Cameras, Review

ပုံရိပ် ဝါးခြင်းတွေကို နှစ်ဆ ပိုမို ခုခံနိုင်တဲ့ Panasonic Lumix DMC-FZ40

အရင် အပတ်တွေတုန်းကတော့ Professional အသုံးပြုနိုင်တဲ့ ကင်မရာတွေကို ရွေးချယ်ဖော်ပြခဲ့ရာမှာ ဒီတစ်ပတ်မှာတော့ Panasonic ကနေ ထုတ်လုပ် လိုက်တဲ့ Lumix DMC-FZ40 ဒီဂျစ်တယ် ကင်မရာကို ရွေးချယ် ဖော်ပြပေးလိုက်တယ်။ ဒီဂျစ်တယ် ကင်မရာလို့ ပြောပေမယ့်လည်း Professional ကင်မရာ ပုံစံ လှလှပပ ဒီဇိုင်းဆင်ထားပါတယ်။ DMC-FZ40 ကို ၂၀၁၀ ခုနှစ်၊ ဂျူလိုင်လ (၇) ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ Optical Zoomနဲ့ Manual Optionsကို ပေါင်းစပ် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Popular ဖြစ်နေတဲ့ Panasonic FZ series များထဲက တစ်ခု အပါအ၀င်ဖြစ်ပါတယ်။

အဓိက Features များ
Panasonic Lumix DMC-FZ40 ကင်မရာက 14.1MP ရှိပြီး CCD sensorကို အသုံးပြုထားပါတယ်။ 230K Dot ရှိတဲ့ 3.0 inch fixed LCD Screenကို အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။ AVCHD Lite 720p HD Video Recording ပြုလုပ်နိုင်သည့်အပြင် Manual Shooting Modes များလည်း ပါ၀င်ပါတယ်။ Focusကို မြန်ဆန် စွာ ဖြတ်ပေးနိုင်ဖို့အတွက်တော့ ‘Sonic Speed’ Auto-Focus Systemကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

HD Movieလည်း ရိုက်ကူးနိုင်
ဒီကင်မရာမှာ 27mm to 25mm ရှိပြီး 18x to 24x Zoom Power ရှိတဲ့ LEICA DC VARIO-ELMARIT lens အသုံးပြုပေးထားပါတယ်။ နောက်ပြီး ရိုက်ကူးရေးတွေ ပြုလုပ်ရာမှာ Processing မြန်ဆန်ဖို့အတွက် LSI the Venus Engine HD IIကိုလည်း အသုံးပြုထားတာ တွေ့ရပါတယ်။ အဆိုပါ အင်ဂျင်က ဓါတ်ပုံတွေ ရိုက်ကူးရာမှာရော HD Movieတွေ ရိုက်ကူးတဲ့ နေရာမှာပါ Picture Quality အကောင်းဆုံး ဖြစ်အောင် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

24x Optical Zoom ရှိ
ကင်မရာရဲ့ အရည်အသွေးကို Megapixelsပေါ် ကြည့်ပြီး ဆုံးဖြတ်ကြသလို Optical Zoomကို ကြည့်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။ ဒီကင်မရာလေးက 14.1MP ရှိတဲ့အပြင် 24x Optical Zoom ရှိတာ တွေ့ရပါတယ်။ Sonic Speed AF စနစ်ကို ထည့်သွင်းပေးထားတဲ့အတွက် ထုတ်ကုန်တွေထဲမှာ အမြန်ဆုံး Levelကို စွမ်းဆောင်နိုင်တဲ့ ကင်မရာတစ်လုံး ဖြစ်စေပါတယ်။ ISO rangeက 100-1600အထိ ရှိပါတယ်။

ပုံရိပ်ဝါးခြင်းကို တားဆီးနိုင်
နောက်ပြီး POWER O.I.S. (Optical Image Stabilizer) ပါ၀င်တဲ့ iA (Intelligent Auto) Mode ထည့်သွင်းပေးထားတဲ့အတွက် သာမန် Image Stabilization စနစ်ထက် လက်တုန်ခါမှုကြောင့် ပုံရိပ်ဝါးခြင်းတွေကို နှစ်ဆ ပိုမို ခုခံနိုင်မှာ ဖြစ်ပါတယ်။ Movie Recordingတွေ ပြုလုပ်တဲ့နေရာမှာလည်း အဆိုပါ iA Modeကို အသုံးပြုနိုင်ပါသေးတယ်။ လက် အနေအထားပေါ် မူတည်ပြီး သင့်လျော်တဲ့ မြင်ကွင်းတွေကို Automatic Focus ဖြတ်ပေးနိုင်ပါတယ်။

အားသာချက်
Panasonic Lumix DMC-FZ40ရဲ့ အားသာချက်ကတော့ ဒီဂျစ်တယ် ကင်မရာနဲ့ မလိုက်အောင် ထူးကဲလှတဲ့ Featureတွေ ပါ၀င်တဲ့အပြင် ဒီဇိုင်းကိုလည်း Professional ကင်မရာ တစ်လုံး အသွင် ဖန်တီးပေးထားခြင်းက အသုံးပြုသူတွေအတွက် လူပုံအလယ်မှာ ကြွားကြွား၀င့်၀င့် ရှိစေပါတယ်။ နောက်ပြီး Battery Life Time မြင့်မားတဲ့အတွက် တစ်နေကုန်အောင် လျှောက်ရိုက်နေသူများအဖို့တော့ Batteryအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။

အားနည်းချက်
သူ့ရဲ့ အားနည်းချက်ကို ပြောရမယ်ဆိုရင် ISO 400မှာ ချိန်ပြီး ဓာတ်ပုံတွေကို ရိုက်ကူးမယ်ဆိုရင်တော့ Menu System ညှိတဲ့နေရာမှာ အခက်အခဲ အနည်းငယ် ရှိတာ တွေ့ရပါတယ်။

သုံးသပ်ချက်
ဒီဂျစ်ကင်မရာ ဖြစ်ပေမယ့် Professional အသွင် ဖန်တီးထားခြင်းက နှစ်သက်စရာ ဖြစ်ပါတယ်။ ပေးချေလိုက်ရတဲ့ တန်ဖိုးငွေနဲ့ တန်အောင်လည်း အသုံး၀င်လှတဲ့ Featureတွေနဲ့ လက်တုန်ခါမှုကြောင့် ပုံရိပ်ဝါးခြင်းတွေကို နှစ်ဆ ပိုမို ခုခံနိုင်တဲ့ iA Mode ပါ၀င်ခြင်းက လုံး၀ ကျေနပ်စရာပါ။

Leave a Reply

Your email address will not be published. Required fields are marked *