကြာခဲ့ပါပြီ။ အင်တာနက်တွေ စပြီး တွင်တွင်ကျယ်ကျယ် သုံးလို့ရကတည်းကဆိုလဲ မမှားပါဘူး။ Gmail ဆိုသည်က စာဖတ်သူများ သိကြမည့်အတိုင်း အင်တာနက်ပေါ်မှာ လူတိုင်း ဖွင့်လှစ် အသုံးပြုနိုင်တဲ့ အီးမေးလ်၀န်ဆောင်မှု တစ်ခုပါ။ ဒီနေ့ ဒီအချိန်မှာတော့ ပြည်တွင်းရှိ လွတ်လပ်သော ပြည်သူပြည်သားများ သာမကတော့ပဲ ပညာရှင်များ၊ စီးပွားရေးသမားများပါ တွင်ကျယ်စွာ အသုံးပြုနေကြတာပါ။ ဘယ်လောက်ထိ ကြောက်ခမန်းလိလိ အသုံးပြုလဲဆိုရင်တော့ စီးပွားရေးအရ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား တစ်ယောက်ရဲ့ ပြောပြပုံလေးကို မျှေ၀ပေးပါ့မယ်။

“ခင်ဗျားတို့ နိုင်ငံကြီးကို မလာခင်က သတင်းတွေ အပြင်ရောက်မှာ ကြောက်တယ်လို့ ထင်ထားတာ၊ ရောက်လာတဲ့အခါကျတော့ အစည်းအေ၀းတစ်ခုမှာ Business Card တွေ ဖလှယ်ကြရင်း သတိထားမိလိုက်သည်က ၀န်ကြီးဌာနတိုင်းလိုလိုရဲ့ ကဒ်တွေမှာ သူတို့ရဲ့ Email လိပ်စာတွေအားလုံးလိုလို ‘@gmail.com’ ဆိုတော့ ကျွန်တော် တော်တော် အံ့အားသင့်သွားပါတယ်တဲ့။ သူတို့ နိုင်ငံမှာဆိုရင်တော့ ‘@-.gov’ အစရှိသဖြင့် အစိုးရ ကိုယ်ပိုင် လုံခြုံစွာ ကိုင်တွယ်ထားတဲ့ Data Center တွေ အသုံးပြုပြီး အီးမေးလ် သုံးကြပါတယ်တဲ့။” ၄င်းနိုင်ငံခြားသားရဲ့ ဆိုလိုရင်းကတော့ အရင်တုန်းကလို မီဒီယာတွေကို ေ၀းေ၀းရှောင်ကြတဲ့ ခေတ်ကတည်းက ပြည်တွင်းရေးရာများကို Hack လုပ်ခံရဖို့ အလွယ်ဆုံးဖြစ်တဲ့ Gmailလို Public အီးမေးလ် ၀န်ဆောင်မှုကို အရာရှိများကအစ သုံးစွဲနေကြလို့ပါပဲ။

စာရေးသူအမြင်ကတော့ Yahoo, Hotmail အစရှိသည်တို့နှင့် မတူညီတဲ့ အိုင်ဒီယာအသစ်ဖြင့် တည်ဆောက်ထားတဲ့ Gmailရဲ့ ၀န်ဆောင်မှုဟာ တကယ်သုံးလို့ အဆင်ပြေမယ်ဆိုရင်တော့ ဘယ်လို အကြောင်းကြောင်းကြောင့်ဖြစ်စေ အခြားကိစ္စတွေ ခေါင်းထဲ ထည့်မနေတော့ပဲ ဆက်လက် အသုံးပြုနေကြဦးမှာပါ။ သို့သော် နည်းပညာအဖွဲ့အစည်းများမှ နည်းပညာ ဆရာကြီးများကတော့ အရာရှိများရဲ့ အင်တာနက် လုံခြုံမှုကို မဖြည့်ဆည်းပေးနိုင်သေးသည့်အပြင် သူတို့ ဦးဆောင်နေတဲ့ ပြည်သူ့အတွက်ဆိုတဲ့ အဖွဲ့အစည်းတွေမှာတောင် အီးမေးလ်စံနစ်ကို ကောင်းစွာ အသုံးမပြုတတ်ကြသေးဖူးဟု ၀န်ခံကြပါတယ်။

ထို့ကြောင့် ပြည်ပမှ ပညာရှင်များကို အထင်မကြီး၊ ပိုက်ဆံ မပေးချင်ကြပဲ ကိုယ့်အကျိုးအတွက်သာ ရည်မှန်းနေကြတဲ့ ပြည်တွင်းမှ ပညာရှင်များဟု အမည်ခံထားသူ အများစု၏ လောဘကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျခံခဲ့သည်ဟု အားလုံးပြောနေကြသည့် သုံးမရတဲ့ အများပိုင် ၀က်(ဘ်)ပေါတယ်(လ်)ကြီး တည်ဆောက် ပြီးစီးသွားသော်ညားလည်း အိမ်နီးနားချင်းနိုင်ငံများလို ထယ်ဝါတဲ့ မြန်မာ့ပိုင် အီးမေးလ် ၀န်ဆောင်မှုကိုတော့ ယခုထက်တိုင် မပေးစွမ်းနိုင်သေးပါဘူး။ ဒါကြောင့််မို့ ခရိုနီ ပညာရှင် အယောင်ဆောင်အများစုနှင့် ဖွဲ့စည်းထားကြသည့် စာရေးသူတို့ ရွေှနိုင်ငံတော်ကြီးမှာတော့ Gmailဟာ နံပါတ် ၁ နေရာကို အမြဲတမ်း ဆက်လက် ဆွတ်ခူးနေပါဦးမယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *