News, Review

Logo design ပြောင်းလဲလိုက်တဲ့ Nokia

၂၀၂၀ ခုနှစ်မှာ Nokia ရဲ့ CEO ဖြစ်လာတဲ့ Pekka Lundmark ဟာ နည်းဗျူဟာအသစ်တွေနဲ့
ခေတ်သစ် Nokia အတွက် Logo design ကိုပါ ပြောင်းလဲလိုက်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးပြောင်းလဲမှုပါ၊
Lundmark ဟာ COE အဖြစ်တာဝန်ယူချိန်ကစပြီး Reset, Acclerate and Scale ဆိုပြီး stage ၃ ဆင့်ထားကာ company ကို ပြောင်းလဲဖို့လုပ်ဆောင်ခဲ့ပြီး အခု strategy နဲ့ logo အပြောင်းလဲကတော့ ပထမဆုံးပြောင်းလဲမှုအဆင့်ဖြစ်ပါတယ်။
Logo အသစ်မှာ Nokia ဆိုတဲ့ စာလုံးငါးလုံးကို မတူညီ shaped ပုံစံနဲ့တစ်မျိုးစီနဲ့ မြင်တွေ့ရပြီး အရင်မူလက်ဟောင်း အပြာရောင်လိုဂိုလေးကိုတော့ ဖြုတ်ချထားခဲ့ပါပြီ။
Lundmark ဟာ Nokia ကို Smartphone ဈေးကွက်တစ်ခုတည်းမှာတင် ရပ်မနေတော့ပဲ telecom equipment တွေဘက်ကိုပါ ခြေဆန့်လာခဲ့ပြီး Nokia ဟာ smartphone company သီးသန့်မဟုတ်တော့ပဲ business technology company တစ်ခုအဖြစ် ရှေ့ဆက်သွားမယ်လို့ Lundmark က ပြောကြားခဲ့ပါတယ်။
ကဲ ICT ပရိတ်သတ်တို့‌ရေ၊ တစ်ချိန်တုန်းက mobilephone လောကမှာ အကြီးကျယ်အောင်မြင်မှုရရှိခဲ့တဲ့ Nokia ဟာ မကြာခင် နည်းဗျူဟာအသစ် နည်းပညာအသစ်တွေနဲ့ Tech လောကထဲကို ပြန်လည်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ ပရိတ်သတ်တို့ရော အရင် logo အဟောင်းနဲ့ အခု logo အသစ် ဘယ်ဟာကို ပိုသဘောကျလည်းဆိုတာကို comment ထဲမှာ ဆွေးနွေးပေးခဲ့ကြပါအုံးဗျ။
Photo : Nokia

Leave a Reply

Your email address will not be published. Required fields are marked *