Archive, News, Web

“Web (Backend & Frontend) Development with Domain Driven Design Architecture” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Web Development နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာအိုင်တီ လူငယ်များနှင့် MCPA Member များအတွက် Web (Backend & Frontend) Development with Domain Driven Design Architecture သင်တန်းကို၂၀၁၆ ခုနှစ်၊ မတ်လ (၂၆) ရက်မှ ဇူလိုင်လ (၃) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

တိုးတက်ပြောင်းလဲလာမည့် တိုင်းပြည်နှင့်အတူ ထူးချွန်ကွန်ပျူတာပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် မိမိတတ်ကျွမ်းထားသည့် ပညာဖြင့် တစ်တပ်တစ်အား ပါဝင်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်သည်။ သင်တန်းတက်ရောက်ခြင်းအားဖြင့် အရည်အချင်းမှီ ကျွန်ပျူတာပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်မည်ဖြစ်ပြီး၊ အမေရိကန် ကုမ္ပဏီကြီးများတွင် လုပ်ဆောင်လေ့ရှိသော ဆော့ဝဲတည်ဆောက်ရန် ဖန်တီးမှုများကို လေ့လာရမည်ဖြစ်သည်။ အတတ်နိုင်ဆုံး အင်္ဂလိပ်လိုပြောဆိုပြီး သင်ကြားမည်ဖြစ်သဖြင့် ပြောဆိုဆက်ဆံရေးအရည်အချင်းပါ တစ်ပါတည်း တိုးတက်အောင် လေ့ကျင့်နိုင်မည်ဖြစ်သည်။ အမေရိကန်၊ ဂျပန်နှင့်စင်ကာပူနိုင်ငံတို့တွင် လုပ်ခဲ့သော အလုပ်အတွေ့အကြုံ များကို လေ့လာရပြီး ဘဝရည်မှန်းချက်ပန်းတိုင်များကို အတူတူဆွေးနွေးကာ အောင်မြင်ရန်လမ်းပြမှုများကိုလည်း ရရှိစေနိုင်မည်ဖြစ်သည်။

သင်တန်းအား တက်ရောက်သင့်သူများ

  • Understanding of computer science & architecture
  • Understanding of programming logic, discrete mathematics & has critical thinking
  • Basic programming & OOP skill
  • Basic Database, Basic Networking
  • Basic Software/Web/Window Development

သင်တန်းတွင် သင်ကြားမည့် အကြောင်းအရာများ

  • MVC(C#)
  • jQuery
  • AngularJS
  • Domain-Driven Design

Note:
All the students will have to develop a project as a team.

Technologies:
IIS Web Server 7.5, SQL Server 2014, Visual Studio 2013, .Net Framework 4.5, Entity Framework 6.0, MVC, C#, Razor script, jQuery AJAX, JSON, XML,AngularJS. Detail course and exercises will be provided during the training.

သင်တန်းကာလ – ၂၀၁၆ ခုနှစ်၊ မတ်လ (၂၆) ရက် မှ ဇူလိုင်လ (၃) ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန် – နံနက် ဝ၉:ဝ၀ နာရီ မှ နေ့လည် ၁၂:ဝ၀ နာရီအထိ
သင်တန်းကြေး – ၃၀ဝ,ဝ၀ဝိ/ (သုံးသိန်းကျပ်တိတိ)
MCPA Member (50%) – ၁၅၀,ဝ၀ဝ (တစ်သိန်းငါးသောင်းကျပ်တိတိ)
သင်တန်းသားဦးရေ – (၂၀) ဦး
သင်တန်းနေရာ – အဆောင် (၉)၊ မြေညီထပ်၊ MCPA ICT Lab၊ MICT Park၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့်၂၀၁၆ ခုနှစ်၊ မတ်လ (၂၅) ရက် နေ့လည် (၂) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝသို့ စုံစမ်းမေးမြန်း နိုင်ပါသည်။
(မှတ်ချက်။ အတန်းတက်ချိန် ၇၅% မပြည့်ပါကသင်တန်းဆင်းလက်မှတ်ပေးအပ်မည်မဟုတ်ပါ။)

Leave a Reply

Your email address will not be published. Required fields are marked *