News

အိုဘားမားရဲ့ Facebook

အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ ၎င်းအနေနဲ့ POTUS လို့အမည်ရတဲ့ Facebook Page တစ်ခုပြုလုပ်ထားကြောင်း ကြေညာခဲ့ပြီး ယင်း page မှတစ်ဆင့် နိုင်ငံမှ ကြုံတွေ့နေရတဲ့ ပြဿနာများကို နှီးနှောဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ယင်း Page မှတစ်ဆင့် အပျော်သက်သက် share လုပ်နိုင်မယ့် post များလည်း တင်သွားမယ်လို့ ဆိုပါတယ်။

အိုဘားမားရဲ့ ပထမဆုံး post ဖြစ်တဲ့ Hello, Facebook! post မှာ ၎င်းက အိမ်ဖြူတော်အတွင်း စကားပြောနေသော ဗီဒီယိုကို Share ခဲ့ပြီး ကမ္ဘာ့လေထုညစ်ညမ်းမှုဆိုင်ရာ ပြဿနာများဖြေရှင်းရန် Paris မြို့သို့ သွားရောက်မယ့် အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

၎င်းမှ Facebook Page ဖွင့်ပြီး သုံးနာရီခန့်အကြာမှာပဲ Like ပေါင်း 147,231 တက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ၂ သိန်းကျော်သွားခဲ့တယ်လို့ သိရပါတယ်။

ယင်း Facebook Page ဟာ အိုဘားမား အုပ်ချုပ်ရေးရဲ့လူမှုကွန်ယက် လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ သမ္မတအိုဘားမားဟာ Twitter မှာလည်း @POTUS ဆိုတဲ့ အကောင့်ပြုလုပ်ထားခဲ့ပြီး follower ပေါင်း ၁ သန်းကျော်ရှိကာ follower ပေါင်းများစွာ အမြန်ဆုံးရရှိတဲ့ အကောင့်လည်း ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းကလည်း သမ္မတဟာ Twitter နဲ့ Instagram မှာ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေတင်ခဲ့ပြီး Alaska မြို့က ရာသီဥတု ပြောင်းလဲခြင်းအကျိုးဆက်အတွက် အိမ်ဖြူတော်ရဲ့ Facebook Page မှာ ဆွေးနွေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *