Automobile

Nissan Fairlady 370 Z

ဒီတစ်ပတ် မိတ်ဆက်ပေးမယ့် Fairlady 370 Z အကြောင်း မပြောခင် Nissan Z car သမိုင်းကြောင်းကို အရင် ပြောပြပါ့မယ်။ ဂျပန်နိုင်ငံ အခြေစိုက် Nissan ကားကုမ္ပဏီဟာ 1969 ခုနှစ်မှ စတင်ပြီး နှစ်ယောက်စီး ပြိုင်ကား S 30 (240 Z)ကို Nissan Fairlady Z နာမည်နဲ့ ဂျပန်နိုင်ငံမှာ ဖြန့်ချိခဲ့ပြီး Datsun 240 Z နာမည်နဲ့ အမေရိကန် ဈေးကွက်ကို ၀င်ရောက်ခဲ့ပါသည်။ Nissan ကုမ္ပဏီဟာ First Generation ဖြစ်တဲ့ 240 Zမှ စတင်ပြီး Sixth Generation ဖြစ်တဲ့ 370 Z တိုင်အောင် အစီးရေ နှစ်သန်းကျော် ရောင်းချနိုင်ခဲ့တဲ့အတွက် Fairlady Zဟာ ကမ်ဘာ့ အရောင်းရဆုံး Sports ကားမျိုးဆက်အဖြစ် စာရင်း၀င်ခဲ့ပါတယ်။ First Generation ဖြစ်တဲ့ 240 Z မှာတော့ 2.4 L ကာဗရိုက်တာ အင်ဂျင် (2.4 L inline-6 with twin SU-type carburetors)ကို စတင် အသုံးပြုခဲ့ပြီး 15L hp (113 KW)ထိသာ စွမ်းရည် ထုတ်လုပ်နိုင်ပါတယ်။ 1999 ခုနှစ်မှာတော့ ပြင်သစ် ကားကုမ္ပဏီဖြစ်တဲ့ Reanultဟာ Nissan ပိုင်ဆိုင်မှုရဲ့ 44.4%ကို ၀ယ်ယူပြီးခဲ့တဲ့ နောက်မှာတော့ Fairlady Zရဲ့ အခန်းကဏ္႑ကို CEO အသစ် Carlos Ghosnက မြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီနောက် 2002 ခုနှစ်မှာတော့ 3.5 L VQ 35 DE DOHC V6 အင်ဂျင် တပ်ဆင်ထားတဲ့ Fairlady 350 Zကို ယခင် ပုံစံများနှင့် မတူဘဲ ပြောင်းလဲ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ 2009 ခုနှစ်မှာတော့ 350 Zရဲ့ အမွေခံ Fairlady Z ရဲ့ Sixth Generatiion 370 Zကို
ပိုမို ဆန်းသစ်တဲ့ ပုံစံနဲ့ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Fairlady 370 Z တံခါး နှစ်ပေါက်ပါ နှစ်ယောက်စီး ပြိုင်ကား အမျိုးအစား ဖြစ်ပါတယ်။ Z door Coupe’ နဲ့ 2 door roadst ပုံစံဟာ ယခင် 350 Z ရဲ့ ပုံစံနဲ့ ဆင်တူပါတယ်။ ရှေ့ မီးခွက်နဲ့ နောက် မီးခွက်တို့ရဲ့ ပုံစံက ပိုမို လက်ဆက် ဆန်းသစ်လာတာ တွေ့ရပါတယ်။ 350 Zနဲ့ နှိုင်းယှဉ်ရင်တော့ Wheelbase မှာ 4 လက်မ ပို နိမ့်ပြီး၊ ကားရဲ့ အလျားမှာလည်း 2.7 လက်မ ပို တိုလာတာ တွေ့ရပါတယ်။ ကားရဲ့ အနံကိုတော့ 1.3 လက်မ ပိုမို ချဲ့ကား ထားပြီး ကားနောက်ခန်းကို 2.2 လက်မနဲ့ ကားတစ်စီးလုံး အမြင့်ကိုတော့ 0.3 လက်မထိ လျော့ပြီး တည်ဆောက်ထားပါတယ်။ ခြုံငုံပြီး ကြည့်ရင်တော့ ယခင် 350 Z ထက် အနည်းငယ် သေးငယ်လာတာ တွေ့ရပါတယ်။ ပိုမို ပေါ့ပါးစေရန်အတွက် ကားစက်ဖုံး၊ အောက်ခံ ဖရိန်နဲ့ ဘေးတံခါး Panel မျာကို Alluminum သတ္တုကို အသုံးပြုပြီး တည်ဆောက််ထားပါတယ်။ ကားရဲ့ ရှေ့ပါးခြမ်း တစ်ဖက်ဆီမှာတော့ Fairlady Z ရဲ့ အမှတ်အသား Z တံဆိပ်ကို ထင်ရှားစွာ မြင်နိုင်ရန် တပ်ဆင်ထားပါတယ်။

