News

နိုဝင်ဘာလတွင် ထွက်ရှိလာတော့မည့် OnePlus X

တရုတ်နိုင်ငံအခြေစိုက် OnePlus ကုမ္ပဏီကနေပြီးတော့ အရည်အသွေးမြင့်၊ တန်ဖိုးမြင့် OnePlus 2 ကို ထုတ်လုပ်ပြီး ၂ လ အကြာမှာပဲ ပိုပြီးအရွယ်အစားသေးငယ်၊ ဈေးလျော့တဲ့ OnePlus X ကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။

မျက်နှာပြင်အရွယ်အစား ၅.၅ လက်မရှိပြီး resolution က 1920×1080 ရှိမှာဖြစ်ပါတယ်။ ထူးခြားတာကတော့ notification သံတွေကို ဖျောက်ထားနိုင်တဲ့ ခလုတ်တစ်ခုပါဝင်လာတာဖြစ်ပါတယ်။

Hardware ပိုင်းအရကြည့်မယ်ဆိုရင်တော့ quad-core 2.3GHz Qualcomm Snapdragon 801 processor ကို အသုံးပြုထားတာတွေ့ရပါတယ်။ ဒါက OnePlus 2 က ဟာလောက်မကောင်းဘူးဆိုပေမယ့် အဆင်ပြေပြေအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီဖုန်းမှာလည်း OnePlus 2 လိုပဲ dual-SIM ဖြစ်ပါတယ်။ ထူးခြားတာကတော့ storage ကို microSD ကဒ်နဲ့ 128 GB အထိတိုးမြှင့်နိုင်ခြင်းဖြစ်ပါတယ်။ ဖုန်းကတော့ 16GB ပါဝင်ပြီးသားပါ။

Memory အနေနဲ့ဆိုရင် OnePlus X မှာ 3GB ပါဝင်တယ်လို့ သိရပါတယ်။ ကင်မရာက နောက်ကင်မရာ 13 megapixel ဖြစ်ပြီး ရှေ့ကင်မရာက 7.6 megapixel ဖြစ်ပါတယ်။ နောက်ကင်မရာကနေ 1080p အရည်အသွေးရှိတဲ့ HD ဗီဒီယိုတွေရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ဆိုရင်တော့ ဖြုတ်တပ်လို့မရတဲ့ 2525mAh ပါဝင်မှာဖြစ်ပါတယ်။

OnePlus Xကို နိုဝင်ဘာ ၁၉ ရက်မှာ အမေရိကန်မှာ ၂၄၉ ဒေါ်လာနဲ့ စတင်ဖြန့်ချိမှာဖြစ်ပြီး ဗြိတိန်မှာတော့ နိုဝင်ဘာ ၅ ရက်ကတည်းက ၂၆၉ ယူရိုနဲ့ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။ ဒီဖုန်းကလည်း ထုံးစံအတိုင်းပဲ invite-only နဲ့သာဝယ်ယူနိုင်မှာ ဖြစ်ပေမယ့် ကုမ္ပဏီကနေ အလွတ်ရောင်းချဖို့ကိုလည်း စဉ်းစားနေပြီလို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *