Laptops, News, Review

နှေးကွေးလေးလံတဲ့ Laptop တစ်လုံးနဲ့ အလုပ်လုပ်ရတာ မုန်းတဲ့သူတွေအတွက်

နှေးကွေးလေးလံတဲ့ Laptop တစ်လုံးနဲ့ အလုပ်လုပ်ရတာမုန်းတဲ့သူတွေအတွက် Lenovo ရဲ့ ThinkPad L480 Black (i5 8th gen)ဟာ အဖြေတစ်ခုဖြစ်လာမှာပါ။ ၁၄ လက်မရှိတဲ့ Thinkpad L480 ဟာ i5 8th gen ၊ RAM 8 GB နဲ့ SSD 256 GB တို့ပေါင်းစပ်ထားတဲ့အတွက်ကြောင့် စွမ်းရည်မြင့်မားမှုကို ခံစားရရှိစေမှာဖြစ်ပြီး များပြားလှတဲ့ သင့်ရဲ့ အလုပ်တွေကို လျင်လျင်မြန်မြန် သက်တောင့်သက်သာပြီးမြောက်အောင် ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။

L480 ဟာ Road Warrior လို့ဆိုရမဲ့ သွားသွားလာလာ အလုပ်လုပ်ကိုင်ရတဲ့သူတွေအတွက် အထူးရည်ရွယ်ပြီးတည်ဆောက်ထားပါတယ်။ ပြီးခဲ့တဲ့မျိုးဆက်ထက် ၁၃% ပိုမိုပေါ့ပါးပြီး ၈% ပိုမိုပါးလွှာတာကြောင့် ဘယ်နေရာကိုမဆို အလွယ်တကူသယ်ဆောင်သွားနိုင်ပါတယ်။ အဖြူရောင် LED နဲ့ Backlit Keyboard ပါဝင်တာကြောင့် အလင်းရောင်နည်းပါးတဲ့နေရာတွေနဲ့ အရေးပေါ်ညဘက်အလုပ်လုပ်ရတဲ့အခါ လွယ်လွယ်ကူကူ ပြီးမြောက်အောင် ကူညီပေးနိုင်ပါတယ်။ Display မှာ Anti-glare FHD Display ကိုထည့်သွင်းအသုံးပြုထားတဲ့အတွက် မျက်စိထိခိုက်မှုကိုသက်သာစေပါတယ်။ L 480 မှာတပ်ဆင်ထားတဲ့ 3 Cell 45WH ဘတ္ထရီဟာ အားအပြည့်တစ်ကြိမ်သွင်းထားပြီးတိုင်း ၁၂ နာရီထိအသုံးခံတဲ့အတွက် သွားရင်းလာရင်းအသုံးပြုရတဲ့အခါ အားသွင်းဖို့နေရာရှာရတဲ့ ဒုက္ခကနေ ကင်းလွတ်နိုင်ပါတယ်။ ဒါ့အပြင် အားပြန်သွင်းတဲ့အခါမှာလည်း Rapid Charging Feature ကြောင့် တစ်နာရီအတွင်း ၈၀% အထိ အားပြန်ပြည့်စေပါတယ်။

လက်ဗွေဖတ်စက်နဲ့ Infrared Camera ပါဝင်လာတဲ့အတွက်ကြောင့် ကွန်ပြူတာရဲ့ Password ကို ခေါင်းအလေးခံပြီး မှတ်နေစရာမလိုတော့ပါဘူး။ လက်ညှိုးလေးတင်လိုက်ရုံ ဒါမှမဟုတ် ကင်မရာရှေ့မှာ ကိုယ့်မျက်နှာပြလိုက်ရုံနဲ့ အလိုအလျောက်ကွန်ပြူတာကို ဝင်ရောက်နိုင်ပါလိမ့်မယ်။​Ports တွေအနေနဲ့ကတော့ USB-Type C (2) ခု၊ USB 3.0 (2) ခု၊ HDMI၊ 4-in-1 Micro SD card readerနဲ့ Audio combo jack ပေါက်တို့ ပါဝင်ပါတယ်။ ကွန်ယက်ချိတ်ဆက်မှုတွေအတွက် 2×2 AC WiFi ၊ Bluetooth® 4.2၊ LTE-A နဲ့ NFC တို့ကို တပ်ဆင်ပေးထားပါတယ်။

သီတင်းကျွတ် လက်ဆောင်မွန်အဖြစ် မှာယူချင်တယ်ဆိုရင်တော့…
🛍 https://ict.com.mm/product/lenovo-thinkpad-l480-black-i5-8th-gen-256gb-ssd/

Leave a Reply

Your email address will not be published. Required fields are marked *