News

Planes

Genre –  Comedy, Racing

Studio – DisneyToon Studios

Distributor – Walt Disney Studios Motion Pictures

Score – 2.5 out of 5

Walt Disney Pictures နှင့် Pixar Animation Studio တို့ပူးပေါင်းဖန်တီးထားတဲ့ Cars  နှင့် Cars 2 3D Animation ဇာတ်လမ်းများနေရာယူထားရာ လောကအတွင်းမှာပဲ ဇာတ်လမ်းဆင်ထားတဲ့ Planes ဟာ ဒီတစ်ခေါက်မှာတော့ Pixar ရဲ့ လက်ရာမဟုတ်ဘဲ Walt Disney ရဲ့ Direct-to-video ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Tinker Bell, The Fox and  The Hound 2 နှင့် Lilo & Stitch 2 လိုမျိုး ရုပ်ရှင်တွေကို ရေးဆွဲပေးခဲ့တဲ့ DisneyToon Studios ရဲ့ လက်ရာဖြစ်ပါတယ်။ မူလက DisneyToon Studios ရဲ့ ရုပ်ရှင်အများစုလိုပဲ DVD နှင့် BluRay Discs အဖြစ်သာ တိုက်ရိုက်ဖြန့်ချီဖို့အစီအစဉ် ရှိခဲ့ပေမည့် Disney Pictures အနေနှင့် နောက်ပိုင်းမှာ ရုံတင်ပြသဖို့အတွက် အစီအစဉ်ပြောင်းလဲခဲ့ပြီး Animation Quality ကို ပိုမိုမြင့်တင်ကာ ဖြန့်ချီခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အတွက်ကြောင့်ပဲ Planes ဟာ အခြား Pixar ရုပ်ရှင်တွေ Quality လောက်တော့ Production ပိုင်းတွေ ဇာတ်လမ်းပိုင်းတွေ အရမ်းကြီး မမှီပေမည့် ကြည့်ပျော်မည့် မိသားစုဖျော်ဖြေရေးဇာတ်ကားတစ်ကား အဖြစ်သာ အဓိက ရိုက်ကူးထားတာကို တွေ့ရမှာပါ။

Planes နေရာယူထားတဲ့ ကမ္ဘာမှာ Cars မှာလိုမျိုးပဲ စကားပြောတတ်တဲ့ ယဉ်တွေကို မြင်တွေ့ရမှာဖြစ်သလို စကားပြောတတ်တဲ့ လေယဉ်တွေ၊ ရထားတွေ၊ ကားတွေက မောင်းနှင်တဲ့သူ မပါဘဲ ကိုယ်တိုင်သွားလာနိုင်တာ တွေ့ရမှာပါ။ Planes ရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်တဲ့ Dusty Crophopper (အသံသရုပ်ဆောင် – Dane Cook) ဟာ ပြောင်းဖူးခင်းမှာ အလုပ်လုပ်နေတဲ့ လေယဉ်ငယ်လေးဖြစ်ပြီး ကမ္ဘာအနှံ့နေရာမျိုးစုံမှာ ဝင်ရောက်ယှဉ်ပြိုင်ရမည့် Wings Across the World ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ချင်သူ တစ်ယောက်ဖြစ်ပါတယ်။

တစ်နေ့မှာတော့ Dusty ဟာ သူ့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ ကားလေး Chug နှင့် Forklift ကားလေး Dottie တို့ရဲ့ အကြံပေးမှုကြောင့် စစ်မှုထမ်းဟောင်း Fighter Plane ကြီးဖြစ်တဲ့ Skipper နှင့်တွေ့ဆုံပြီးနောက်မှာတော့ ပြိုင်ပွဲဝင်ဖို့အတွက် လေ့လာခွင့်ရခဲ့ပုံဖြင့် ဇာတ်လမ်းဆင်ထားပါတယ်။ နောက်ပိုင်းမှာတော့ Cars တို့ Turbo တို့လို 3D Animation Racing ဇာတ်လမ်းလိုမျိုးပဲ ပြိုင်ပွဲဝင်ခါနီးမှာ အခြားပြိုင်ဘက်သို့မဟုတ် မိတ်ဆွေတွေ ဖြစ်လာမည့် ပြိုင်ပွဲဝင်တွေအဖြစ် Ishani အမည်ရ AeroCad AeroCanard အမျိုးအစားလေယာဉ်၊ Rochelle အမည်ရ Quebec racing plane အစရှိတဲ့ Racers များနှင့်အတူ Dusty ရဲ့ အဓိကပြိုင်ဘက်ဖြစ်လာမည့် Carbon-Fiber Plane အမျိုးအစား Ripslinger အစရှိတဲ့ လေယဉ်မျိုးစုံနှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Planes ရဲ့ Animation ပိုင်းကို ကြည့်မည်ဆိုရင်တော့ racers တစ်စီးနှင့်တစ်စီး  မောင်းနှင်ပုံတွေ၊ လှုပ်ရှားပုံတွေကို ပြင်ပလောကတွေ လေယာဉ်တွေ ပုံစံမျိုး ကွဲပြားအောင် စီစဉ်ထားနိုင်ပြီး DisneyToon ရဲ့ အရင် 3D Animation ရုပ်ရှင်တွေထက် Quality ပိုကောင်းလာသလို ကလေးပရိသတ်ပိုသဘောကျအောင် လေယာဉ်တွေကို အရောင်မျိုးစုံရောစပ်ဖန်တီးထားတာ တွေ့ရမှာပါ။ ပြိုင်ပွဲအနေနှင့်ကလည်း ပုံစံပွဲကွင်းထဲမှာ မဟုတ်ဘဲ  New York မှ Iceland၊ Pacific Ocean မှ Mexico အစရှိတဲ့ ပွဲစဉ် Leg ခုနှစ်မျိုးနေရာချထားလို့ နောက်ခံရှူခင်းမျိုးစုံကို မအီသွားဘဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Planes ဟာ ထူးခြားတဲ့ ဇာတ်လမ်းအသစ်တွေ မပါဝင်ပေမည့် အခြား Racubg ရုပ်ရှင်တွေနှင့် အနည်းငယ်ကွဲပြားမှုရှိအောင် တင်ဆက်နိုင်တဲ့ မိသားစု ဖျော်ဖြေရေး ရုပ်ရှင်တစ်ခုဖြစ်တာ တွေ့ရမှာပါ။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

One thought on “Planes

Leave a Reply

Your email address will not be published. Required fields are marked *