Archive, News

ဘာကလေပရီးမီးယားလိဂ်ကလပ်ကြောင့် မြန်မာတို့၏ Premier Skills ခြေစွမ်းပြခွင့်ရခဲ့ပြီ

ကမ္ဘာ့ဘောလုံးမိသားစုအသွင် လှုပ်ရှားဆောင်ရွက်မှုတစ်ခု၏ နောက်ဆုံးအဆင့်ကိုဦးဆောင်မှုပြုရန် ဆန်းဒါးလန်းဘောလုံးကလပ်သည် မြန်မာနိုင်ငံသို့မိုင်ပေါင်း ၅,၅၀ဝ ကျော်ခရီးနှင်ကာ ရောက်ရှိလာခဲ့ပါသည်။

ကမ္ဘာတစ်ဝှမ်းရှိအခြေခံအလွှာ ဘောလုံးနည်းပြများအား မိမိရပ်ရွာဒေသတွင်းတွင်ဘောလုံးအားကစားပွဲများ၊ မိမိမိမိကိုယ်ပိုင်နည်းပြခြင်းပရောဂျက်များ စီမံဆောင်ရွက်ရာတွင် လိုအပ်သည့်စွမ်းရည်များနှင့်ယုံကြည်မှုရရှိစေရန်လေ့ကျင့်သင်ကြားပေးလျှက်ရှိသည့် ပရီးမီးယားစွမ်းရည် Premier Skills ဟုခေါ်သော ဤလှုပ်ရှားမှု၏ နောက်ဆုံးအဆင့်တွင်မြန်မာပြည်နည်းပြ ၁၁ ဦးတို့မှာ ပြည့်စုံကျွမ်းကျင်သော နည်းပြပညာရေးမှုးများ ဖြစ်လာကြတော့မည်ဖြစ်ပါသည်။

ဆန်းဒါးလန်း ဘောလုံးကလပ်၏ နိုင်ငံတကာ ဘောလုံးဖွံ့ဖြိုးရေး ဦးဆောင်အရာရှိဖြစ်သူ Graham Robinson သည် ဗြိတိသျှကောင်စီနှင့်ပရီးမီးယားလိဂ်တို့မှ ပူးပေါင်းပြီးလုပ်ဆောင်သည့် အလားအလာရှိသောနည်းပြများအတွက် လေ့ကျင့်သင်ကြားရေးအစီအစဉ်၏ အပိုင်း ၃၊ အဆင့်၃ ကိုဦးဆောင်ပို့ချခဲ့ပါသည်။

Graham က၎င်းသည် Premier Skills အစီအစဉ်ကို နိုင်ငံပေါင်းမြောက်များစွာတွင်လုပ်ကိုင်ခဲ့ပြီး အခေါက်တိုင်းတွင်လည်းသင်တန်းများမှာ တစ်ခုနှင့်တစ်ခုကွဲပြားစုံလင်လှကြောင်း၊ မြန်မာနိုင်ငံသို့ရောက်ပြီး ရက်အနည်းငယ်အတွင်းမှာပင် ခံစားမိသည့်အကြီးမားဆုံးသောကြည်နူးမှုမှာ မိမိတို့၏ဒေသလူ့အဖွဲ့အစည်းအတွင်း ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းသားနည်းပြများ၏စိတ်အားထက်သန်မှုဖြစ်ကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍၎င်းက သင်တန်းအစီအစဉ်၏ နောက်ဆုံးအဆင့်အနေဖြင့်နည်းပြပညာရေးမှုး သင်တန်းသားများအား အဆင့် ၁ နှင့် ၂ တို့တွင် ၎င်းတို့သင်ယူလေ့လာခဲ့ပြီးသမျှသော ပညာများကို ပြန်လည်အသုံးချစေကာ နောက်အစီအစဉ်တွင်ပါဝင်တက်ရောက်သည့်သင်တန်းသားအသစ် ၃၁ ဦးအား စာတွေ့နှင့်လက်တွေ့သင်ခန်းစာ မြောက်များစွာကို ပို့ချစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနည်းပြပညာရေးမှုးများ၏ သင်ခန်းစာရေးဆွဲခြင်းနှင့် ပြင်ဆင်ခြင်းများတွင် အမှားအယွင်းကင်းရှင်းကြောင်းနှင့် ၎င်းတို့ပို့ချသောသင်ခန်းစာအစီအစဉ်များမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှပြီး စံချိန်စံနှုန်းမြင့်မားကြောင်း ပြောကြားခဲ့ပါသည်။

မိမိတို့ကလပ်တည်ရှိရာ ဒေသလူ့အဖွဲ့အစည်းအား ကောင်းကျိုးပြုခြင်းနှင့် ပြန်လည်ပေးဆပ်ခြင်းတို့မှာ ဆန်းဒါးလန်းကလပ်အသင်း၏အရေးကြီးဆုံးသော အလေးထားမှုပင်ဖြစ်ကြောင်းနှင့် ဂုဏ်အယူရဆုံးသော အရာလည်းဖြစ်ကြောင်း၊ ဒေသလူ့အဖွဲ့အစည်းနှင့်ပညာရေးအစီအစဉ်များတွင် ရင်းနှီးမြှုတ်နှံခြင်းအတွက် မိမိတို့ထံတွင် ရေရှည်ကတိကဝတ်များနှင့် ဂုဏ်သိက္ခာကျော်စောမှုရှိထားကြောင်းနှင့် ပရီးမီးယားစွမ်းရည်ပရောဂျက်နှင့်ပူးတွဲလုပ်ကိုင်ရခြင်းကိုများစွာ ဂုဏ်ယူကြောင်းလည်း ပြောကြားခဲ့ပါသည်။

ဆန်းဒါးလန်းဘောလုံးကလပ်အသင်းသည် အာရှတိုက်တစ်ခွင်တွင်ခိုင်မာသော ချိတ်ဆက်မှုများကိုတည်ဆောက်ထားပြီးပြီးခဲ့သောနှစ်များအတွင်း နာမည်ကျော်ဘာကလေအာရှဖလားလုပွဲ အဖြစ်တောင်ကိုးရီးယားနှင့်ဟောင်ကောင်တို့တွင် ရာသီအကြိုခြေစမ်းပွဲများကဲ့သို့သော အဆင့်မြင့်လှုပ်ရှားမှုများမှတဆင့်ကလပ်အားပေးသူပရိဿတ်များလည်း တိုးပွားလာခဲ့ပါသည်။

ကလပ်မှ မကြာသေးခင်က ၎င်း၏ တရုတ်ဘာသာဝဘ်ဆိုဒ်အသစ် http://cn.safc.com ကို အဓိကပါတနာဖြစ်သူDafabet နှင့်ပူးတွဲ၍ လွှင့်တင်ခဲ့ပြီး ၎င်း၀က်ဆိုဒ်တွင် အာရှအားကစားဝါသနာရှင်ပရိဿတ်များအား ကလပ်နှင့်အလွယ်တစ်ကူချိတ်ဆက်နိုင်ရန် လုပ်ဆောင်ချက်များအပြင် အဖွဲ့ဝင်များအား နောက်ဆုံးရကလပ်သတင်းများ၊ ကစားသမားများနှင့်အင်တာဗျုးများ၊ တရားဝင် YouKu ချယ်နယ်မှထုတ်လွှင့်သည့် ကန့်လန့်ကာနောက်ကွယ်မှ ဓါတ်ပုံများနှင့်ဗွီဒီယိုများကိုလည်း တင်ပေးထားပါသည်။ ဆန်းဒါးလန်း ကလပ်အသင်းနှင့်၎င်း၏ ကမ္ဘာတစ်ဝှမ်း လှုပ်ရှားမှုများ နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက www.safc.comတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *