Archive, News

“Linux Fundamental to Professionals” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ IT နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Linux Fundamental to Professionals သင်တန်းကို ၂၀၁၆ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းအား အခြေခံမှစတင်သင်ကြားပေးမည်ဖြစ်သဖြင့် Linux အခြေခံ သိထားသူများနှင့် အခြေခံမရှိသူများပါ တက်ရောက်နိုင်မည် ဖြစ်သည်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ၊ မြန်မာနိုင်ငံအခြေစိုက် ပြည်ပကုမ္ပဏီများတွင် Network Administrator အဖြစ်အလုပ်လုပ်လိုသူများ၊ IT ကျောင်းသူ ကျောင်းသားများ အထူးတက်ရောက်သင့်ပါသည်။

သင်တန်းတက်ရောက်ခြင်းအားဖြင့် Linux Platform အား Basic မှ စတင်ပြီး Professional တစ်ယောက်ဖြစ်သည်အထိ သင်ကြားလေ့လာရမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက Linux Administrator တစ်ယောက်အဖြစ် ရပ်တည်နိုင်မည် ဖြစ်ပြီး Linux Server ပိုင်းအား ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်မည်ဖြစ်သည်။ Linux Command Lines များအား ပိုင်နိုင်စွာ အသုံးပြုနိုင်ပြီး Script များအား ကိုယ်တိုင်ရေးသားနိုင်သည်အထိ သင်ကြားပေးနိုင်မည်ဖြစ်သည်။ Linux System ပိုင်းသာမက Programming အခြေခံနှင့် MySQL Database တို့ပါ သင်ကြားပေးမည်ဖြစ်သဖြင့် အထူးတက်ရောက်သင့်ပါသည်။ သင်တန်းတွင် CentOS နှင့် Kali Linux ကို အခြေခံပြီး သင်ကြားပေးမည်ဖြစ်သည်။

ပါဝင်မည့် အကြောင်းအရာများ…..

  • Linux System Architecture
  • Linux Installation and Package Management
  • GNU and Unix Commands
  • Devices, Linux File systems, File system Hierarchy Standard
  • Shells, Scripting and Data Management
  • Interfaces and Desktops
  • Administrative Tasks, MySQL Basic
  • Essential System Services
  • Networking Fundamentals
  • Server Installation (Web, Mail, DNS, DHCP, Samba, Print, Failover, Load balancing)
  • Security (Snort, Suricata)….. အစရှိသည်တို့ကိုစာတွေ့လက်တွေ့ သင်ကြားလေ့လာရမည် ဖြစ်သည်။

သင်တန်းတက်ရောက်ပြီးဆုံးပါက နိုင်ငံတကာ အသိအမှတ်ပြု CompTIA Linux +, LPI, Novel Linux Exam များကို ကိုယ်တိုင်ဆက်လက်လေ့လာနိုင်မည်ဖြစ်သည်။

သင်တန်းကာလ – ၂၀၁၆ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့မှ ဇွန်လ (၁၉) ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန် – နံနက် ၁၀:ဝ၀ နာရီ မှ ၁၂:ဝ၀ နာရီအထိ
သင်တန်းကြေး – ၃၀ဝ,ဝ၀ဝိ/ (သုံးသိန်းကျပ်)
MCPA Member (50%) – ၁၅၀,ဝ၀ဝ (တစ်သိန်းငါးသောင်းကျပ်)
သင်တန်းသားဦးရေ – (၁၅) ဦး
သင်တန်းနေရာ – အဆောင် (၁၄)၊ (၃) လွှာ၊ MCPA LAB ROOM (2), MICT Park၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၆ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့ ညနေ (၃) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
(မှတ်ချက်။ အတန်းတက်ချိန် ၇၅% မပြည့်ပါကသင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ။)

Leave a Reply

Your email address will not be published. Required fields are marked *