370 Z ရဲ့ ကားအတွင်းခန်းထဲ ၀င်ထိုင်လိုက်တာနဲ့ ယခင် 350 Z အတိုင်း Sport ကားရဲ့ အရသာကို အပြည့်အ၀ ခံစားနေရမှာပါ။ ကားရဲ့ ထိုင်ခုံများကို နူးညံ့သော သားရည်များနဲ့ ဆိုဖာများကို အသုံးပြုထားပြီး အတွင်းခန်း အပြင်အဆင်မှာ Luxury-Sport ကားများ နီးပါး ဆန်းသစ် ကောင်းမွန်လာတာ တွေ့ရပါတယ်။ Sporty ပုံစံ မီတာ ဒိုင်ခွက်များနဲ့ စီတီယာတိုင် ဂွေပုံစံတို့ဟာလည်း ယာဉ်မောင်းသူအတွက်တော့ တကယ့် ပြိုင်ကား တစ်စီးပါပဲ။ အန္တရာယ် ကင်းေ၀းစေရန် SRS Airbag 6 လုံး တပ်ဆင်ပေးထားပါသေးတယ်။ ကားရဲ့ Sound System ကိုတော့ ကမ်ဘာကျော် Bose အမှတ်တံဆိပ်ကို အသုံးပြုထားပါတယ်။ အတွင်းခန်း အရောင်ကိုတော့ လိမေ္မာ်ရောင်၊ အမည်းရောင်နဲ့ မီးခိုးရောင် ကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။ 370 Zရဲ့ ထူးခြားချက် တစ်ခုကတော့ ကားရဲ့ ဘရိတ် (Brakes) များကို ဈေးနှုန်း မြင့်မားသော Brembo အမှတ်တံဆိပ် ဘရိတ်များ တပ်ဆင်ပေးထားခြင်းပဲ ဖြစ်ပါတယ်။

အင်ဂျင် အမျိုးအစားကိုတော့ 3.7 Liter V6 VQ 37 HR အမျိုးအစားကို တပ်ဆင်ပေးထားပါတယ်။ စွမ်းဆောင်ရည် 332 hp (248 KW)ထိ ရှိပါတယ်။ 5.1 စက္ကန့်အတွင်းမှာ 0 မှ 60 mphထိ မြှင့်တင်နိုင်ပါတယ်။ ဂီယာ အမျိုးအစားကတော့ 7.Speed Automcticနဲ့ 6-Speed Manual နှစ်မျိုး ရှိပါတယ်။ Versionsများအနေနဲ့ NISMO 370  Z, 370 Z Yellow, 370 Z Roadsterနဲ့ 370 Z 40th Anniversary Editionတို့ကို ထပ်မံ ထုတ်လုပ်ထားပါတယ်။ Versionsများအနက် Sport Type ကြိုက်နှစ်သက်သူတွေအတွက် NISMO Versionကတော့ အမိုက်ဆုံး ပါပဲ။ အင်ဂျင် စွမ်းရည် 350 hp (260 kw) ကို 7400 RPMမှာ ထွက်ရှိစေတဲ့အတွက် ပိုမို ကောင်းမွန်အောင် ပြောင်းလဲထားပြီး ပေါ့ပါးပြီး လှပတဲ့ RAYS အမှတ်တံဆိပ် alloy ခွေကိုလည်း တပ်ဆင်ပေးထားပါတယ်။ ဘရိတ်များကိုလည်း NISMO Sport Brokes များကိုသာ အသုံးပြုထားပြီး 6-Speed Manul ဂီယာကိုသာ အသုံးပြုရမှာ ဖြစ်တဲ့အတွက် တကယ့် Sport Car Versionပဲ ဖြစ်ပါတယ်။

Nismo Version ဈေးနှုန်းကတော့  US$ 3 သောင်းကျော်သာ ရှိတဲ့အတွက် Sport ကားချစ်သူများအတွက် အလှမ်းမေ၀းတဲ့အပြင် 3702ရဲ့ ကားပုံစံ၊ အတွင်းခန်း အပြင်အဆင်၊ အင်ဂျင် စွမ်းဆောင်ရည် အားလုံးဟာ ကမ်ဘာ့အဆင့်မီ ပြိုင်ကား တစ်စီးရဲ့ အရည်အချင်းများ ပြည့်စုံတဲ့အတွက် ၀ယ်စီးသင့်တဲ့ Sport ကားအဖြစ် အကြံပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *