News

Nokiaရဲ့ ၆လက်မအရွယ် Displayနဲ့ ၀င်းဒိုးဖုန်းအသစ်

Nokiaအနေနဲ့ ယခုနှစ်နှောင်းပိုင်းမှာ မျက်နှာပြင်ကြီးမားတဲ့ ၀င်းဒိုးဖုန်းအသစ် တစ်မျိုး ဖြန့်ချိဖို့ ပြင်ဆင်နေတယ်လို့ နိုကီယာနဲ့ ရင်းနှီးတဲ့ အသိုင်းအ၀ိုင်းကနေ သတင်းရရှိပါတယ်။ စကရင် ကြီးကြီးတွေ ခေတ်စားနေတဲ့ အချိန်မှာ နိုကီယာဟာလည်း မျက်နှာပြင်အကျယ် ၆လက်မနဲ့ နောက်ဆုံးပေါ် Windows OSဗားရှင်းကို သုံးပြီး ဒီစမတ်ဖုန်းကို ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ “Bandit”လို့ ယာယီ အမည်၀ှက်ပေးထားပြီး 1080p ရုပ်ထွက်အရည်အသွေးရှိ Displayနဲ့ Qualcomm Snapdragon Quad-Core Processorပါ၀င် မယ်လို့လည်း ဆိုထားပါတယ်။ ဒီBanditဖုန်းဟာ 1080p အရည်အသွေးရှိ မျက်နှာပြင်ကျယ် ပထမဆုံး ၀င်းဒိုးဖုန်း ဖြစ်လာနိုင်ဖွယ်ရှိနေပြီး ၎င်းမှာ ပါ၀င်လာမယ့် ကင်မရာဟာဆိုရင်လည်း 20-megapixelsအရည်အသွေး ရှိတဲ့အပြင် ပါးလွှာပြီးပေါ့ပါးတဲ့ Poly Carbonateနဲ့ ကိုယ်ထည်ကို ဖန်တီးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Microsoftအနေနဲ့လည်း Banditလိုမျိုး Deviceအသစ်တွေအတွက် Windows OSကို ပိုမို တိုးတက်ကောင်းမွန်အောင် ဖန်တီးလျက်ရှိပါတယ်။ အခု နောက်ဆုံးထွက်ရှိထားတဲ့ မိုဘိုင်းသုံး ၀င်းဒိုးဗားရှင်းမှာ ဆိုရင် Rotation Lock, Driving Mode Optionနဲ့ UI(User Interface)ပြောင်းလဲမှု အချို့ပြုလုပ်ခဲ့ပါတယ်။ အမေရိကမှာတော့ Nokiaရဲ့ အဆိုပါ မျက်နှာပြင်ကျယ် Windows OSသုံးစမတ်ဖုန်း ကိုဒီနှစ်ကုန်မှာ မိတ်ဆက်ပွဲထုတ် သွားနိုင်ဖွယ် ရှိနေပါတယ်။

2 thoughts on “Nokiaရဲ့ ၆လက်မအရွယ် Displayနဲ့ ၀င်းဒိုးဖုန်းအသစ်

  1. Soeoo Htun says:

    NOKIA ပဲဝယ်ကိုင်တော့မယ်

  2. Soeoo Htun says:

    THANK U

Leave a Reply

Your email address will not be published. Required fields are marked *