Graphics, How-to

Package Design ပုံစံ ဘူးခွံလေးတွေ ရေးဆွဲနည်း

ကုမ္ပဏီတွေအနေနဲ့ မိမိတို့ရဲ့ သက်ဆိုင်ရာ package တွေရောင်းကြတဲ့အခါမှာ package ကို ကိုယ်စားပြုတဲ့ ရောင်စုံ ဘူးခွံပုံလေးတွေဆွဲပြီး ပြကြပါတယ်။ Discount ကာလတို့၊ Promotion ကာလတို့အတွက်လည်း ဘူးခွံလေးတွေနဲ့ ပြတတ်ကြပါတယ်။ တစ်ခါတစ်လေ banner တွေဆွဲတဲ့အခါမှာလည်း ဘူးခွံပုံစံလေးတွေဆွဲကြတာ မြင်ဖူးမှာပါ။ အဲဒီ့လို ဘူးခွံပုံလေးတွေကို photoshop ကိုအသုံးပြုပြီး ဆွဲနည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

အရင်ဆုံး နောက်ခံ backgroud အတွက် စတင်ပြုလုပ်ရပါမယ်။ Width 300 pixels, height 250 pixels ရှိတဲ့ canvas တစ်ခုယူပါမယ်။

1
Layer အသစ်တစ်ခုယူပြီး #d7d7d7 ဆိုတဲ့အရောင်ကို ဖြည့်ပါမယ်။ Layer ရဲ့ဘေးက လွတ်နေတဲ့ နေရာကို double click ပြီးပဲဖြစ်ဖြစ် အောက်ဘက်က Add a layer style ကိုနှိပ်ပြီးတော့ပဲဖြစ်ဖြစ် Layer Style box ကိုခေါ်လိုက်ပါမယ်။ ပြီးရင် Gradient Overlay ကို ပုံမှာပြထားတဲ့ တန်ဖိုးတွေအတိုင်းပေးရပါမယ်။
2
M ကိုနှိပ်ပါ။ Rectangular Marquee Tool ကိုခေါ်လိုက်တာဖြစ်ပါတယ်။ အပေါ်ဘက်က Style ကို Fixed Size ထားပါ။ Width ကို 300 px, height ကို 80px ပေးပါ။ ပြီးရင် canvas ပေါ်တစ်ချက် click ပါ။ Selection ရလာပြီဆိုရင် #bdbdbd color ဖြည့်ပါ။
3
Hardness 0 % ရှိတဲ့၊ Master Diameter 27 pixels ရှိတဲ့ brush တစ်ခုကိုယူပါ။ Foreground color ကို အနက်ရောင်(#000000) ဖြစ်ပါစေ။ ပြီးရင် layer အသစ်တစ်ခုယူပါ။ layer အသစ်ကို ခုနက အရောင်ဖြည့်ထားတဲ့ layer အောက်ကိုထားလိုက်ပါ။ အသစ်ယူထားတဲ့ layer ကိုပဲ ရွေးချယ်ထားပြီး 27 px brush နဲ့ ပုံမှာပြထားတဲ့ direction အတိုင်း canvas ပြည့်တဲ့အထိဆွဲပါမယ်။
4
Brush နဲ့ ဆွဲပြီးတာနဲ့ အဲဒီ့ layer ရဲ့ opacity ကို 30% အထိလျှော့ချပေးလိုက်ရပါမယ်။ ပြီးရင် Move Tool ကိုအသုံပြုပြီး အောက်ကို အနည်းငယ်ချပေးလိုက်ရပါမယ်။ ပုံမှာပြထားတဲ့အတိုင်းဖြစ်ရပါမယ်။
5
အခု package ပုံလေးကို စဆွဲပါမယ်။ Rectangular Marquee Tool ကိုယူပြီး Fixed Size မှာ width ကို 120 px, height ကို 150 px ပေးပါ။ ပြီးရင် canvas ပေါ်ကို တစ်ချက် click ပါ။ Selection ရလာပြီဆိုရင် #bac7ff ကိုဖြည့်လိုက်ပါမယ်။ ပြီးရင် gradient overlay ပေးရပါမယ်။
6
7
Ellipitical Marquee Tool ကိုယူပြီး ပုံမှာပြထားတဲ့အတိုင်း package မျက်နှာစာပုံကို အုပ်သည်အထိ selection ပေးပါမယ်။ ပြီးရင် ပုံရှိတဲ့ layer ရဲ့ thumbnail အကွက်ပေါ် Ctrl + click နှိပ်ပါ။ မလိုအပ်တဲ့ selection တွေပျောက်သွားပြီး ပုံပေါ်မှာပဲ selection ရှိပါတော့မယ်။
8
ပုံမှာ ပြထားတဲ့အတိုင်း selection ရလာပြီဆိုတာနဲ့ layer အသစ်ယူပြီး အဖြူရောင်(#ffffff) ဖြည့်လိုက်ရပါမယ်။ ဖြည့်လိုက်တဲ့ အဖြူရောင် layer ရဲ့ opacity ကို 10% အထိလျှော့ချရပါမယ်။ Arial font ကိုယူပြီး Type Tool နဲ့ SPECIAL PACKAGE လို့ရေးပါမယ်။ Special ကိုတော့ Arial Black နဲ့ရေးပြီး package ကိုတော့ Arial Regular နဲ့ပဲရေးပါတယ်။ နှစ်ခုစလုံးရဲ့ font size ကတော့ 18 pt ပါ။ ပုံမှာပြထားတဲ့အတိုင်း ဖြစ်လာပါမယ်။
9
ပြီးရင် text layer တွေနဲ့ အဖြူဖြည့်ထားတဲ့ layer, package မျက်နှာစာအတွက် ခရမ်းပြာရောင်ဖြည့်ထားတဲ့ layer တွေ အားလုံးကို select ပေးပြီး Ctrl + G နှိပ်လိုက်ပါ။ Group တစ်ခုဖွဲ့လိုက်တာပါ။ အဲဒီ့ group ကို Package လို့နံမည်ပေးပြီး right click ထောက်ကာ Duplicate Group ကိုရွေးချယ်ကာ နောက်တစ်ခု ပွားယူလိုက်ပါ။ Group အဟောင်းကို ဘေးက မျက်စေ့ပုံလေး မှိတ်လိုက်ပြီး group အသစ်ကို ရွေးချယ်ကာ Ctrl + E ကိုနှိပ်ပါ။ Layer တစ်ခုအနေနဲ့ merge လုပ်လိုက်တာ ဖြစ်ပါတယ်။
10
Ctrl + T ကိုနှိပ်ပြီး Free Transform လုပ်ပါမယ်။ Ctrl ကိုဖိနှိပ်ထားပြီး ညာဘက်အောက်ဆုံးက အကွက်လေးကနေ အပေါ်ကို အနည်းငယ်တင်ပါမယ်။ ဆွဲတင်တဲ့ အချိန်မှာ ညီချင်ရင်တော့ Ctrl နဲ့အတူ Shift ကိုပါ တွဲနှိပ်ထားပါ။ ပြီးရင် ညာဘက်အပေါ်ကနေ အောက်ကို ပြန်ပြီးဆွဲချလိုက်ပါမယ်။ Ctrl ကိုလွှတ်လိုက်ပြီး ညာဘက်ဘေးကနေ ဘယ်ဘက်ကို အနည်းငယ် ချုံ့လိုက်ပါမယ်။
11
Rectangular Marquee Tool ကိုယူပါ။ Fixed Size ကို width 25 px, height 150px ဖြည့်လိုက်ပါ။ Canvas ပေါ် click ပြီး selection ရပြီးရင် layer အသစ်ခေါ်ပြီး #bac7ff color ကိုဖြည့်ပါ။ Gradient Overlay ကို အောက်မှာပြထားတဲ့အတိုင်းပေးပါ။
12
13
ပြီးရင် ခုနကအတိုင်းပဲ Ctrl + T နဲ့ Free Transform ကိုခေါ်ပြီး Ctrl + Shift ကိုနှိပ်ကာ အပေါ်နဲ့အောက်ဘက်ကို ချုံ့ပေးရပါမယ်။ လိုချင်တဲ့ပုံစံရပြီဆိုရင်တော့ Enter နှိပ်ပါ။
14
Pen Tool (Shortcut P) ကိုအသုံးပြုပြီးတော့ ပုံမှာပြထားတဲ့အတိုင်း လမ်းကြောင်းလေးတစ်ခု ဆွဲပါမယ်။ ဆွဲပြီးတာနဲ့ Ctrl + Enter နှိပ်ပြီး selection အဖြစ်ပြောင်းလဲပါ။ Layer အသစ်ယူပြီး အနက်ရောင်(#000000) ဖြည့်ပါမယ်။ အနက်ဖြည့်ထားတဲ့ layer ကို package ရဲ့အောက်ဘက်ကို ရောက်အောင်ရွှေ့ယူပါမယ်။
15
Filter/ Blur/ Gaussian Blur ကိုသွားပါ။ ပေါ်လာတဲ့ Gaussian Blur box ထဲမှာ Radius တန်ဖိုးကို 2 pixels ပေးလိုက်ပါ။ ပြီးရင် အဲဒီ့ layer ရဲ့ opacity တန်ဖိုးကို 60% ပေးလိုက်ပါ။ ပြီးရင် Move Tool (V) ကိုယူပြီး လိုချင်တဲ့ အနေအထားရောက်အောင် ရွှေ့ယူပါ့မယ်။ ညာဘက်ထောင့်က ထွက်နေတဲ့အစွန်းလေးကိုတော့ selection ပေးပြီး ဖျက်ချလိုက်ပါမယ်။ အခုဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ package ပုံစံလေးရရှိမှာဖြစ်ပါတယ်။
16
အလှဆင်တဲ့အနေနဲ့ 15% off ဆိုတာလေးကို ထည့်ကြည့်ပါမယ်။ pen tool ကိုအသုံးပြုပြီး ပုံမှာ ပြထားတဲ့အတိုင်း လမ်းကြောင်းလေးတွေ ဆွဲပါမယ်။ အနီရောင်ဖြည့်ပါမယ်။ ကြိုးပုံလေးဆွဲပြီး အညိုရောင်ဖြည့်ပါမယ်။ 15% off ဆိုတဲ့စာတန်းကို Ctrl + T ကိုအသုံးပြုပြီး စောင်းလိုက်ပါ။ နောက်ဆုံး Final result ကိုရရှိမှာဖြစ်ပါတယ်။
17
18
ဒီသင်ခန်းစာကို ပိုင်ပြီဆိုရင်တော့ အပေါ်ဆုံးမှာ ပြထားသလို ရောင်စုံဘူးခွံလေးတွေ ဆွဲလာနိုင်မှာဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *