Archive, News

MYEA အသင်းသားများနေ့နှင့် ဟောပြောဆွေးနွေးပွဲ ပြုလုပ်ကျင်းပမည်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏အသင်းသားများနေ့(Member’s Day) အခမ်းအနားကို မင်္ဂလာခန်းမ၊ ပထမထပ်၊ ကုန်သည်စက်မှုအသင်းချုပ် ( UMFCCI ) တွင် အသင်းသားများ အချင်းချင်းရင်းနှီးနွေးထွေးစွာ ဆွေးနွေးနိုင်ရန်အတွက် အခမ်းအနားပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းပွဲတွင် ပါမောက္ခ ဒေါက်တာဦးအောင်ထွန်းသက်မှလည်း “Corporate Governance for Family Businesses” ခေါင်းစဉ်အမည်ဖြင့် ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျင်းပမည့်ရက်မှာ ၂၀၁၆ ခုနှစ်၊ မတ်လ (၁၉)ရက် (စနေနေ့) ဖြစ်ပြီး နေ့လည် (၂:ဝ၀)နာရီ မှ (၄:ဝ၀) နာရီအထိ မင်္ဂလာခန်းမ၊ ပထမထပ်၊ ကုန်သည်စက်မှုအသင်းချုပ် ( UMFCCI ) တွင် ပြုလုပ်သွားမည်ဖြစ်သည်။

အသေးစိတ် သိရှိလိုသည်များကို MYEA Member’s Day and Seminar ၏ facebook event page တွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။
For more info, please visit the event page – https://www.facebook.com/events/1557101324619414/

Leave a Reply

Your email address will not be published. Required fields are marked *