Business, Featured, Lifestyle, News, Review

Ooredooက စွန့်ဦးတီထွင် အိုင်တီ ပညာရှင်များကို ကျပ်သိန်းတစ်ထောင်စီ ထောက်ပံ့မည်

Ooredooက စွန့်ဦးတီထွင် အိုင်တီ ပညာရှင်များကို ကျပ်သိန်းတစ်ထောင်စီ ထောက်ပံ့မည်

Ooredooက လုပ်ငန်းသစ်များ ပျိုးထောင်ပေးရန် စွန့်ဦးတီထွင် ITပညာရှင်များအား ကျပ်သိန်းတစ်ထောင်စီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်သည်။ IT နှင့်ပတ်သက်သော ပြည်သူများ အကျိုးရှိစေမည့် ဆန်းသစ်တီထွင်မှုများ ပြုလုပ်နိုင်မည့် သူများအား ငွေကြေးထောက်ပံ့ရုံသာမက အထောက်အကူပြု ပစ္စည်းများ၊ နည်းပညာ သင်ကြားပေးမှုများနှင့် ရုံးခန်း စသည်တို့ကို ကူညီထောက်ပံ့မည်ဖြစ်ကြောင်း Ooredoo မြန်မာမှ သိရသည်။ “ကျွန်တော်တို့ လုပ်ငန်း ဆောင်ရွက်နေတဲ့ ဒေသတိုင်းမှာ နယ်မြေခံ စွန့်ဦးတီထွင်သူတွေဟာ ထူးခြားဆန်းသစ်တဲ့ ICTလုပ်ငန်းနဲ့ မိုဘိုင်း Applicationတွေ ဖန်တီးနေကြတယ်။ ဒါပေမဲ့ သူတို့မှာ စျေးကွက်ထဲထိ ရောက်အောင် ဒါမှမဟုတ် ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်ဘူး။ ဒါကြောင့် IT ပညာရှင် အသစ်တွေ ပြုစုပျိုးထောင်ပေးခြင်း ဖြစ်တယ်” ဟု Ooredoo မြန်မာ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack ကပြောသည်။

ကူညီမှုများအတွက် Ooredoo၏ ထောက်ပံ့မှုဖြင့် ဖွဲ့စည်းထားသော Idea Boxအဖွဲ့မှ ကူညီမည်ဖြစ်ပြီး ယင်းအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် 3Gကွန်ရက် ထိုးဖောက်မှုမှနေ၍ အကျိုးအမြတ်များ ရယူနိုင်ရန် ဖြစ်သည်။ ထောက်ပံ့ပေးမည့် အကူအညီများကို လေးလမှ ခြောက်လအတွင်း ဖြည့်ဆည်း ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ထောက်ပံရာတွင် IT ပညာရှင်တစ်ဦးလျှင် ကျပ်သိန်းတစ်ထောင် ထောက်ပံ့မည် ဖြစ်ပြီး လူဦးရေကိုမူ လျှောက်လွှာ အပေါ်မူတည်၍ ရွေးချယ် ကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနိုင်ငံမှာ တကယ်တော်တဲ့လူတွေ အများကြီး ရှိပါတယ်။ အခုလို ထောက်ပံ့မှုတွေ ရှိလာတဲ့အခါ လူငယ်တွေအနေနဲ့လည်း အမှန်တကယ် အသုံးချဖို့ လိုအပ်သလို အရည်အချင်းရှိတဲ့ သူတွေကြောင့် ကိုယ့်နိုင်ငံက မိုဘိုင်းကဏ္ဍအတွက် အများကြီး အထောက်အကူ ပေးနိုင်မှာပါ”ဟု မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာထွန်းသူရသက်က ပြောသည်။ အဆိုပါ ထောက်ပံ့မှုများဖြင့် လုပ်ငန်းဆောင်ရွက်မည့် လူငယ်များ အနေဖြင့် www.ideabox.com.mm မှတစ်ဆင့် လျှောက်ထားနိုင်ပြီး၊ လျှောက်လွှာ ပိတ်ရက်မှာ ဇွန်လ (၁၃) ရက်နေ့ဖြစ်သည်။ ရွေးချယ်ခံရသူများအား ဇွန်လ (၂၇) ရက်နေ့တွင် ထုတ်ပြန် ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *