Mobile, News, Review

OPPO A53 Electric Black (4GB/64GB) အကြောင်း

အောက်တိုဘာ(၆)ရက်နေ့မှစ၍ တစ်နိုင်ငံလုံးတွင် တရားဝင်ဖြန့်ဖြူးရောင်းချပေးသည့် OPPO ချစ်သူတွေ စောင့်မျှော်နေကြတဲ့ OPPO A53 ဖုန်းလေးကို ICT မှာ ဝယ်ယူနိုင်ပါပြီရှင်…. 🥳

ICT ကနေ 4GB/64GB ကို ရောင်းချပေးသွားမှာပါ။ OPPO A53 က 90Hz Neo-Display ပါဝင်လာလို့ refresh rate မြင့်တဲ့အတွက် Video ကြည့်တာ ဂိမ်းကစားတာတွေကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်မှာပါ။ ဖုန်းဒီဇိုင်းကလည်း 3D သက်တံ့လှိုင်းဒီဇိုင်းလေးဖြစ်တာကြောင့် သုံးမြှောင့်ဖန်တုံးက ဖြာထွက်လာတဲ့ ရောင်စဉ်တန်းတွေပမာ လှပနေမှာဖြစ်ပါတယ်။ Fancy Blue နဲ့ Electric Black အရောင် ၂ မျိုး ရနိုင်မှာပါ။

ပေါ့ပါးပြီး ပါးလွှာတဲ့ OPPO A53 ကို ကိုယ်တွယ်အသုံးပြုရလွယ်ကူအောင် ဒီဇိုင်းပုံဖော်ထားလို့ လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကြာရှည်ခံသော 5000mAh ဘက်ထရီလည်း ပါဝင်လို့ တစ်နေကုန် အဆင်ပြေပြေ အသုံးပြုနိုင်ပြီပေါ့။ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ 18W နဲ့ တွဲဖက်ပေးထားလို့ OPPO A53 ကိုအားသွင်းဖို့ အချိန်အများကြီး မလိုတော့ပါဘူးနော်။ ပါဝါတာရှည်ခံစေဖို့ အိပ်ချိန်မှာ ကွန်ယက်စနစ်ကို ပိတ်ထားပေးနိုင်တဲ့ Sleep Standby Optimization ကို ထည့်သွင်းပေးထားပါတယ်။ ဖုန်းအားလုံးဝ ပြတ်တောက်ခါနီးအချိန်မှာတောင် ဖုန်းကို ဆက်သုံးနိုင်မှာပါ။

စတူဒီယို စပီကာ ၂ ခု ပါ၀င်လို့ 3D အော်ဒီယို အရည်အသွေးကို ရရှိစေပါတယ်။ Dirac ကတဆင့် အလိုအလျောက် အော်ဒီယိုကို ချိန်ညှိပေးနိုင်တာကြောင့် အကောင်းဆုံးသော music အရည်အသွေးကို ခံစားရမှာပါ။

ကင်မရာ အနေနဲ့ 13MP ရှိ ပင်မကင်မရာ၊ 2MP ရှိ အကွာအဝေးကို ချိန်ဆရိုက်ယူနိုင်သော depth ကင်မရာနဲ့ 2MP မက်ခရိုမှန်ဘီလူး ပါဝင်တဲ့ ကင်မရာ စတဲ့ ကင်မရာ ၃ ခုရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပညာရှင်တစ်ဦးသဖွယ် အံ့မခန်း ဓါတ်ပုံများကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
အရောင်အသွေးကို ပိုမိုရွှန်းစိုစေတဲ့ Dazzle Color mode မှာ ပုံရိပ်တိုင်းက ရွှန်းစိုတောက်ပနေမှာ ဖြစ်ပါတယ်။

Color OS 7.2 က အသုံးပြုသူတစ်ဦးထက်ပိုတဲ့ အသုံးပြုခြင်း (Multi-user) လုပ်ဆောင်ချက်၊ လက်တစ်ဖက်တည်းဖြင့် အသုံးပြုနိုင်အောင် အိုင်ကွန်များကို ဆွဲချုံ့ပေးနိုင်တဲ့ Pull-down Gesture စတဲ့ လုပ်ဆောင်ချက်တွေက သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ အားလုံးကို ရိုးရှင်းလွယ်ကူစွာ လုပ်ဆောင်နိုင်အောင် အကူအညီပေးနိုင်မှာပါ။

ဒီလို စွမ်းဆောင်ရည်ကောင်းမွန်လှတဲ့ OPPO A53 လေးကို ဘယ်မှသွားဖို့ မလိုဘဲ အန္တရာယ်ကင်းကင်း ဈေးနှုန်း K239,900 ထဲနဲ့ အောက်က လင့်ခ်လေးတွေကို နှိပ်ပြီး ဝယ်ယူနိုင်ပါပြီ။

OPPO A53 Fancy Blue (4GB/64GB)

Leave a Reply

Your email address will not be published. Required fields are marked *