News

Apple Music အား Android တွင် ရရှိတော့မည်

Apple ကနေမကြာသေးခင်က iPhone၊ iPad များတွင် စတင်ထုတ်လုပ်ခဲ့တဲ့ အွန်လိုင်းသီချင်းဝန်ဆောင်မှုဖြစ်တဲ့ Apple Music ကို Android ပေါ်မှာလည်း ထုတ်လုပ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

Apple ဟာ Android အတွက် Apple Music ကို နိုဝင်ဘာ ၁၀ ရက်က စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ “Apple Music ကို အားလုံးအသုံးပြုစေချင်တာ ကျွန်တော်တို့ ရည်မှန်းချက်ပါ”လို့ Apple ရဲ့ Internet software and services က ဒုဥက္ကဌ Eddy Cue က ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီဟာ Beats Electronics ကို ဒေါ်လာ ၃ ဘီလီယံနဲ့ ဝယ်ယူပြီးနောက်ပိုင်း အွန်လိုင်း သီချင်းဝန်ဆောင်မှုကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဇွန်လအတွင်း Apple Music စတင်ခဲ့ပြီးနောက် ဝန်ဆောင်မှုကို အခပေးပြီး အသုံးပြုသူ ၆.၅ သန်းရှိခဲ့တယ်လို့ သိရပြီး ယခင်လက အခမဲ့ စမ်းသပ်ကာလ ရက် ၉၀ ကို အသုံးပြုသူ ၈.၅ သန်းရှိခဲ့တယ်လို့ Apple ရဲ့ CEO ဖြစ်သူ Tim Cook ကဆိုပါတယ်။

Apple Music အတွင်း သီချင်းပေါင်း သန်းပေါင်းများစွာကို တစ်လလျှင် ၁၀ ဒေါ်လာပေးပြီး နားဆင်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *