စမတ်ဖုန်းတွေ အစဉ်တစိုက်ထုတ်လုပ် ခဲ့တဲ့ Nokiaအနေနဲ့ ထူးခြားစွာပဲ ၀င်းဒိုးစနစ်သုံး Tabletတစ်မျိုးကို လာမယ့်စက်တင်ဘာ (ရှေ့လ)ထဲမှာ ပွဲထုတ်မယ်လို့ သတင်းရရှိပါတယ်။ Nokiaနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ပြောကြားချက်အရ Nokiaဟာ ရှေ့လထဲမှာ ၎င်းတို့ရဲ့ Windows RT Tabletအသစ်ကို နယူးယောက်မြို့မှာ ပွဲထုတ်မယ်လို့ ဆိုပါတယ်။ အဆိုပါပွဲအတွက် Developerတွေကို စုစည်းဖိတ်ခေါ်ထားပြီး စက်တင်ဘာ ၂၆ရက်နေ့မှာ ကျင်းပနိုင်ဖွယ် ရှိပါတယ်။ Qualcomm’s Quad-Core Snapdragon 800 Processor အသုံးပြုထားပြီး LTEစနစ်လည်း ပါ၀င်ကာ အမေရိကရှိ AT&T Telecomအတွက် အသုံးပြုလို့ရအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
အဆိုပါ ဓာတ်ပုံတွေဟာ တရုတ်နိုင်ငံ Websiteတစ်ခုကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး ကျောဘက်မှာ အနီရောင်နဲ့ Nokia, Windows RT, Verizonစတဲ့ Logoတွေလည်း ပါ၀င်တယ်လို့ သိရှိရပါတယ်။ အဆိုပါ Logoတွေဟာ Nokiaက ထုတ်လုပ်ဖို့ Cancelလုပ်ခဲ့တဲ့ Nividia-powered Tabletမှာ ပါ၀င်ခဲ့တဲ့ Logoတွေပဲ ဖြစ်ပြီး အဲဒီတုန်းက Tabletကို Batteryပါ တစ်ပါတည်း တပ်ဆင်ထားတဲ့ Keyboard Coverနဲ့ ဖန်တီးသွားမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် အခုထွက်ရှိလာမယ့် Windows RT Tabletမှာတော့ အဲဒီလို Coverပါမလား ဆိုတာ မသေချာသေးပါဘူး။ ကျွန်တော်တို့ မြန်မာအိုင်စီတီ အနေနဲ့ နောက်လထဲမှာ ကျင်းပမယ့် Nokiaရဲ့ ၀င်းဒိုးTablet အသစ် မိတ်ဆက်ပွဲ အကြောင်းကိုလည်း အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ပုံပါအတိုင်းဆိုရင်အရမ်းမိုက်…
SMARTကာဗာ ဘယ်လိုလုပ်မလဲဆိုတာပဲ????