မင်္ဂလာပါ။ သီတင်းကျွတ် ပိတ်ရက်တွေမှာ အားလုံးပျော်ရွှင်ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်။ ပိတ်ရက်ပြီးသောငြားလည်း အိမ်တွင်းမှာ speaker အကောင်းလေးနဲ့ ငြိမ်းငြောင်းစွာ စည်းဇိမ်ခံနိုင်ဖို့ Panasonic Wireless Speakerလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
Panasonic ရဲ့ Urban Audio 7 လို့အမည်ပေးထားတဲ့ ဒီ Bluetooth Speaker မှာ စပီကာ ၁၀ လုံးပါဝင်ပါတယ်။ Tweeters (၄)လုံး၊ Mid-range Woofers (၄)လုံး၊ Woofers အကြီး (၂)လုံး တို့ကို နေရာတကျ တပ်ဆင်ပေးထားတဲ့အတွက် တုန်ခါမှုကင်းတဲ့ သာယာနာပျော်ဖွယ်အသံကို အခန်းပြည့် ခံစားရစေမှာပါ။ Bass Reflex System ကိုအသုံးပြုထားပြီး လေထုကိုဖြတ်သန်းလာတဲ့ Airquake Bass သံကိုလည်း ဖန်တီးပေးထားပါတယ်။ ကျစ်ကျစ်လျစ်လျစ်ဖန်တီးထားတဲ့ ဆဌဂံတုံးပုံစံ ကိုယ်ထည်ကလည်း သင့်ရဲ့အခန်းထဲမှာ နေရာမစားပဲ စမတ်ကျကျ နေရာယူထားမှာပါ။ ဒါ့အပြင် Panasonic MAX Juke App ကို အသုံးပြုပြီးတော့ သင့်ရဲ့ဖုန်းထဲက သီချင်းတွေကို 4GB ပမာဏရှိ Internal Storage ထဲကို ကူးပြောင်းထည့်သွင်းလို့ ရဦးမှာဖြစ်ပါတယ်။
UA7 မှာ USB Port နှစ်ခုပါဝင်လို့ သီချင်းတွေကို ကူးပြောင်းနိုင်ရုံသာမက တိုက်ရိုက်လည်း သီချင်းများကို ရွေးချယ်နားဆင်နိုင်ပါတယ်။ Local Preset Equalizer ပါဝင်တဲ့အတွက်ကြောင့် ရော့ခ်သီချင်းတွေကို နားဆင်တာမှအစ ဘောလုံးပွဲ ထုတ်လွှင့်ကြေညာချက်တွေအဆုံး ဘယ်လို အစီအစဉ်မျိုးပဲဖြစ်ဖြစ် မိမိစိတ်ကြိုက် အသံပိုင်းဆိုင်ရာကို ချိန်ညှိနားဆင်နိုင်ပါတယ်။ Optical Input အနေနဲ့လည်း သင့်ရဲ့ TVကို ချိတ်ဆက်နိုင်ပြီး အသစ်ပါဝင်လာတဲ့ Voice Expansive Modeကြောင့် TV ကနေ အသံဖြာထွက်နေသည့်အလား ထင်မှတ်ရအောင် ခံစားရမှာပါ။
ဒါ့အပြင် မိုက်ကရိုဖုန်းတစ်လုံးကို တပ်ဆင်ပြီး အိမ်တွင်းကာရာအိုကေလည်း ဆိုလို့ရပါသေးတယ်။ ဒီတော့ ရုပ်ရှင်၊ ဂီတနဲ့တေးသွားတွေကို အထူးနှစ်သက်သူတွေအတွက် Feature ပေါင်းများစွာ ထည့်သွင်းပေးထားတဲ့ ဒီ Panasonic Urban Audio 7 ဟာ စတိုင်ကျ သပ်ရပ်ပြီးတော့ အမြင့်မားဆုံး အသံပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေ ပေးစွမ်းနိုင်တဲ့ စွမ်းရည်မြင့်စပီကာတစ်လုံးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒီ Bluetooth Speakerကို မှာယူချင်တယ်ဆိုရင်တော့ ၅၂၁,၀၀၀ ကျပ်နဲ့ အောက်ဖော်ပြပါလင့်ကနေ မှာယူနိုင်ပါတယ်ခင်ဗျ။
🛍 https://ict.com.mm/product/panasonic-wireless-speaker-sc-ua7/
Panasonic Wireless Speaker for Your Home

17
Oct